ပြည်ခိုင်ဖြိုးအသင်းကြီးမှ ပြည်ခိုင်ဖြိုးပါတီသို့၂၁ နှစ်ခရီးစဉ်တစ်လျှောက် အမျိုးသားနိုင်ငံရေးအလံလွှင့်ထူဆဲ ပါတီတွင်းဒီမိုကရေစီရှင်သန်ဆဲ
မြန်မာနိုင်ငံသည် ကိုယ့်ထီးကိုယ့်နန်းကိုယ့် ကြငှန်းဖြင့် ဝင့်ဝင့်ထည်ထည် သမိုင်းထွန်းပြောင် ခဲ့သည်။ မြန်မာတို့သည် ခရုဆန်လွတ်၊ ငှက် တောင်ကျွတ်ပမာ တိုင်းတစ်ပါးသားနယ်ချဲ့ လက် အောက်သို့ ကျွန်သပေါက်အဖြစ် ကျရောက်ခဲ့ သည်။ မြန်မာတို့သည် အင်္ဂလိပ်နယ်ချဲ့နှင့် ဂျပန် ဖက်ဆစ်နယ်ချဲ့တို့လက်အောက်မှ လွတ်မြောက် ကာ အချုပ်အခြာအာဏာပိုင် လွတ်လပ်သော ပြည် ထောင်စုကြီးကို ထူထောင်ခဲ့သည်။ မြန်မာတို့ သည် လွတ်လပ်ရေးရစမှာပင် အာဏာရရှိရေး အတွက် ဝါဒကွဲ၊ လက်ဝဲ၊ လက်ယာသူပုန်မျိုးစုံ ထကြသဖြင့် ပြည်တွင်းစစ်မီးတောက်လောင် သည့်ဒဏ်ခံရသည်။
မြန်မာတို့သည် ၁၉၄၈-၄၉-၅ဝ ပြည့်နှစ် များက လွတ်လပ်ရေးပြန်လည်ဆုံးရှုံးလုလု၊ ပြည်ထောင်စုပြိုကွဲလုလုဖြစ်ခဲ့ရသည်။ မြန်မာတို့ သည် ရေကောင်း၊ မြေကောင်း၊ မြေပေါ်မြေ အောက်၊ ရေပေါ်ရေအောက် သယံဇာတကောင်း များ ပြည့်စုံပါလျက် ပြည်တွင်းစစ်ကြောင့် ချမ်း သာနိုင်ပါလျက် ဆင်းရဲခဲ့ကြရသည်။ ၁၉၅၈-၅၉-၆ဝ ပြည့်နှစ်များတွင် အာဏာရဖဆပလကြီး အချင်းချင်း ကွဲကြပြဲကြ၊ အချင်းချင်း ရန်လိုကြ၊ ရန်ဖြစ်ကြနှင့် မြေအောက်ကဆူ၊ မြေပေါ်ကပူဖြင့် ပြည်သူတို့ အထက်မီးအောက်မီး မီးနှစ်မီးညှပ် ၍ ပူလောင်မှုဒဏ်ခံကြရ၏။ မြန်မာတို့သည် ၁၉၆၂ မှ ၁၉၈၈ ခုနှစ်အထိ လူ ၁ဝဝ လျှင် ၈၅ ရာခိုင်နှုန်းမျှရှိပြီး ဆင်းရဲနေသော အလုပ်သမား၊ တောင်သူလယ်သမား၊ ခေါင်းရွက်ဗျပ်ထိုးလုပ် သားပြည်သူများ ဆင်းရဲခြင်းမှလွတ်ကင်းစေ သည်ဟု ဗိုလ်ချုပ်အောင်ဆန်း ယုံကြည်ခံယူသော ဆိုရှယ်လစ်နိုင်ငံထူထောင်ခဲ့ကြသည်။
၁၉၈၈ ခုနှစ် မတ်လမှ စက်တင်ဘာလအထိ မြေပေါ်မြေအောက်၊ လက်ဝဲလက်ယာ၊ ပြည်တွင်း ပြည်ပ ညှပ်ပူးညှပ်ပိတ် လက်ဝါးချင်းရိုက် ဖန်တီးသော ရှစ်လေးလုံးဆူပူမှုကြီးတွင် အပြစ်မဲ့ ဆင်းရဲသားပြည်သူတို့ခေါင်းဖြတ်သတ်၊ မီးရှို့ သတ်ခံခဲ့ကြရသည်။ ရန်ကုန်၌ သင်္ချိုင်းအုတ်ဂူ များပါ ဖျက်ဆီးခြင်းခံရ၏။ စက်ရုံများ၊ တည် ဆောက်ရေးလုပ်ငန်းများ၊ ဂိုဒေါင်သိုလှောင်ရုံများ ဖောက်ချိုးလုယက်ဖျက်ဆီးခံရ၏။ ပြည်ပမှ နယ်ချဲ့စစ်သင်္ဘောငါးစင်းကျူးကျော်ဝင်ရောက် ခြင်းခံရ၏။ ၁၉၆၂ ခုနှစ် မတ်လက ပြည်ထောင်စု ကြီး ရှစ်စိတ်ကွဲထွက်ကာ နယ်ချဲ့တို့၏ စစ် အင်ပါယာထူထောင်ရေးရည်ရွယ်ဖွဲ့စည်းသည့် ဆီးတိုးစစ်အုပ်စုကြီးထဲ ဝင်ကြမည်တကဲကဲလုပ် နေစဉ် တပ်မတော်က တိုင်းရင်းသားပြည်သူများ နှင့်အတူ ပြည်ထောင်စုကြီးကိုလည်းကောင်း၊ မြန်မာ့လွတ်လပ်ရေးကိုလည်းကောင်း၊ ပြည်သူတို့ ၏ အသက်အိုးအိမ်စည်းစိမ်ကိုလည်းကောင်း ကာ ကွယ်စောင့်ရှောက်ခဲ့ရသကဲ့သို့ ၁၉၄၈-၅ဝ ကာလ ရန်ကုန်ခြောက်မိုင် အစိုးရလက်ထက်၊ ၁၉၅၈-၅၉-၆ဝ ကာလ ခက်ဖွယ်ရယ်ကြုံ လက်နက်ကယ်စုံအညီနှင့်ဟု ဆိုရလောက်သော ဖဆပလအကွဲအုပ်စုချင်း ရန်ကုန်မြို့တော်ပေါ်မှာ ပင် သွေးချောင်းစီးလုအံ့ဆဲဆဲ တပ်မတော်ကပင် ပြည်သူနှင့်အတူ ကာကွယ်ခဲ့ရသကဲ့သို့ ၁၉၈၈ ခုနှစ် ပြည်ထောင်စုပြိုကွဲ၊ နယ်ချဲ့ကျူးကျော်စစ် ဒဏ်ခံ၊ ကျွန်ပြန်ဖြစ်မည့်အန္တရာယ်မှလည်း တပ်မတော်နှင့် ပြည်သူတို့လက်တွဲကာကွယ်ခဲ့ ရပေသည်။
ရှစ်လေးလုံးအရေးအခင်းကြောင့် ပြည် ထောင်စုမပြိုကွဲစေရန်၊ လွတ်လပ်ရေးမဆုံးရှုံး စေရန်၊ နယ်ချဲ့ကျူးကျော်မှုကို ဟန့်တားရန် ၁၈-၉-၈၈ တွင် တပ်မတော်က နိုင်ငံတာဝန်ယူခဲ့ သည်။ တပ်မတော်က ရှစ်လေးလုံး ပြည်ပျက် လှေကွဲကြီးကို တစ်စစီပြန်ကောက်၊ ပြန်ဆက်ကာ တည်ငြိမ်အေးချမ်းရေး အားသွန်လုပ်ခဲ့သည်။ ဒီမိုကရေစီစကားလုံး တွင်တွင်ရွတ်ကာ အာဏာ လိုချင်သူများအတွက် ပါတီစုံဒီမိုကရေစီတံခါး၊ ဈေးကွက်စီးပွားရေးတံခါး၊ ပြည်တွင်းငြိမ်းချမ်း ရေးတံခါးများ ရက်ရက်ရောရောဖွင့်ပေးခဲ့သည်။
ပြည်တွင်းစစ်ကြောင့် ဆူပူသောင်းကျန်းမှု ကြောင့် နိုင်ငံတော်၏စီးပွားရေးဖွံ့ဖြိုးတိုးတက် ရေးကို ဖဆပလအစိုးရက မလုပ်နိုင်ခဲ့ပေ။ စီးပွား ရေးတိုးတက်စေရာ၌ အဓိကလိုအပ်သည့် လမ်း များ၊ တံတားများ၊ ရေကြောင်း၊ လေကြောင်း၊ ကုန်းကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊ စွမ်းရည်ပြည့်လူ့အရင်းအမြစ်များ ပျိုးထောင်ရာ ပညာသင်ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်၊ သိပ္ပံ များ၊ ခေတ်မမီခရီးမတွင်သော လက်မှုလယ်ယာမှ စက်မှုလယ်ယာ အဆင့်တိုးမြှင့်မှုလုပ်ငန်းများ၊ ပြည်သူတို့ကျန်းမာကြံ့ခိုင်ရေးအတွက် လိုအပ် သည့်ဆေးရုံဆေးခန်းများ၊ ပြည်သူတို့လူနေမှု အဆင့်မြင့်လာစေမည့် အိုးအိမ်တိုက်တာများ၊ လျှပ် စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးမည့်စက်ရုံများ၊ ကုန်ထုတ်စက်မှုဇုန်များကို ဖဆပလက ပြည်တွင်း