ဖိလစ်ပိုင်စစ်တပ်နဲ့ အဘူဆေယက်ဖ်တို့ တိုက်ပွဲများပြင်းထန်ပြီး နှစ်ဖက်သေဆုံးမှုများရ

90962161-mediaitem90962159

ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အဘူဆေယက်ဖ်သူပုန်အုပ်စုကို ချေမှုန်းပစ်ရန် စစ်တပ်ကို အမိန့်ပေးခဲ့ပြီးနောက် စစ်ဆင်ရေးစတင်ခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်နဲ့ အဘူဆေယက်ဖ်သူပုန်များကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း အနည်ဆုံး စစ်သား ၁၂ ဦး သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က သြဂုတ် ၂၉ ရက်မှာ ပြောပါတယ်။ ဖိလစ်ပိုင်စစ်တပ်က နိုင်ငံတောင်ပိုင်းမှာ ခြေကုပ်ယူထားတဲ့ အဘူဆေယက်ဖ် အစွန်းရောက်သူပုန်အဖွဲ့ကို တိုက်ခိုက်နေမှု ငါးရက်မြောက်နေ့မှာ စစ်သားများ သေဆုံးမှုစာရင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တိုက်ပွဲများအတွင်း အဘူဆေယက်ဖ်ဘက်မှ သေဆုံးမှုအရေအတွက်ကို မသိရှိနိုင်ပေမဲ့ သူပုန်တပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးနိုင်ကြောင်း ဖိလစ်ပိုင်စစ်တပ်က ဆိုပါတယ်။  ဖိလစ်ပိုင်စစ်တပ်မှ သေဆုံးတဲ့ တပ်ဖွဲ့ဝင်များအနက် ငယ်ရွယ်တဲ့ ဗိုလ်တစ်ဦးလည်း ပါဝင်ကြောင်း သိရပါတယ်။

ဖိလစ်ပိုင်စစ်တပ်က ဘူဆေယက်ဖ်ကို လေကြောင်းနဲ့ မြေပြင်စစ်ဆင်တိုက်ခိုက်မှု ကြာသပတေးနေ့ (သြဂုတ် ၂၅ ရက်) မှာ စတင်ခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ ဒူတာတေးက အဘူဆေယက်ဖ်သူပုန်အုပ်စုကို ချေမှုန်းပစ်ရန် စစ်တပ်ကို အမိန့်ပေးခဲ့ပြီးနောက် စစ်တပ်ရဲ့ စစ်ဆင်ရေးစတင်ခဲ့တာ ဖြစ်ပါတယ်။

လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေရဲ့ အဆိုအရ အဘူဆေယက်ဖ်သူပုန်အုပ်စုဟာ အစ္စလာမ်မစ် အယူအဆများထက် ပြန်ပေးဆွဲမှုများဖြင့် အမေရိကန်ဒေါ်လာ သန်းနဲ့ချီ ရှာဖွေနေတဲ့ အဖွဲ့ဖြစ်ကြောင်း ပြောကြားထားပါတယ်။

Source & Photo: BBC, Reuters


Leave a Reply