နယူးဇီလန်နိုင်ငံတွင် ပြင်းအား ၇.၁ မဂ္ဂနီကျုရှိ အင်အားအလွန်ပြင်းထန်သော ငလျင်လှုပ်ခတ်မှုကြောင့် အသေးစား ဆူနာမီရေလှိုင်းဖြစ်ပေါ်
ဝယ်လင်တန် စက်တင်ဘာ ၂
နယူးဇီလန်နိုင်ငံ အရှေ့ဘက်ကမ်းခြေဒေသတွင် သောကြာနေ့နံနက် အာရုံမတိုင်မီ ပြင်းအား ၇.၁ မဂ္ဂနီကျုရှိ အင်အား အလွန်ပြင်းထန်သော ငလျင်တစ်ခု လှုပ်ခတ်သွားသည့်အတွက် အသေးစား ဆူနာမီရေလှိုင်း ဖြစ်ပေါ် ခဲ့သော်လည်း ထိခိုက်ဒဏ်ရာရရှိမှုနှင့် အပျက်အစီးစာရင်း မရရှိကြောင်း တာဝန်ရှိသူများက ပြောသည်။
နောက်ဆက်တွဲငလျင်ငယ်များအဖြစ် ပြင်းအား ၆ မဂ္ဂနီကျုနီးပါးရှိ ငလျင်များသည် နာရီပေါင်းများစွာကြာ ဆက်တိုက်လှုပ်ခတ်မှုကြောင့် ကမ်းရိုးတန်းရှိ ဒေသခံများက မြေမြင့်ပိုင်းသို့ ဓါတ်မီးကိုယ်စီဖြင့် သွားရောက် ခိုလှုံခဲ့ ကြရသည်။
၃ နာရီကြာပြီးနောက် ၃၀ စင်တီမီတာအမြင့်ရှိ ဆူနာရီရိုက်ခတ်ပြီးနောက် ၎င်းတို့ကို အိမ်တွင် ပြန်လည်နေထိုင်ရန် အကြံပေးခဲ့သည်။
အမျိုးသားအရေးပေါ်အစီအမံအဖွဲ့ဖြစ်သည့် ပြည်တွင်းကာကွယ်ရေးအဖွဲ့က “အကြီးမားဆုံးလှိုင်းတွေ ဖြစ်ပေါ်ခဲ့ ပေမယ့် လှိုင်းအမြင့်က ၂၀ စင်တီမီတာလောက်ပဲရှိခဲ့ပါတယ်၊ ပင်လယ်ရေပြင်နှင့် ကမ်းခြေဒေသရှိ အန္တရာယ် ကျရောက်သော နေရာများတွင် ပြင်းထန်သော ရေစီးကြောင်းနှင့် ကမ်းခြေမှ ရေစီးရေလာကိုကြည့်၍ ခန့်မှန်းနိုင် ကြောင်း” ပြောကြား သည်။
Ref:AFP