မက္ကဆီကိုပင်လယ်ကွေ့၌ အပူပိုင်းမုန်တိုင်း Hermine ဖွဲ့စည်းဖြစ်ပေါ်နေ ဖလော်ရီဒါဘက်သို့ရွှေ့လျားနေ

မက္ကစီကို စီးတီး စက်တင်ဘာ ၁

အပူပိုင်းမုန်တိုင်း Hermine သည် သြဂုတ် ၃၁ ရက်က မက္ကဆီ ကိုပင်လယ်ကွေ့၌ ဖွဲ့စည်းဖြစ်ပေါ်ကာ အမေရိကန် နိုင်ငံ ဖလော်ရီဒါ နှင့်ဂျော်ဂျီယာပြည်နယ်များသို့ တိုက်ခတ်နိုင်သည်ဟု မိုးလေ၀သခန့်မှန်းသူများက စက်တင်ဘာ ၁ ရက်က ပြောဆိုလိုက်သည်။

14225397_1266273230058854_5451043479552545409_n

မုန်တိုင်းသည် ဖလော်ရီဒါမြောက်ပိုင်းသို့ ပြင်းထန်စွာ ၀င်ရောက်တိုက်ခိုက်နိုင်၍ ပြည်နယ် အုပ်ချုပ်ရေးမှူး ရစ်စကော့က ပြည်နယ်အတွင်း နေရာ ၄၂ ခုအား အရေးပေါ်အခြေအနေအဖြစ် ကြေညာထားခဲ့သည်။

ပြည်နယ်အတွင်းမှာ မိသား စုများသည် နေအိမ်များ၊ အလုပ်ရုံများအား မုန်တိုင်းကြိုတင်ကာကွယ်မှုများ ပြုလုပ် ထားရန် ၎င်းကကြေညာချက်ထုတ်ပြန် သတိပေးထားသည်။

မုန်တိုင်းသည် တင်မ်ပါမြို့ အနောက်တောင်ဘက် ၄၁၅ မိုင် (၆၆၅ ကီလိုမီတာ) ကွာဝေးသော ပင်လယ်ကွေ့ အလယ်နေရာလောက်၌ တည်ရှိနေသည်။ ယင်းသည် မြောက်ဘက်ဆီသို့ တစ်နာရီနှစ်မိုင်နှုန်းဖြင့် ဦးတည် ရွှေ့လျားနေပြီး လေတိုက်နှုန်းသည် တစ်နာရီမိုင် ၄၀ ရှိနေသည်ဟု အမျိုးသားဟာရီကိန်းစင်တာက သတင်း ထုတ်ပြန်ကြေညာထားသည်။
Ref:AFP

 


 


Leave a Reply