iPhone သူလျှိုဆော့ဖ်ဝဲကို ကာကွယ်ရန် Apple လုံခြုံရေးဆော့ဖ်ဝဲလ်အသစ်ထုတ်ပေး

iPhone များနှင့် iPad များ၏ Operating System (OS) တွင် ပါဝင်သော ချွတ်ယွင်းချက်များကို  အသုံးချ၍ အရှေ့အလယ်ပိုင်းဒေသရှိ အစိုးရဆန့်ကျင်သူတစ်ဦး၏ iPhone ကို ပစ်မှတ်ထားခဲ့ကြောင်း လုံခြုံရေး သုတေသီများက ပြောကြားပြီးနောက် ယင်းရှားပါး အဆင့်မြင့်တန်ဖိုးကြီး သူလျှိုဆော့ဖ်ဝဲ၏ တိုက်ခိုက်မှုများကို ကာကွယ်ရန် Apple ကုမ္ပဏီက လုံခြုံရေးဆော့ဖ်ဝဲအသစ်တစ်ခု ထုတ်ဝေခဲ့သည်။

iphone

ဖောက်သည်များအနေဖြင့် လုံခြုံရေးကာကွယ်ရန် Apple ကုမ္ပဏီ၏ နောက်ဆုံးထုတ် IOS 9.3.5 ကို download လုပ်ယူကြရန် Apple ကုမ္ပဏီက တိုက်တွန်း ထားသည်။

ယူအေအီးနိုင်ငံမှ အထင်က ရအစိုးရဆန့်ကျင်သူ အာမတ်မန် ဆိုး၏ iPhone ကို ယင်းသူလျှို ဆော့ဖ်ဝဲသုံး၍ ပစ်မှတ်ထားခဲ့ပြီး Apple က ချက်ချင်းဆိုသလို လုံခြုံရေး ဆော့ဖ်ဝဲအသစ် ထုတ်ဝေခဲ့ခြင်းဖြစ်သည်။

မန်ဆိုးသည် ၎င်းကို website Link တစ်ခုအား နှိပ်ဖွင့်ရန် ဖိတ်ခေါ်ထားသည့် စာမက်ဆေ့ခ်ျတစ်ခု ၎င်း၏ iPhone 6 ၌ ပေါ်လာခဲ့ပြီးနောက် ယင်းသူလျှိုဆော့ဖ်ဝဲ၏ ပစ်မှတ်ထားခြင်းခံခဲ့ရသည်။

၎င်းသည် ယခင်ကလည်း သူလျှိုဆော့ဖ်ဝဲသားကောင်ဖြစ် ခဲ့ဖူးသဖြင့် တိုရန်တိုတက္ကသိုလ်ရှိ သုတေသီများထံ ၎င်းလက်ခံရရှိ သော မက်ဆေ့ခ်ျကို ထပ်မံပေးပို့ခဲ့ သည်။

IOS တွင် ပါဝင်နေသော ချွတ်ယွင်းချက်များကြောင့် ဟက်ကာများသည် IOS သုံးပစ္စည်းများထဲသို့ ချိုးဖောက် ၀င်ရောက်နိုင်ပြီး သတင်းအချက်အလက်များကို ခိုးယူနိုင်ကြောင်း သုတေသီများ က ပြောသည်။

ဟက်ကာများက ၎င်းတို့ပစ်မှတ်ဖြစ်သွားသူများ၏ ဖေ့စ်ဘွတ်ခ်၊ Gmail နှင့် Calender တို့ကဲ့သို့ Application များမှ အချက်အလက်များကို ခိုးယူနိုင်ကြောင်း သုတေသီများက ပြောသည်။

Ref:USA Today

# 7 Day Daily


Leave a Reply