iPhone 7 အား စက်တင်ဘာလ ၇ ရက်နေ့တွင် မိတ်ဆက်ကြေညာမည်

ဆန်ဖရန်စ္စကို ၊ သြဂုတ် ၃၀

ကမ္ဘာပေါ်တွင် ရောင်းအားအကောင်းဆုံးစမတ်ဖုန်းများထုတ်လုပ်လေ့ရှိသော Apple ၏ မျိုးဆက်သစ် iPhone 7 အား လာမည့်စက်တင်ဘာလ (၇) ရက်နေ့တွင် ဆန်ဖရန်စ္စကိုမြို့၌ မိတ်ဆက်ကြေညာမည်ဖြစ်ကြောင်း GSM Arena သတင်းဌာနတွင် ဖော်ပြထားသည်။

22c7e0b344aced0869fa3663b229dd11_L

ကောလဟလသတင်းများအရ ယင်းမိတ်ဆက်ပွဲတွင် iPhone 7 နှင့် iPhone 7 Plus တို့ အား မိတ်ဆက် ကြေညာနိုင်ဖွယ်ရှိကြောင်း သိရပြီး iPhone 6 SE နှင့် iPhone 6 SE Plus တို့ကိုပါ ကြေညာနိုင်သည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိသည်။

iPhone Pro ထုတ်လုပ်မည်ဆိုသော သတင်းမှာ မှားယွင်းကြောင်း အထက်ပါသတင်းဌာနတွင် ထပ်မံဖော်ပြ ထားပြီး ကျောဘက်ကင်မရာနှစ်လုံး နည်းပညာမှာ iPhone 7 Plus တွင် ပါဝင်လာဖွယ်ရှိကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

နားကြပ်တပ်ဆင်သော 3.5mm အပေါက်ငယ်အား ပြင်ဆင်၍ နားကြပ်တပ်ဆင် ပုံအသစ်တစ်ရပ် ထည့်သွင်းပေး မည်ဟု သတင်းများထွက်ပေါ်လျက်ရှိပြီး စက်တင်ဘာလ ၉ ရက်နေ့တွင် iPhone 7 အား ကြိုတင်မှာယူမူများ ပြုလုပ်နိုင်မည်ဖြစ်ကြောင်းသိရသည်။

Ref: GSM Arena

#Democracytoday


Leave a Reply