မန်စီးတီးသို့ ပြောင်းရွှေ့မှု အပြီးသတ်ရန် ဘရာဗို မန်ချက်စတာမြို့သို့ရောက်ရှိ

SPorts_2

ဘာစီလိုနာ ဂိုး သမား ကလော်ဒီယိုဘရာဗိုသည် မန်စီးတီးအသင်းသို့ ပြောင်းရွှေ့မှု အပြီးသတ်ဆောင်ရွက်ရန် မန် ချက်စတာမြို့သို့ ရောက်ရှိနေပြီ ဖြစ်သည်။

ချီလီလက်ရွေးစင် ဘရာဗို (၃၃)နှစ်သည် မန်စီးတီးတွင် ဆေးစစ်မှု ခံယူသွားမည်ဖြစ်ကာ ၎င်း၏ အပြောင်းအရွှေ့ အတွက် ကလပ်နှစ်သင်းကြား သဘောတူ ညီပြီးဖြစ်သည်။

၂၀၁၄ နွေရာသီက ဆိုစီဒက် မှ ဘာစီလိုနာသို့ ရောက်ရှိခဲ့သော ဘရာဗိုသည် ယူရို ၁၉ ဒသမ ၈ သန်းဖြင့် မန်စီးတီးသို့ ပြောင်းရွှေ့ မည်ဟု မီဒီယာသတင်းများက ဆိုသည်။

မန်စီးတီး မန်နေဂျာ ဂွါဒီယို လာကမူ လူတိုင်းသိပြီးအကြောင်း အရာကို မငြင်းဆိုနိုင်သော်လည်း ချီလီဂိုးသမားကို ခေါ်ယူမှုမှာ မပြီး ပြတ်သေးဟု ပြောသည်။

ဘရာဗို ရောက်ရှိလာ၍ မန်စီးတီးအတွက် ပွဲ ၃၅၀ ခန့် ပါဝင်ကစားခဲ့သော အင်္ဂလန် လက်ရွေးစင် ဂျိုးဟတ်၏  အနာ ဂတ်သည် ပို၍ သံသယရှိစရာ ဖြစ်လာသည်။

Ref; AP


Leave a Reply