ချယ်လ်ဆီးအသင်းကို ပြန်ရောက်လာတဲ့ နောက်ခံလူ ဒေးဗစ်လုဇ်

320BA58700000578-3765683-image-a-10-1472579233077

ပရီးမီးယားလိဂ် အပြောင်းအရွှေ့ နောက်ဆုံးနေ့ရက်မှာ ချယ်လ်ဆီးအသင်းက အသင်းကစားသမားဟောင်း ဒေးဗစ်လုဇ် ကို ပြန်လည်ခေါ်ယူနိုင်ခဲ့ကြောင်း သိရပါတယ်။

နွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ နောက်ခံကစားသမားတစ်ဦး ရှာဖွေဖို့ ကြိုးစားခဲ့တဲ့ ချယ်လ်ဆီးအသင်းဟာ အခြား ခေါ်ယူချင်တဲ့ ကစားသမားတွေကို ခေါ်ယူခွင့်မရခဲ့တဲ့အတွက် ပီအက်စ်ဂျီအသင်းကစားသမား ဒေးဗစ်လုဇ်ကို ပြန်လည်ခေါ်ယူခဲ့တာဖြစ်ပါတယ်။ အပြောင်းအရွှေ့ကာလ နောက်ဆုံးရက်မှာပဲ ဒေးဗစ်လုဇ်က ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖို့အတွက် လန်ဒန်ကို ဆေးစစ်ဖို့ ထွက်ခွာလာခဲ့ပါပြီ။

အကြိုသတင်းထွက်ခဲ့တဲ့အတိုင်း ဒေးဗစ်လုဇ်ဟာ ချယ်လ်ဆီးအသင်းထံကို ပြောင်းရွှေ့ကြေး ပေါင် ၃၈ သန်းနဲ့ ပြန်ရောက် လာခဲ့တာပါ။ လွန်ခဲ့တဲ့ နှစ်နှစ်တုန်း ချယ်လ်ဆီးအသင်းကို စွန့်ခွာခဲ့တဲ့ ဒေးဗစ်လုဇ်ဟာ ပီအက်စ်ဂျီအသင်း အတွက် ပေါင်သန်း ၅၀ ကုန်ကျပြီး ကမ္ဘာ့ဈေးအကြီးဆုံး နောက်ခံကစားသမား ဖြစ်ခဲ့ပါတယ်။

Source : Goal


Leave a Reply