စစ်ကြောင့် တည်ဆောက်ဖြည့်ဆည်းမပေးနိုင်ခဲ့။ လမ်းစဉ်ပါတီခေတ်တွင်လည်း သောင်းကျန်းသူ များ ဒီရေအလားတိုးပွားလာပြီး ငွေရင်းငွေနှီး မပြည့်စုံ၍ တည်ဆောက်ရေးလုပ်ငန်းများ တတ် နိုင်သမျှ ကျုံးရုန်းကြိုးစားခဲ့သော်လည်း စိတ် သွားတိုင်းကိုယ်မပါခဲ့ပေ။ လမ်းစဉ်ပါတီခေတ် တွင် လမ်း၊ တံတား၊ ဆည်တမံ၊ ကျောင်း၊ ဆေးရုံ များ အတော်အသင့်တိုးတက်ခဲ့သည်။ အသုံးလုံး သင်တန်းများဖွင့်ကာ မြန်မာလူဦးရေ ၁ဝဝ လျှင် ၉ဝ ကျော်စာတတ်အောင်ဖြည့်ဆည်းပေးခဲ့သည်။
၁၉၈၈ မှ ၂ဝ၁ဝ ပြည့်နှစ်အတွင်း (၂၂ နှစ် တာမျှ) တပ်မတော်အစိုးရ (နဝတ၊ နယက)က ဆည်တမံ ၃ဝဝ ခန့်၊ ပေ ၁၈ဝ အထက် မြစ်ကူး တံတားစင်းရေ ၃ဝဝ ခန့်၊ စက်မှုဇုန် ၂၉ ဇုန်၊ လမ်းမျိုးစုံအသစ်မိုင်ပေါင်း ထောင်ချီဖောက်ပေး၊ ဆောက်ပေးခဲ့သည်။ စာသင်ကျောင်း၊ တက္ကသိုလ်၊ ကောလိပ်သစ်များ အဆပေါင်းများစွာ ဆောက် လုပ်ပေးခဲ့သည်။ ကျေးရွာများကိုပင် လျှပ်စစ်မီး ရောက်ရှိစေခဲ့သည်။ မိုးခေါင်ရေရှားအညာဒေသ များ၌ ရေတွင်း၊ ရေကန်၊ မြစ်ရေတင်စီမံကိန်းများ ဇယ်ဆက်သလို တည်ဆောက်တူးဖော်ပေးခဲ့ သည်။ ခေတ်အဆက်ဆက် ကြိုးပမ်းသော်လည်း မရခဲ့သော ပြည်တွင်းငြိမ်းချမ်းရေးကို အရယူ ပေးခဲ့သည်။ တပ်မတော် အစိုးရလက်ထက် လက်နက်ကိုင်တောတွင်းအဖွဲ့ ၁၇ ဖွဲ့၊ အဖွဲ့ငယ်၊ အဖွဲ့ကွဲ ၂၅ဖွဲ့ခန့် ဥပဒေဘောင်တွင်း ဝင်လာ သဖြင့် ပြည်ထောင်စုတစ်ဝန်းငြိမ်းချမ်းခဲ့သည်။ လက်နက်ကိုင်ပုန်ကန်သူ လက်ကျန်အဖွဲ့များပင် တစ်ဖက်နိုင်ငံတွင်း၌ ခိုလှုံနေခဲ့ကြရသည်။ တစ်နိုင်ငံလုံးငြိမ်းချမ်းလုံခြုံစွာ၊ ပြည်သူတို့ အေး ချမ်းစွာ သွားလာ၊ နေထိုင်၊ ရောင်းဝယ် ဖောက် ကားနိုင်ခဲ့သည်။
နိုင်ငံတော်အချုပ်အခြာအာဏာကို စည်းကမ်း တကျကျင့်သုံးနိုင်ရန် အခြေခံအကျဆုံး၊ အဓိက အကျဆုံး၊ အမြင့်ဆုံးဥပဒေကြီးဖြစ်သည့် နိုင်ငံ တော်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကြီး ပေါ်ထွန်း လာစေခဲ့သည်။ ပါတီများ မှတ်ပုံတင်လှုပ်ရှား စေခဲ့သည်။ ၂ဝ၁ဝ တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲကြီးကို လွတ်လပ်သန့်ရှင်းမျှတစွာ ကျင်းပပေးခဲ့သည်။ တပ်မတော်အစိုးရ၏ ဒီမို ကရေစီနိုင်ငံတော်တည်ဆောက်ရေး၊ အဆင့် (၇) ဆင့်ပါ ဒီမိုကရေစီလမ်းပြမြေပုံမှအဆင့် အားလုံး ကို တပ်မတော်အစိုးရကပင် အခြေခံဥပဒေနှင့် အညီ တည်ဆောက်အကောင်အထည်ဖော်ပေး ခဲ့သည်။ ယင်း၏ကျေးဇူးကြောင့် ၂ဝ၁ဝ ရွေး ကောက်ပွဲအပြီး ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးသိန်း စိန်နိုင်ငံတော်သမ္မတအဖြစ် တာဝန်ယူဦးဆောင် သည့် ပြည်ခိုင်ဖြိုးပါတီအာဏာရ အစိုးရငါးနှစ် သက်တမ်းတစ်ခုစာမျှ တာဝန်ယူနိုင်ခဲ့သည်။ အလားတူ ၂ဝ၁၅ ရွေးကောက်ပွဲအပြီး NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် (တီထွင်ထား သော) နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်ပြီး သမ္မတအဖြစ် ဦးထင်ကျော်ပါဝင်သော NLD ပါတီအာဏာရအစိုးရ နိုင်ငံကို ဦးဆောင်နိုင်လျက် ရှိသည်။ ယင်းအစိုးရနှစ်ဖွဲ့သည် တပ်မတော် အစိုးရတည်ဆောက်ပေးခဲ့သော ‘ရှုမဆုံးတော့ သည် ဝဲလက်ယာရှေ့နောက်စီ၊ ဆည်မြောင်းတွေ နဲ့ လမ်း၊ တံတား၊ စက်မှုလယ်ယာစုံစုံ၊ စက်မှုဇုန် အလီလီ၊ ဝေဝေစည်စည်အခြေအနေကောင်း’ပေါ် ရပ်ပြီးနိုင်ငံဖွံ့ဖြိုးအောင်ကြိုးစားကြဖို့ပင်ဖြစ်သည်။
တပ်မတော်အစိုးရလက်ထက်အပြီးမသတ် ခဲ့ရသေးသော တည်ဆောက်မှုအဝဝကို ဦးသိန်းစိန် အစိုးရက အပြီးသတ်ဆက်လက်တည်ဆောက်ခဲ့ သည့်အပြင် တည်ဆောက်မှုလုပ်ငန်းများ ထပ်မံ ဖြည့်စွက်တိုးချဲ့တည်ဆောက်ပေးခဲ့သည်။ ယနေ့ မြစ်ရေတင်စီမံကိန်း ၁ဝဝ ကျော် ဖျက်သိမ်းမည်။ ဟိုစီမံကိန်းဖျက်မည်၊ ဒီစီမံကိန်းလျှော့ချမည် စသည်ဖြင့် ပုဂ္ဂလိကသတင်းစာ၊ ဂျာနယ်သတင်း များအရ သိရပေသည်။
ရှည်အံ့စိုး၍ တပ်မတော်အစိုးရက တည် ဆောက်ကာ နောက်လူ (နောက်အစိုးရ)အသင့် လက်တင်စီးရုံ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး တည်းဟူသော မော်တော်ကားသစ်ကြီး(ဝါ)ဘက် စုံတည်ဆောက်ပေးခဲ့သမျှ အမျိုးအစား အရေ အတွက်တို့ကို မရေးတော့ပါ။ မျက်စိအမြင် အလင်းဓာတ်ရှိသူတိုင်း မြင်နေကြသည်။ မျက်စိ ကွယ်နေသူပင် နားကကြားရပေမည်။ သို့မဟုတ် သူကိုယ်တိုင် ထိုတိုင်းကျိုးပြည်ပြုတည်ဆောက်မှု အသီးအပွင့်ကို တစ်နည်းနည်းခံစားရနိုင်ပါသည်။
တပ်မတော်အစိုးရလက်ထက် (၁)နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ (၂) နိုင်ငံတော်တိုးတက် ဖွံ့ဖြိုးရေး၊ (၃) လိုအပ်သောစီးပွားရေးအခြေခံ အဆောက်အအုံများ တည်ဆောက်ရေး၊ (၄) ပြည် သူတို့၏ အသက်အိုးအိမ်စည်းစိမ်များဆုံးရှုံးနေရ သည့် နာတာရှည်ပြည်တွင်းစစ်မီးကြီးကို ငြှိမ်း သတ်ကာ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး၊ (၅) နိုင်ငံတော်အာဏာကို ရှစ်လေးလုံး