ပြည်ခိုင်ဖြိုးပါတီဗဟိုအလုပ်အမှုဆောင်၊ ရခိုင်ပြည်နယ်ပါတီဥက္ကဋ္ဌ ပါတီ အဆင့်အဆင့် တာဝန်ရှိသူများနှင့် တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီ ဥက္ကဋ္ဌ ဒေါက်တာစန်းရွှေသည် စက်တင်ဘာလ (၄) ရက် နံနက် (၈) နာရီက ရခိုင်ပြည်နယ်ပါတီရုံး အစည်းအဝေးခန်းမတွင် ပြည်နယ်ပါတီ ကော်မတီဝင်များ၊ ခရိုင်/မြို့နယ်ပါတီဥက္ကဋ္ဌများအား ပါတီ၏ရှေ့ဆက်မည့် လုပ်ငန်း အစီအစဉ်များနှင့် စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။တွေ့ဆုံပွဲသို့ ပါတီဗဟိုအလုပ်အမှုဆောင်၊ ပြည်နယ်ပါတီဥက္ကဋ္ဌ ဒေါက်တာ စန်းရွှေ၊ ပြည်နယ်ပါတီအတွင်းရေးမှူး ဦးသန်းဝေ၊ ပြည်နယ်ပါတီ ဘဏ္ဍာရေးမှူး ဦးသန်းထွန်းနှင့် ပြည်နယ်ကော်မတီဝင်များ၊ ခရိုင်/မြို့နယ် ပါတီဥက္ကဋ္ဌများ စုစုပေါင်း ၅၇ ဦး တက်ရောက်ခဲ့ကြသည်။

viber image RK2

တွေ့ဆုံပွဲတွင် ပြည်နယ်ပါတီဥက္ကဋ္ဌမှ “မိမိတို့မြို့နယ်အလိုက် အရေးပေါ် အခြေအနေမျိုးဆိုလျှင် ပြည်နယ်ပါတီ၏ လမ်းညွှန်ချက်ကိုရမှ လုပ်ကိုင်ရမယ် ဆိုတဲ့ လုပ်ဆောင်ချက်မျိုးမဟုတ်ဘဲ ဥပမာ ရေကြီးနစ်မြုပ်ပြီး လူနေအိမ်တွေ ပျက်စီးဆုံးရှုံးနေတာတို့၊ ဘုရားတို့ဘုန်းကြီးကျောင်းတို့မှာ သန့်ရှင်းရေးလုပ် ပေးရမယ်ဆိုတဲ့လိုကိစ္စတွေမှာ မိမိတို့ အသိစိတ်ဓာတ်နဲ့ မိမိတို့လုပ်ကိုင် ဆောင်ရွက်ပေးသွားမှ ပြည်သူလူထုက ပြည်ခိုင်ဖြိုးကို ပိုမိုလေးစား အားကိုး လာမှာလည်းဖြစ်ပါတယ်။ နောက်တစ်ခုက လုပ်ငန်းအခွင့်အလမ်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း ဗဟို ဌာနချုပ်မှာ ဆက်လက်ကျင်းပသွားဖို့ အစီအမံများရှိပါတယ်။ ဒီသင်တန်းများကို တက်ရောက်နိုင်ဖို့ ကျနော်တို့ ပါတီဌာနချုပ်ကထုတ်ဝေတဲ့ ရှေ့ဆောင်ဂျာနယ်တို့၊ ပြည်ထောင်စုနေ့စဉ် သတင်းစာတွေမှာ ပါတီရဲ့ သဘောထားများ၊ ပါတီရဲ့လုပ်ငန်းဆောင်ရွက်ချက် များကို ထည့်သွင်းဖော်ပြလေ့ရှိတာကြောင့် အခုတက်ရောက်လာကြတဲ့ ပုဂ္ဂိုလ်များအနေနဲ့ အဲဒီစာစောင်များကို အမြဲမပြတ် လေ့လောမှတ်သားထား ဖို့လိုပါတယ်။ ပါတီအနေနဲ့ ရှေ့ဆက် သွားဖို့အတွက်လည်း အမျိုးဂုဏ်၊ ဇာတိဂုဏ်ကို ထိန်းသိမ်းနိုင်သော အရည်အချင်းရှိတဲ့ မျိုးဆက်သစ်များ ပါတီတွင်းပါဝင်လာဖို့လည်း အင်မတန်အရေးကြီးပါတယ်။ အခုအချိန်ဟာ ဒုတိယအကြိမ် ပါတီညီလာခံကြီးလည်း ကျင်းပပြီးစီးသွားပြီဖြစ်တာကြောင့် စိတ်သစ်လူသစ် အသွင်သစ်၊ လုပ်ဆောင်ချက်အသစ်တွေနဲ့ ပါတီကို ရှေ့ဆက် သွားမှာ ဖြစ်တဲ့အတွက် အဆင့်ဆင့်ပါတီအကြီးအကဲများကလည်း မိမိတို့ပါတီကို အသေအချာ ကြပ်ကြပ်မတ်မတ် ဆောင်ရွက်သွားဖို့လည်း လိုပါတယ်”ဟု အဖွင့်အမှာစကား ပြောကြားသွားခဲ့သည်။

ထို့နောက် ပြည်နယ်ပါတီအတွင်းရေးမှူးမှ အစည်းအဝေးခေါ်ယူရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်/မြို့နယ်ပါတီများတွင် ပါတီ ပြန်လည်ပြင်ဆင်ဖွဲ့စည်းရာ၌ အဆင့်ဆင့်တာဝန်ရယူမှုများကြောင့် လစ်လပ်လျက် ရှိသော ကော်မတီဝင်များနေရာတွင် ကော်မတီဝင်အသစ်များ အစားထိုးခန့်အပ်ခြင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် အလိုက် ရေးရာကော်မတီများ ဖွဲ့စည်းခြင်း၊ ခရိုင်/မြို့နယ်ပါတီရုံးများတွင် လစ်လပ်လျက်ရှိသော ရုံးဝန်ထမ်း များ နေရာတွင် ရုံးဝန်ထမ်းများ အစားထိုးခန့်အပ်ခြင်း၊ မြို့နယ်အလိုက် ပါတီဝင်အင်အားနှင့် ပါတီကတ်ထုတ်ပေးမှု အခြေအနေများကို ရှင်းလင်းခြင်း၊ ခရိုင်/မြို့နယ်ပါတီအလိုက် ပုံသေပိုင်ဆိုင်မှုစာရင်းများ ရှင်းလင်းတင်ပြခြင်း ဆိုင်ရာကိစ္စရပ်များအား အကြေအလည် ရှင်းလင်းခဲ့ကြပြီးနောက် ပြည်နယ် ပါတီဥက္ကဋ္ဌမှ နိဂုံးချုပ် အမှာစကားများ ပြောကြားခဲ့ကာ တွေ့ဆုံပွဲအား ည ၈ နာရီတွင် ရုပ်သိမ်းခဲ့ကြသည်။

Nay Cho Thway


Leave a Reply