ပုသိမ်ကြီးမြို့နယ် လက်ကောင်း-သလဲကုန်း-ရွာရှည်ကွန်ကရစ် လမ်းခင်းရန်ပြည်ခိုင်ဖြိုးပါတီမှ ဘိလပ်မြေအိတ် ၁၃ဝ လှူဒါန်း

ပုသိမ်ကြီးမြို့နယ် သလဲကုန်း ကျေးရွာအုပ်စု အတွင်းရှိ လက် ကောင်း- သလဲကုန်း- ရွာရှည် ကွန်ကရစ်လမ်းခင်းရန်အတွက် မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီနှင့် ပုသိမ်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ တို့ပူးပေါင်း၍ ဘိလပ်မြေအိတ် ၁၃ဝ ကို ယနေ့နံနက် ၉နာရီက အဆိုပါ လမ်းခင်းလုပ်ငန်းများ ဆောင်ရွက်နေ့သည့် ရွာရှည်ကျေး ရွာတွင် လမ်းဖြစ်မြောက်ရေး ကော်မတီသို့သွားရောက်လှူဒါန်း ခဲ့သည်။
”ကျွန်တော်တို့ပါတီက ကျေး လက်ဒေသတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် ပါတီအနေနဲ့တတ်နိုင်တဲ့ ဘက်ကနေ အကူအညီပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်နေပါတယ်။အခုလည်း လက်ကောင်း- သလဲ ကုန်း-ရွာရှည် ကွန်ကရစ်လမ်းကြီး အမြန်ဆုံး ပြီးမြောက်ဖို့အတွက် ခရိုင်နဲ့မြို့နယ်ပူးပေါင်းပြီး ဘိလပ် မြေအိတ်တွေလာလှူတာပါ။ ခရိုင် အနေနဲ့ အိတ်၃ဝရယ် မြို့နယ်က အိတ်၁ဝဝရယ် လှူဒါန်းတာပါ။ ဒီလမ်းကြီးပြီးသွားရင် ဒီနယ်မှာ နေတဲ့ ဒေသခံပြည်သူတွေအတွက် စီးပွားရေးကိစ္စတွေ ကျန်းမာရေး ကိစ္စတွေ၊ လူမှုရေးကိစ္စတွေစတဲ့ အရေးကိစ္စတွေမှာ အရင်ကထက် ပိုမိုကောင်းမွန်လာပြီး ဒေသဖွံဖြိုး တိုးတက်လာမယ်လို့ ယုံကြည်ပါ တယ်”ဟု ပုသိမ်ကြီးမြို့နယ်ပါတီ ဥက္ကဋ္ဌဦးဆွေသန်းက ပြောကြား ခဲ့သည်။

ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း များ ဆောင်ရွက်ရာသို့ မန္တလေး ခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘို သင်း၊ခရိုင်အတွင်းရေးမှူးဦးကျော် စန်း၊ပုသိမ်ကြီး မြို့နယ်တွင်းရေးမှူး ဦးကိုကိုလွင်နှင့် မြို့နယ်ပါတီ ကော်မတီဝင်များ၊ မြို့နယ်အရန် ပါတီကော်မတီဝင်များ၊ ပါတီဝင် များ စုစုပေါင်းအင်အား ၃ဝခန့် လာရောက်၍ ဘိလပ်မြေအိတ်များ လှူဒါန်းခြင်းနှင့် လုပ်အားဒါန ကူညီခြင်းများကို ဆောင်ရွက်ပေး ခဲ့သည်။

အဆိုပါ လက်ကောင်း- သလဲ ကုန်း – ရွာရှည် ကွန်ကရစ်လမ်း ခင်းမှုအနေဖြင့် လမ်းအကျယ် ၁၈ပေ ရှိကာ လမ်းအရှည်အနေဖြင့် ပေ ၅ဝဝဝ ရှိပြီး ကွန်ကရစ်လမ်း ခင်းခြင်း လုပ်ငန်းများကို လမ်းပြ ကြယ်လူငယ်မောင်မယ်များ လူမှု ကူညီရေးအသင်းမှ ဦးဆောင်ကာ လမ်းခင်းရေးလုပ်ငန်းများကို လုပ် အားဒါနအဖြစ် ဆောင်ရွက်လျက်ရှိ ကာလက်ရှိအချိန်တွင် လမ်းအရှည် ပေ၁၁ဝဝခန့်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

သုတ


Leave a Reply