DropBox အွန်လိုင်းသိုလှောင်နှုန်း စနစ် ခိုးယူခံရ ၊ အကောင့်ပေါင်း ၆၈ သန်း မှ အချက်အလက်များပေါက်ကြား

နယူးယောက် ၊ သြဂုတ် ၃၁

နာမည်ကျော် Dropbox အွန်လိုင်း သိုလှောင်မူစနစ် အား ခိုးယူခံရပြီး အကောင့်ပေါင်း ၆၈ သန်းမှ အချက် အလက်များ ပေါက်ကြားခဲ့ကြောင်း သိရသည်။

Drop Box

Dropbox မှ ခိုးယူခံရသော အကောင့်ပိုင်ရှင်များသို့ အီးမေးလ်ဖြင့်ဆက်သွယ်ကာ လျှို့ဝှက် စာသားများကို ပြောင်းနိုင်ရန် သတိပေးထားပြီးဖြစ်ကြောင်းDropbox မှဆိုသည်။

ခိုးယူခံရသော အကောင့်အရေအတွက် အတိအကျမှာ ၆၈,၆၈၀,၇၄၁ ဖြစ်ကြောင်းသိရပြီး ၃၂ သန်းသော အကောင့်တို့၏ လုံခြုံရေးအား Dropbox မှ ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ကြောင်း The Hacker News သတင်းဌာန တွင်ဖော်ပြထားသည်။

ယခုကဲ့သို့ ခိုးယူခံရခြင်းမှာ အသုံးပြုသူတို့၏ လျှို့ဝှက်စာသားပြုလုပ်မူတွင် ခိုင်မာခြင်းမရှိ သောကြောင့်ဖြစ်သည်ဟု Dropbox မှပြောကြားထားခဲ့ပြီး အခြားကိစ္စရပ်များကို တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသေးကြောင်းသိရသည်။

Ref: The Hacker News

#Democracytoday


Leave a Reply