မင်းမဲ့ဆူပူ မှုကြောင့် မလွှဲသာ၍ ရယူခဲ့ရသည့် တပ်မတော် လက်မှ မူလပိုင်ရှင်ဖြစ်သည့် တိုင်းရင်းဖွားစုံ နိုင်ငံသားပြည်သူတို့လက်သို့ လုပ်ငန်းအဆင့်ဆင့် (ခုနစ်ဆင့်)ဖြင့်ပြန်လည်အပ်နှံရေးတို့ကို ဝါဒဂိုဏ်း ဂဏ၊ပြည်ပပယောဂကင်းရှင်းသောအမျိုးသားနိုင်ငံ ရေးဖြင့် တပ်မတော်က မြေပ်ါမှာဆူပူကြ၊ မြေ အောက်မှာသောင်းကျန်းကြ၊ ပြည်ပကပိတ်ဆို့ကြ၊ နှောင့်ယှက်ကြသည့်ကြားမှအထူးကြိုးစားခဲ့သည်။
တပ်မတော်အစိုးရ၏ အထက်ဖော်ပြပါတိုင်း ကျိုးပြည်ပြုလုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက် ထိရောက်စွာပြီးမြောက်အောင်မြင်စေရန်၊ တိုင်း ရင်းသားပြည်သူများက ပူးပေါင်းပါဝင်ဆောင် ရွက်နိုင်ရန်၊ တစ်ဖက်တစ်လမ်းမှ ပခုံးထမ်းဆောင် ရွက်နိုင်ရန် ၁၉၉၃ခုနှစ်စက်တင်ဘာလ ၁၅ ရက် နေ့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်းကြီးကိုတည်ထောင်ဖွဲ့စည်းခဲ့ပေသည်။
ပြည်ခိုင်ဖြိုးအသင်းကြီး၏ အဓိဋ္ဌာန်မှာ ‘ပြည်ထောင်စုမြန်မာနိုင်ငံတော် အဓွန့်ရှည်တည် တံ့ခိုင်မြဲရေး၊ တိုင်းရင်းသားလူမျိုးများချစ်ကြည် ရေး၊ နိုင်ငံတော်အချုပ်အခြာအာဏာနှင့် နယ်မြေ တည်တံ့ခိုင်မြဲရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး နှင့် အေးချမ်းသာယာသော ခေတ်မီနိုင်ငံတော် ကြီးဖြစ်ပေါ်လာရေးတို့အတွက် ကာကွယ်စောင့် ရှောက်ဆောင်ရွက်ရန် အဓိဋ္ဌာန်ပြုသည်’ဟူ၍ ဖြစ်သည်။
အသင်း၏ရည်ရွယ်ချက်များသည်-
(က) ပြည်ထောင်စုမပြိုကွဲရေး၊
(ခ) တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊
(ဂ) နိုင်ငံတော်အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး၊
(ဃ) အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မာရေး ရှေးရှု လျက်မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန် ဆောင်ရွက်ရေး၊
(င) နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်း သာယာသောခေတ်မီနိုင်ငံတော်ကြီးဖြစ် ပေါ်လာရေးတို့ဖြစ်သည်။
ပြည်ခိုင်ဖြိုးအသင်းကြီးတွင် အသင်းသား ပေါင်း ၂၆သန်းကျော်ပါဝင်ကြလေသည်။ အလုပ် သမား၊ တောင်သူလယ်သမား၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ လူငယ်ကျောင်းသား၊ ကုန် သည်၊ မည်သည့်ဘာသာကိုးကွယ်သည်ဖြစ်စေ နိုင်ငံသားဖြစ်ကြသူများ၊ တိုင်းရင်းသားလူမျိုးစုံ၊ တပ်မတော်သား၊ ပြည်သူ့ရဲ၊ ကြက်ခြေနီ၊ မီးသတ်တပ်ဖွဲ့ဝင်၊ နိုင်ငံ့ဝန်ထမ်းစသည်ဖြင့်လူထု လူတန်းစားအလွှာအားလုံး၊ တိုင်းရင်းသားလူမျိုး အားလုံး၊ ကိုးကွယ်ရာဘာသာစုံမှအသင်း၏ရည် ရွယ်ချက်ကိုကြိုက်နှစ်သက်ပြီးနိုင်ငံတော်နှင့်အတူ ပြည်ထောင်စုကြီးအေးချမ်းသာယာဖွံ့ဖြိုးတိုးတက် စေလိုသော မြန်မာများပါဝင်ခဲ့ကြပေသည်။
