တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဘရူးနိုင်းသို့ ပထမဆုံးအကြိမ်သွားရောက်

ရန်ကုန်၊ စက်တင်ဘာ ၁

ဘရူနိုင်း ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘရူးနိုင်းနိုင်ငံသို့ စက်တင်ဘာလ (၁) ရက် ညနေပိုင်းက ပထမဆုံးအကြိမ် အဖြစ် သွားရောက်ခဲ့ကြောင်း ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ရေးအဖွဲ့ထံမှ သိရသည်။

14100278_1240837182613944_2291369709259938336_n

ဘရူနိုင်း ဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Maj. Gen. Dato Paduka Seri Mohd Tawih Bin Abdullah က ဖိတ်ကြားခြင်းဖြစ်ပြီး တပ်/ချုပ်နှင့်အတူ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် တပ်မတော်အရာရှိများ လိုက်ပါခဲ့ကြောင်း ယင်းသတင်းထုတ်ပြန်ရေးအဖွဲ့က ဆိုသည်။

ခရီးစဉ်အတွင်း ဘရူနိုင်းဒါရုဆလမ်နိုင်ငံ အကြီးအကဲ၊ ဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး အဆိုပါနိုင်ငံအတွင်း ထင်ရှားသောနေရာများကို ကြည့်ရှုလေ့လာမည် ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ – Senior General Min Aung Hlaing (Facebook)

 


Leave a Reply