တိုင်းဒေသကြီး/ပြည်နယ် ပါတီဒုတိယဥက္ကဋ္ဌများအဖြစ် တာဝန်ပေးအပ်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း အပိုဒ် (၆၇)၊ အပိုဒ်ခွဲ (က)၊ (ည)၊ (ဋ) နှင့် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင်ရွေးချယ် ဖွဲ့စည်းရေး လုပ်ထုံးလုပ်နည်းများ အပိုဒ် (၂၇)၊ အပိုဒ်ခွဲငယ် (ဆ)၊ အပိုဒ်ခွဲငယ် စိတ် (၆)၊ (၇) တို့အရ ပါတီပြန်လည်ပြင်ဆင်ရွေးချယ်ဖွဲ့စည်းရေး ဗဟို ကော်မတီ၏ ရွေးချယ်အတည်ပြု ဆုံးဖြတ်ချက်ဖြင့် အောက်ဖော်ပြပါ ပုဂ္ဂိုလ် များအား ၎င်းတို့အမည်နှင့် ယှဉ်တွဲပါ တိုင်းဒေသကြီး/ ပြည်နယ်ပါတီ ကော်မတီ ဒုတိယဥက္ကဋ္ဌများအဖြစ် သြဂုတ်လ (၂၃) ရက်နေ့မှစ၍ တာဝန်ပေးအပ် လိုက်ကြောင်း သိရသည်-

( ၁) ဦးအောင်ချိုဦး ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)
(၂) ဦးအောင်သူ ရှမ်းပြည်နယ်(မြောက်ပိုင်း)
(၃) ဦးစိုင်းလုံဆိုင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)


Leave a Reply