မြောက်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ရာဇသင်္ဂဟဖောင်ဒေးရှင်း(ကိုယ်စား) အသက် ၁ဝဝ ကျော်အဘိုးအဘွားများအား ထောက်ပံ့

ရန်ကုန်တိုင်းဒေသကြီး(မြောက် ပိုင်း)ခရိုင်အတွင်းရှိ မြို့နယ်များမှ အသက်ရာကျော်အဘိုးအဘွားများ အား နိုင်ငံတော်သမ္မတဟောင်း အဂ္ဂ မဟာသရေစည်သူ အဂ္ဂမဟာသီရိ သုဓမ္မ ဦးသိန်းစိန်(ပြည်ခိုင်ဖြိုးပါတီ နာယက)တည်ထောင်ထားသော ရာဇသင်္ဂဟဖောင်ဒေးရှင်းကထောက် ပံ့ငွေနှင့် ဆေးဝါးအသုံးအဆောင် ပစ္စည်းများကိုနှစ်စဉ်လှူဒါန်းလျက် ရှိရာ ယမန်နေ့နံနက် ၉နာရီတွင် အင်းစိန်မြို့နယ် ဖော့ကန်ရပ်ကွက် အောင်ဇေယျ (၁)လမ်းရှိ အသက် (၁ဝ၇)နှစ်အရွယ် အဘွား ဒေါ်ကု လားမ(ခေါ်)ဒေါ်လှရင်၏ နေအိမ် သို့ သွားရောက်လှူဒါန်းခဲ့သည်။

လှူဒါန်းရာသို့ ရာဇသင်္ဂဟ ဖောင်ဒေးရှင်းကိုယ်စား ပြည်ခိုင်ဖြိုး ပါတီဗဟိုကော်မတီဝင်ဦးတင်မောင် ဝင်း၊ မြောက်ပိုင်းခရိုင်ဥက္ကဋ္ဌဦးတင် ယု၊ အတွင်းရေးမှူး ဦးလင်းထွန်း၊ အင်းစိန်မြို့နယ်ဥက္ကဋ္ဌ ဦးတင့်လွင်၊ အတွင်းရေးမှူးဦးစိုးသန်း၊ဖော့ကန် ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ အင်းစိန် မြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီဝင်များက အဘွား ဒေါ်လှရင် (ခ) ဒေါ်ကုလားမအား သားသမီး မြေးများရှေ့တွင် ငွေကျပ် နှစ်သိန်း နှင့် ဆေးဝါး အသုံးအဆောင်များ ကို လှူဒါန်းကန်တော့ခဲ့သည်။

ကန်တော့ခံအဘွား ဒေါ်လှရင် (ခ)ဒေါ်ကုလားမက လာရောက် လှူဒါန်းသော ပြည်ခိုင်ဖြိုးပါတီ ဝင်များ၊ဖောင်ဒေးရှင်းတည်ထောင် သူများအား မေတ္တာပို့ဆုများပေးအပ် ပြီး ရပ်ရွာအကျိုး၊ ဘာသာအကျိုး ဆတက်ထမ်းပိုး ထမ်းဆောင်နိုင် ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သည်။ အဘွား ဒေါ်လှရင် (ခ) ဒေါ်ကုလားမသည် သားသမီး ခြောက်ဦးရှိပြီး ယခုအချိန်တွင် နားအနည်းငယ် လေးသည်မှအပ မှတ်Óဏ်ကောင်းပြီးဥပုသ်နေ့တိုင်း သီလဆောက်တည်နေကြောင်း သိရသည်။

ဖိုးချို(ယူနီယံ)


Leave a Reply