နာမည်ကျော် ဟာသသရုပ်ဆောင် ဂျင်းန်ဝိုင်းလ်ဒါး ကွယ်လွန်

နယူးယောက်၊ သြဂုတ် ၂၉

အမေရိကန်ဟာသသရုပ်ဆောင် ဂျင်းန်ဝိုင်းလ်ဒါးသည် ကွန်နက်တီကပ်ပြည်နယ် စတမ်းဖို့ဒ်ဒေသရှိ ၎င်း၏နေအိမ် တွင် အယ်လ်ဇိုင်းမားရောဂါဖြင့် ကွယ်လွန်သွား ခဲ့ပြီဖြစ်ကာ ကွယ်လွန်ချိန်တွင် ၀ိုင်းလ်ဒါး၏ အသက်မှာ ၈၃ နှစ် အရွယ်ရှိနေပြီဖြစ်ကြောင်း BBC က ဖော်ပြထားသည်။

14183807_1218318391521751_4695303979563181667_n

ဝိုင်းလ်ဒါးသည် ၁၉၇၁ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် Willy Wonka & The Chocolate Factory ရုပ်ရှင်ကားတွင် ၀ီလီဝန်ကာဇာတ်ရုပ်ဖြင့် နာမည်ရရှိခဲ့သူဖြစ်ပြီး The Producers၊ Blazing Saddles နှင့် Young Frankenstein အစရှိသောဇာတ်ကားများမှာလည်း ၀ိုင်းလ်ဒါးကို ကမ္ဘာကျော်စေခဲ့သည်။

ဟောလိဝုဒ်အနုပညာလောကအသိုင်းအ၀ိုင်းတွင် ကျင်လည်နေသူများသည် ၀ိုင်းလ်ဒါး ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းကြောင်း စိတ်ခံစားချက်များကို ၎င်းတို့၏ သက်ဆိုင်ရာ လူမှုကွန်ရက်ဝက်ဘ်ဆိုက်များတွင် အဆက်မပြတ် လွှင့်တင်နေကြပြီး The Mask ရုပ်ရှင်ကားဖြင့် ကမ္ဘာကျော်ခဲ့သော သရုပ်ဆောင် ဂျင်မ်ကာရေးက ၀ိုင်းလ်ဒါးမှာ ကမ္ဘာတစ်လွှားရှိ လူအများကို ပျော်ရွှင်စေရန် စွမ်းဆောင်ပေးခဲ့သူဖြစ်၍ ကောင်းကင်ဘုံသာ အမှန်တကယ် ရှိခဲ့မည်ဆိုပါက ရွှေရောင်လက်မှတ်ဖြင့် ၀င်ခွင့်ရသူဖြစ်လိမ့်မည်ဟု ရေးသားထားသည်။

# The Voice


Leave a Reply