အသင်း၏အခြေခံမူ ငါးရပ်ချမှတ်ထားရာ (၁) အမျိုးသားရေးဆိုင်ရာအခြေခံမူ၊ (၂) တိုင်းရင်း သားရေးဆိုင်ရာအခြေခံမူ၊(၃)ဘာသာရေးဆိုင်ရာ အခြေခံမူ၊ (၄) လူမှုရေးဆိုင်ရာအခြေခံမူ၊ (၅) ငွေရေးကြေးရေးဆိုင်ရာအခြေခံမူတို့ဖြစ်ကြသည်။ အမျိုးသားရေးဆိုင်ရာအခြေခံမူတွင် တစ်မျိုးသား လုံးဝါဒသဘောထားမကွဲပြားဘဲ စည်းလုံးညီ ညွတ်စွာပါဝင်ဆောင်ရွက်နိုင်ရန်၊ အမျိုးသားရေး သက်သက်ကိုသာဆောင်ရွက်မည်။ (အမျိုးသား ရေးဆိုသည်မှာ ဒို့တာဝန်အရေးသုံးပါးပင်ဖြစ် သည်)ဟူ၍ဖော်ပြထားသည်။ တိုင်းရင်းသားရေး ဆိုင်ရာမူဝါဒ၏အကျဉ်းချုပ်မှာ သွေးရင်းသားရင်း အရင်းအချာများဖြစ်သော တိုင်းရင်းသားတို့၏ ဓလေ့ထုံးတမ်း၊ ရိုးရာယဉ်ကျေးမှု၊ စာပေအနု ပညာ၊ စီးပွားရေးရာတို့တွင် ဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်ရေးဖြစ်သည်။
ဘာသာရေးဆိုင်ရာအခြေခံမူတွင်မိမိတို့ယုံကြည် သက်ဝင်ရာဘာသာကိုလွတ်လပ်စွာကိုးကွယ်နိုင်ရန် ကူညီအားပေးမည်။လူမှုရေးအခြေခံမူတွင်သာ ရေး၊နာရေး၊ရပ်ရွာလုံခြုံရေး၊ အေးချမ်းသာယာ ရေး၊စည်းလုံးညီညွတ်ရေး၊ စားဝတ်နေထိုင်လုပ် ကိုင်မှုသက်သာချောင်ချိရေး၊ ပညာ ကျန်းမာဖွံ့ဖြိုး တိုးတက်ရေးအစရှိသည်တို့ကို ဆောင်ရွက်မည်။ ငွေရေး ကြေးရေးအခြေခံမူမှာ အသင်းရန်ပုံငွေကို အသင်းသားတို့၏ စုပေါင်းလုပ်အားဖြင့်ရှာဖွေ သုံးစွဲမည်စသည်ဖြင့် ဖော်ပြထားသည်။
တပ်မတော်အစိုးရလက်ထက်တည်ဆောက် ရေးလုပ်ငန်းများ၊ ပြည်တွင်းငြိမ်းချမ်းရေးကြိုးပမ်း မှုများ၊ အမျိုးသားညီလာခံမှသည်အခြေခံဥပဒေ ရေးဆွဲပြီး ပြည်သူတို့၏ထောက်ခံမဲဖြင့်အတည်ပြု ကာ အခြေခံဥပဒေသစ်ကြီးပေါ်ထွန်းလာရေး၊ ၂ဝ၁ဝရွေးကောက်ပွဲ၊ လွှတ်တော်များ၊ အစိုးရအဖွဲ့ များဖွဲ့စည်းရေးစသည့် လုပ်ငန်းအားလုံးသာမက ပြည်ပစွက်ဖက်မှုကင်းစင်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးလုပ်ငန်းစဉ်များတွင်ပြည်ခိုင် ဖြိုးအသင်းကြီးမှ အသင်းသားတို့၏ပြည်သူ့ ခွန်အားဖြင့် ပခုံးထမ်းပါဝင်ဆောင်ရွက်ခဲ့သည်။
