ဂူဂဲလ် မှ အသုံးပြုသူစိတ်အနှောက်အယှက်ဖြစ်စေသော Pop-up ကြော်ငြာများပါဝင်သည့် ၀က်ဘ်ဆိုက်များကို အရေး ယူမည်

ဆီလီကွန်ဗေးလ် ၊ သြဂုတ် ၂၅

ဂူဂဲလ်မှ ၎င်း၏၀က်ဘ်ဆိုက်များတွင် ကြော်ငြာထည့်သွင်းရာ၌ Pop-up ကြော်ငြာများပါဝင်သော ၀က်ဘ်ဆိုက်များကို အရေးယူမည်ဟု သတင်းထုတ်ပြန်ခဲ့ကြောင်း The Verge သတင်းဌာနတွင် ဖော်ပြ ထားကြောင်းသိရသည်။

Google

လက်ရှိအချိန်တွင် Pop-up ကြော်ငြာများသည် အသုံးပြုသူများကို နည်းအမျိုမျိုးဖြင့် စိတ်အနှောက်အယှက် ဖြစ်စေ သောကြောင့် အရေးယူရခြင်းဖြစ်ကြောင်း ဂူဂဲလ်ထုတ်ပြန်ချက်တွင် ပါသည်။

ယင်းကြော်ငြာများသည် ၀က်ဘ်ဆိုက်၏ မည်သည့်နေရာကိုမဆို Click ပြုလုပ်မိရုံဖြင့် ထည့်သွင်းထားသော ကြော်ငြာ မှာ Browser မှ အခြား လုပ်ငန်းဆောင်တာတစ်ခုအနေဖြင့် လုပ်ဆောင်စေသောကြောင့် အသုံးပြုသူ၏ ဒေတာအသုံး ပြုမူ ကုန်ကျစရိတ်သော်လည်းကောင်း ၀င်ရောက်လိုသော ၀က်ဘ်ဆိုက်သို့ ၀င်ရောက် ရန်နှေးကွေးခြင်းစသော စိတ်ရှုပ်စရာများ ဖြစ်စေသည်ဟုသိရသည်။

ဂူဂဲလ်သည် ၎င်း၏ ၀က်ဘ်ဆာဗာပေါ်တွင် Pop-up မှ ဖြစ်ပေါ်စေသော Cookies များကြောင့် အခြားမလိုလား အပ်သော ပြဿနာများမဖြစ်စေရန် ကာကွယ်ခြင်းဖြစ်သည်ဟု အထက်ပါသတင်းဌာနတွင် ဖော်ပြထားသည်။

# Democracytoday


Leave a Reply