ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပျော်ဘွယ်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဘုရားထီးတော် တင်လှူပူဇော်

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ပျော်ဘွယ်မြို့နယ် ပင်မြိုင် ကျေးရွာ ရွှေပင်မြိုင်တောရရှိ တတိုင်းပြည့်စေတီထီးတော်နှင့်စိန်ဖူး တော်အထွတ်တင်လှူပွဲကို စက်တင်ဘာလ (၃) ရက် ၉နာရီတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ ပျော်ဘွယ်မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ပန်းစုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ အာသဖအမှူးပြုသော သံဃာတော် ၂၅ပါး ကြွရောက်ပြီး ပြည်ခိုင်ဖြိုး ပါတီဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ ပျော်ဘွယ်မြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသောင်းအေးနှင့်ဇနီး ဒေါ်သင်းမျိုးမျိုးအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များဖြစ်ကြသော ဦးတင်စိုးနှင့် ဦးမြင့်စိုး၊ မန္တလေးတိုင်းဒေသကြီး ကော်မတီဝင် ဒေါ်သန်းသန်းအေး၊ ရမည်းသင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ မြို့နယ် ပါတီဥက္ကဋ္ဌ ဦးကြည်မြင့်နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ထီးတော်အလှူရှင်များ၊ မြို့မိမြို့ဖများ၊ ဗုဒ္ဓဘာသာဝင် ပြည်သူများ တက်ရောက်ကြည်ညိုခဲ့ကြသည်။

ရှေးဦးစွာစိန်ဖူးတော် နှင့် ထီးတော်အဆင့်ဆင့်ကို ဆရာတော်များထံ ဆက်ကပ်ပြီး စိန်ဖူး တော်ကို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှင့် ဇနီးကလည်းကောင်း၊ ပထမဘုံဆင့်ကို အလှူရှင် မြို့နယ်ပါတီကော်မတီဝင် ဦးအောင်နိုင်ညွန့်နှင့် ဇနီးတို့က ပင့်ဆောင်၍ စေတီတော်ကို လက်ယာရစ် သုံးပတ်ပတ်သည်။

၎င်းနောက် ဘုံအဆင့် ဆင့်နှင့် စိန်ဖူးတော်ကို အထွတ် တင်လှူခဲ့ရာအောင်မြင်စွာတင်လှူ နိုင်ခဲ့ကြောင်း သိရသည်။

ဦးမျိုး(ပျော်ဘွယ်)


Leave a Reply