ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် အန္တရာယ်ကင်း ပရိတ် တရားတော် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

14089223_423250117850121_7627487379502496560_n _DSC3947

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ် အန္တရာယ်ကင်း ပရိတ် တရားတော်ရွတ်ဖတ်ပူဇော်ပွဲ အခမ်းအနားကို ယနေ့ (သြဂုတ်လ ၃၀) ရက် နံနက် (၉) နာရီအချိန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပါတီဥက္ကဋ္ဌ ဦးသန်းဌေး၊ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအတွင်းရေးမှူးများ ဖြစ်ကြသော ဒေါက်တာ ကျော်ကျော်ဌေး၊ ဦးသန်းထွန်းနှင့် ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဌာနကြီးမှူးနှင့် ဌာနမှူး/ဒုဌာနမှူးများ၊ ပါတီဌာနချုပ် အမျိုးသမီးဝတ်ရွတ်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

_DSC3931_DSC3932

ရှေးဦးစွာ အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုဖွင့်လှစ်၍ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များထံမှ ငါးပါးသီလ ခံယူဆောက် တည်ကြသည်။ ဆက်လက်၍ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များမှ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်သရစ္ဇျယ်ကြသည်။

_DSC3933 _DSC3934

ထို့နောက် ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ၊ အထွေထွေအတွင်းရေးမှူး၊ ဗဟို အတွင်းရေးမှူး၊ ဗဟိုအလုပ်အမှုဆောင်များမှ ဆရာတော်၊ သံဃာတော် များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီးနောက် လှူဒါန်းမှု အစုစုတို့အတွက် ရေစက်ချတရားတော်နာယူကြကာ နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားပြီးမြောက်ခဲ့သည်။

_DSC3937 _DSC3922

ဆက်လက်၍ ကြွရောက်တော်မူလာကြသော ဆရာတော်၊ သံဃာတော်များ အား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြသည်။


Leave a Reply