ကျောက်တော်ပြည်ခိုင်ဖြိုးပါတီလုပ်ငန်းညှိနှိုင်းစည်းဝေး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမတွင် မြို့နယ်ပါတီကော်မတီဝင်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ (၁) ရက် နေ့လည် (၁၂) နာရီ အချိန်ကျင်းပပြုလုပ်ရာ ဗဟိုကော်မတီဝင်၊ ပြည်နယ်ပါတီကော်မတီဝင် ဦးဦးလှထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ကျင်းပပြီးစီးခဲ့သည့် ဒုတိယအကြိမ်ပါတီညီလာခံ အတွေ့ အကြုံများ ရှင်းလင်းပြောကြားခြင်း၊ ပြည်နယ်ပါတီအစည်းအဝေးသို့ တင်ပြ ရမည့် အချက်အလက်များအား ရှင်းလင်းခြင်း၊ ရေးရာကော်မတီ(၁၂) ခုတွင် တာဝန်ပေးအပ်မည့် မြို့နယ်ပါတီကော်မတီဝင် (၁၂) ဦးတို့အား ကော်မတီဝင် များ၏ ဆန္ဒဖြင့် ရွေးချယ်ခဲ့ကြပြီး မြို့နယ်ပါတီကော်မတီဝင်များမှ မိမိတို့ စည်းရုံးရေးနယ်မြေအလိုက် ပါတီဝင်အင်အား ရရှိရေးတို့အား ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် ကော်မတီဝင်များမှ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။ အစည်းအဝေးသို့ မြို့နယ်ကော်မတီဝင်နှင့် မြို့နယ် အရန်ကော်မတီဝင်များ စုစုပေါင်း (၁၈) ဦး တက်ရောက်ခဲ့ကြပြီး နေ့လည် (၁) နာရီ (၄၅) မိနစ်အချိန်တွင် အစည်းအဝေး ပြီးစီးကြောင်း သတင်းရရှိသည်။


Leave a Reply