University of Technology Sydney နှင့် ပတ်သက်၍ ပညာရေးဆွေးနွေးပွဲ ကျင်းပမည်

14046018_10207768443228910_4979898854188960194_n

သြစတြေးလျတက္ကသိုလ်ဖြစ်သော University of Technology Sydney နှင့် ပတ်သက်၍ ပညာရေးဆွေးနွေးပွဲကို ၂၀၁၆ ခုနှစ် သြဂုတ်လ၂၉ ရက်၊ ညနေ ၄ နာရီမှ ၅ နာရီ အထိ Grace Education Services & Learning Center ၌ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို သြစတြေးလျမှ Mr.Chanchai ကိုယ်တိုင် လာရောက်ဆွေးနွေးပေးမည် ဖြစ်ကြောင်း သိရသည်။ UTS Insearch တွင် University Foundation Program,Diploma Programs, English Exam Preparation Program, Undergraduate Programs (ဘွဲ့ကြိုတန်း) နှင့် Post graduate Program (မာစတာတန်း) စသည့် Program များစွာ ရှိသည်။

သင်ကြားနိုင်မည့် ဘာသာရပ်များမှာ University Foundation Program အတန်းအတွက် International Studies, Education, Creative Intelligence & Innovation, Business, Science, Law, Design, Communication, Nursing, Engineering နှင့် Information Technology တို့ဖြစ်ပြီး Diploma တန်းအတွက် သင်ကြားနိုင်မည့် ဘာသာရပ်များ မှာ Business, Communication, Design & Architecture, Engineering, Information Technology နှင့် Science တို့ ဖြစ်သည်။

စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပြီး အသေးစိတ်သိရှိလိုပါက အမှတ် ၉၂၊ ၅၁ လမ်း၊ အလယ်ဘလောက်၊ ပုဇွန်တောင် မြို့နယ်၊ ရန်ကုန်၊ ဖုန်း-၀၉- ၅၁၄၀၈၀၂၊ ၀၉- ၇၈၅၁၄၀၈၀၂ သို့ ဆက်သွယ်စုံစမ်းနိုင်သည်။


Leave a Reply