၂ဝဝ၈ခုနှစ် နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ သစ်အရ ၂ဝဝ၉ခုနှစ်တွင် နိုင်ငံရေးပါတီများ ဖွဲ့စည်းမှတ်ပုံတင်စေခဲ့သည်။ ပြည်ခိုင်ဖြိုးအသင်း ကြီးအနေဖြင့် ခေတ်စနစ်၊ ကာလဒေသအလျောက် နိုင်ငံရေးရာများကို ပိုမိုပီပြင်ထက်မြက်စွာဆောင် ရွက်နိုင်ရန် ပြည်ခိုင်ဖြိုးအသင်းကြီးကိုပြည်ထောင် စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုးပါတီ) အဖြစ်အသွင်ပြောင်းမှတ်ပုံတင်ခဲ့သည်။ ဝန်ထမ်း များပါတီနိုင်ငံရေးတွင်ပါဝင်ပတ်သက်ခွင့်မရှိသည့် အတွက်ဝန်ထမ်းများ၊တပ်မတော်သား၊ရဲတပ်ဖွဲ့ဝင် စသည်တို့ကို ချန်လှပ်ခဲ့ရသည်။ ကျန်အသင်း သားများလည်း ပြည်ခိုင်ဖြိုးပါတီသို့ဝင်လိုမှဝင် ရန်ခွင့်ပြုခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီသည် ၂ဝ၁ဝ တွင် ရွေးကောက်ပွဲ၌အနိုင်ရကာ အစိုးရဖွဲ့နိုင်ခဲ့ သည်။ ပါတီဝင်အင်အားငါးသန်းကျော်ရှိပေ သည်။
ပြည်ခိုင်ဖြိုးပါတီ၏ ဒုတိယအကြိမ်ပါတီ ညီလာခံကို နေပြည်တော်တွင် ၂ဝ၁၆ခုနှစ် သြဂုတ်လ၂၂ရက်မှ ၂၄ရက်နေ့အထိကျင်းပသော သတင်းကို ပြည်ထောင်စုသတင်းစာ၌ပြည့်ပြည့် စုံစုံဖတ်လိုက်ရသည်။ ပါတီဥက္ကဋ္ဌနှင့်သက်ကြီး ပိုင်းခေါင်းဆောင်များက ပါတီဗဟိုဦးဆောင် ကော်မတီ၊ လက်ဝဲနိုင်ငံရေးပါတီများအသုံးအနှုန်း အရပေါ်လစ်ဗျူရိုများဟု သုံးပေလိမ့်မည်။ ပြည်ခိုင်ဖြိုးကမူ (ဗဟိုနာယကအဖွဲ့၊ ပါတီဦးဆောင်ကော်မတီ)ဟု သုံးနှုန်းသည်။ ယင်းဗဟို နာယကအဖွဲ့တွင် ဦးသိန်းစိန်၊ ဦးဌေးဦး၊ သူရ ဦးအေးမြင့်၊ ဦးသောင်း၊ ဦးစိုးသာ၊ ဦးလွန်းသီ၊ ဦးတင်ထွတ်၊ သူရဦးမြင့်မောင်၊ ဦးခင်အောင်မြင့် တို့ပါဝင်ကြသည်။
ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့တွင် ၃၈ဦး ပါဝင်ကာ ဥက္ကဋ္ဌအဖြစ် ဦးသန်းဌေး၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် ဦးမြတ်ဟိန်း၊ အထွေထွေအတွင်း ရေးမှူးအဖြစ် ဦးသက်နိုင်ဝင်း၊ အတွင်းရေးမှူး များအဖြစ် ဦးပိုက်ထွေး၊ ဦးသန်းထွန်း၊ ဒေါက် တာကျော်ကျော်ဌေး၊ ဦးတင်အောင်ချစ်၊ ဒေါက် တာစန်းစန်းနွယ်၊ ပါတီလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌအဖြစ် ဦးစိုးနိုင်၊ ပါတီစည်းကမ်းထိန်းသိမ်း ရေးကော်မတီဥက္ကဋ္ဌအဖြစ် ဦးခင်ရီနှင့် ပါတီဗဟို အလုပ်အမှုဆောင်အဖွဲ့တွင် လူသစ်(New Blood) အများစုအပါအဝင် ၂၈ဦးပါဝင်သည်။ ပါတီ ဥက္ကဋ္ဌသစ် ဦးသန်းဌေး၏ညီလာခံနိဂုံးချုပ်မိန့်ခွန်း တွင်ပါတီ၏ ရှေ့လုပ်ငန်းစဉ်ခုနစ်ရပ်ကိုဖော်ပြထား ပေသည်။ ရှေ့လုပ်ငန်းစဉ်များတွင် ပါတီတွင်း စည်းလုံးညီညွတ်ရေး၊ ပါတီတွင်းဒီမိုကရေစီရှင် သန်ရေး၊ အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ယဉ်ကျေးမှု ကို စောင့်ထိန်းနိုင်စွမ်းရှိသောမျိုးဆက်သစ်လူငယ် များကိုပြုစုပျိုးထောင်ရေး၊ ပြည်သူများအလုပ် အကိုင်ရရှိကာလူမှုစီးပွားပိုမိုတိုးတက်မြင့်မားရေး၊ နိုင်ငံသားတိုင်းရသင့်သောအခွင့်အရေးများရရှိ စေရန်ပါတီဝင်များကဆောင်ရွက်ပေးရေး၊ ပြည် တွင်းငြိမ်းချမ်းရေး၊ ဥပဒေစိုးမိုးရေး၊ တည်ငြိမ် အေးချမ်းရေးတို့ရရှိရန် ပါတီဝင်များကပြည်သူ နှင့်လက်တွဲဆောင်ရွက်ရေး၊ တိုင်းရင်းသားစည်း လုံးညီညွတ်မှုကို အခြေပြုသောပြည်ထောင်စုနိုင်ငံ အဓွန့်ရှည်ရေးတို့ပါဝင်သည်။
ယင်းရှေ့လုပ်ငန်းစဉ်ခုနစ်ရပ်စလုံးအရေးကြီး လှပေသည်။ ပါတီတွင်းဒီမိုကရေစီရှင်သန်ရေးနှင့် ပါတီတွင်းစည်းလုံးညီညွတ်ရေးတို့သည် ပါတီ၏ အသက်ဝိညာဉ်ဖြစ်ပေသည်။ ပါတီဝင်များက ပါတီတာဝန်ခံအဆင့်ဆင့်သို့တင်ပြခွင့်၊ ဆွေးနွေး ခွင့်၊ ပါတီဗဟိုကော်မတီဝင်တိုင်းကပါတီဗဟိုတွင် ဆွေးနွေးတင်ပြခွင့်၊ ပါတီဗဟိုအလုပ်အမှုဆောင် အဖွဲ့အတွင်းမှာပင်လွတ်လပ်ပွင့်လင်းစွာဆွေးနွေး တင်ပြခွင့်၊ ပါတီအထက်အဆင့်များကလည်းတင် ပြလာသည်ကိုလေးလေးစားစားလက်ခံပြီးညှိနှိုင်း ခြင်း၊ အရာရာပါတီအဖွဲ့အစည်းအဆင့်တိုင်း၌ အများစု၏အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ခြင်းသည် ပါတီများတည်တံ့ခိုင်မြဲအောင်မြင်ရေးအတွက် မင်္ဂ လာတစ်ပါးဖြစ်လေသည်။ ပါတီဝင်တို့ ငါခိုင်း သလိုလုပ်။ ဗဟိုဦးစီးအဖွဲ့ဝင်များအတွန့်မတက်နဲ့။ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကငါပြောသလိုဆုံးဖြတ် ဟုပါတီအကြီးအကဲကအာဏာပြပြီဆိုလျှင် ထိုပါ တီအကြီးအကဲသည် အာဏာရှင်။ ယင်းပါတီ သည်အာဏာရှင်တစ်ဦးတည်း၏ထားရာနေ စေရာသွားရုပ်သေးပါတီဖြစ်သွားပေမည်။ ဒီမို ကရေစီလုံးဝဆိတ်သုဉ်းသောပါတီဖြစ်သွားပေမည်။ မျက်မှောက်ခေတ်တွင် ထိုကဲ့သို့အာဏာရှင်ပါတီ၊ တစ်ပါတီအာဏာရှင်စနစ်ကျင့်သုံးသောပါတီမျိုး ရှိနေတတ်၍ ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ထိုသို့မဖြစ် စကောင်းမဖြစ်အောင် ထိန်းသိမ်းသွားသင့်သည် ဟု အကြံပြုလိုကြောင်းပါခင်ဗျား။
တက္ကသိုလ်မြတ်သူ