အာဆီယံ အိုလံပစ်ရွှေတံဆိပ်ဆုရှင်များအား တစ်သက်တာ လေယာဉ်အခမဲ့ စီးနင်းခွင့်ပေး

joseph-schooling

၂၀၁၆ ရီယိုအိုလံ ပစ်အားကစားပွဲတော်တွင် အရှေ့ တောင်အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) မှ အားကစားသမား များအား တစ်သက်တာလေယာဉ် အခမဲ့ စီးနင်းခွင့်ပေးမည်ဟု Air Asia စရိတ်နည်း လေကြောင်းလိုင်းက ထုတ်ပြန်သည်။

ငွေတံဆိပ်နှင့် ကြေးတံဆိပ် ရရှိသော အာဆီယံကစားအားက စားသမားများအတွက် လေ ကြောင်း၌ ၅ နှစ်နှင့် ၂ နှစ် အသီး သီး အခမဲ့စီးနင်းခွင့်ပြုကြောင်း အဲအေးရှား က ပြောသည်။

‘‘ဒီအစီအစဉ်မှာ အကျုံးဝင် တဲ့ အားကစားသမားတွေအနေနဲ့ Air Asia နဲ့ Air Asia X ရဲ့ အာရှ၊ သြစတြေးလျ၊ အရှေ့အလယ်ပိုင်း နဲ့ အာဖရိကမှ မြို့ပေါင်း ၁၂၀ ကျော်ကို ပျံသန်းနိုင်မှာဖြစ်ပါ တယ်’’ ဟု ထုတ်ပြန်ချက်က ဖော် ပြသည်။

စင်ကာပူရေကူးသမား ဂျိုး ဆက်စကူးလင်း၊ အင်ဒိုနီးရှားမှ ကြက်တောင်နှစ်ယောက်တွဲချန်ပီ ယံ လီလီယာနာနှင့် တန်တိုဝီ၊ ဗီယက်နမ် သေနတ်ပစ်သမား ဟောင်ဆွမ်ဗင်းနှင့် ထိုင်းအလေး မမယ် ဆရီဆူရက်နှင့် ဆိုဗီတာတို့ သည် အာဆီယံမှ အိုလံပစ်ရွှေတံ ဆိပ်ဆုရှင်များဖြစ်သည်။

‘‘ကျွန်တော်တို့ဒေသက တ ခြားလူတွေလည်း သူတို့ရဲ့ ခြေရာ နင်းကြမယ်လို့ မျှော်လင့်ပါတယ်’’ ဟု အဲအေးရှား အမှုဆောင်အရာ ရှိချုပ် တိုနီဖာနန်ဒက်စ်က ပြော သည်။

—Ref: Bernama


Leave a Reply