ပါတီဥက္ကဋ္ဌဦးသန်းဌေးနှင့် ပြည်တွင်းပြည်ပမီဒီယာများ တွေ့ဆုံမေးမြန်း ဖြေကြားချက်များ

နေပြည်တော်ရှိ ပါတီဌာနချုပ်တွင် သြဂုတ် (၂၄) ရက် မွန်းလွဲ ၁ နာရီခွဲခန့်ကပြုလုပ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆) သတင်းစာရှင်းလင်းပွဲတွင် ပြည်တွင်းပြည်ပမီဒီယာများနှင့် ပါတီဥက္ကဋ္ဌဦးသန်းဌေးတို့ တွေ့ဆုံမေးမြန်းမှုများကို လက်လှမ်းမီသမျှ ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ပြည်ထောင်စုနေ့စဉ်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီဟာ မကြာမီကာလက ရပ်ကွက်၊ ကျေးရွာအဆင့်နဲ့ မြို့နယ်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်တွေ မျက်နှာစုံညီ အစည်း အဝေးတွေ အဆင့်ဆင့် ကျင်းပလာပြီးတော့ ပါတီညီလာခံကို အခုရက်ပိုင်းအတွင်းမှာ ကျင်းပခဲ့ပါတယ်။ ပါတီညီလာခံကျင်းပပြီးတဲ့အချိန်မှာ ပါတီညီလာခံကနေပြီးတော့ အသစ်ရွေးချယ်အတည်ပြုလိုက်တဲ့ဥက္ကဋ္ဌကြီး ခင်ဗျာ။ ဥက္ကဋ္ဌကြီးအနေနဲ့ ပါတီညီလာခံကနေပြီးတော့မှ ရွေးချယ်လိုက်ပြီးတော့ ဥက္ကဋ္ဌတာဝန် စတင်ထမ်းဆောင်ရတဲ့ အချိန်မှာ ဘယ်လိုခံစားရပါသလဲခင်ဗျ။ နောက်တစ်ချက်က ပါတီလုပ်ငန်းများကို ရှေ့ကို ဘယ်လိုဆက်သွားမှာလဲဆိုတာရယ်၊ နောက်တစ်ချက်က ပါတီညီလာခံပထမနေ့မှာ တာဝန် ယူခဲ့တဲ့ပါတီရဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်ကြီးများဟာ ဘယ်အခန်းကဏ္ဍက ပါဝင်မှာလဲဆိုတာ သိလိုပါတယ်ခင်ဗျ။

ဘယ်လိုခံစားရလဲဆိုတော့ တော်တော်တာဝန်ကြီးတဲ့ကိစ္စတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခု ကလည်း အသက်အရွယ်အရ လူကြီးတွေနားသွားတဲ့အခါမှာ သူတို့အနေနဲ့ ကျွန်တော်တို့ကို လုပ်ရည်ကိုင်ရည်ရှိလိမ့်မယ်၊ ဆက်ပြီးတော့ ပါတီကို ထိန်းကျောင်းသွားနိုင်လိမ့်မယ်လို့ ယူဆတဲ့အတွက် သူတို့ကလည်း ယုံကြည်တယ်။ အောက်ကလည်း ရွေးချယ်သဘောတူကြ တယ်။ ဒါကြောင့်မို့ ဒီနေရာကို ရောက်လာတာဖြစ်သော်လည်းပဲ စိတ်ထဲမှာ တော်တော်တော့ စိတ်မသက်မသာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ တစ်ချိန်တုန်းက နယ်ဘက်တာဝန်တွေ ထမ်းဆောင်တဲ့အခါမှာ အောက်မှာ ဝန်ကြီးဌာနတာဝန်ယူတုန်း ကလည်း အောက်မှာလူသောင်း ဂဏန်းလောက်ပဲရှိတာ။ ဒီနေ့ ကျွန်တော်တို့ ပါတီဝင်အင်အား ငါးသန်းလောက် ရှိပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့က ပြည်သူ့ပါတီအဖြစ်နဲ့ ခံယူထား တာ။ ဝန်ကြီးဌာနတစ်ခုလို ကျဉ်းကျဉ်းလေးလုပ်ရတာမဟုတ်တော့ဘဲနဲ့ တစ်နိုင်ငံလုံးရဲ့ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လုံခြုံရေး ဒါတွေဟာ ပြည်သူ့ပါတီအဖြစ်နဲ့ ခံယူထားရင် အကုန်လုံး စဉ်းစားရမယ့်အရာတွေဖြစ်တယ်။ ဒါတွေကို တာဝန်ယူပြီး အဖွဲ့အစည်းတစ်ရပ်ကို ခေါင်းဆောင်သွားရမယ့်ကိစ္စဟာ အင်မ န်ကြီးလေးတဲ့အတွက် ပျော်တယ်လို့မဟုတ်ဘူး။ အားလုံး ကျွန်တော့်ပခုံးပေါ် ရောက်လာတယ်လို့ ဒီလိုပဲခံစားတယ်။ တာဝန်ကျလာတယ်။ ကိုယ့်ပါတီဝင်တွေက ကိုယ့်ကို တာဝန်အပ်နှင်းလိုက်တယ်။ ဒါကြောင့်မို့ ကျွန်တော့်ရဲ့ ဥက္ကဋ္ဌ အသစ်ရဲ့ နှုတ်ခွန်းဆက်စကားမှာ ရွေးချယ်တင်မြှောက်တယ်လို့ ကျွန်တော် မသုံးလိုပါဘူး။ တင်မြှောက်လိုက်တယ်ဆိုတာထက် ရွေးချယ်တာဝန်ပေးလိုက်တာ၊ မင်းလုပ်ပေတော့။ ဒါကြောင်မို့ တော်တော်လေးတာဝန်ကြီးပါတယ်။ ဒီလိုခံစားမိတယ်။ နောက်ရှေ့ဆက် ဘာလုပ် မလဲဆိုတော့ ပါတီသည် ပြည်သူ့ပါတီအဖြစ် ခံယူတယ်လို့ ကျွန်တော်ခုနက ပြောပြီးပါပြီ။ နောက်တစ်ခုကတချို့တွေက နိုင်ငံရေးလုပ်တယ်ဆိုတဲ့အလုပ်ဟာ လူညစ်ပတ်တွေ လုပ်တဲ့ အလုပ်လို့ ဗြိတိသျှအရာရှိကြီးတစ်ဦးက သူ့ဘာသာသူ ပြောတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ဘယ်ဟုတ်မလဲ သူတော်စင်တွေမှ လုပ်နိုင်တာ။ ဒီလိုတွေ အငြင်းပွားကြတာရှိတယ်။ ကျွန်တော့်အနေနဲ့ပြောရရင် နိုင်ငံရေးအလုပ်ဆိုတဲ့ကိစ္စဟာ ကိုယ်သာ အစိုးရဖြစ်လာရင် နိုင်ငံရဲ့လူမှုရေး၊ စီးပွားရေး၊ လုံခြုံရေး အရာအားလုံးကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ဆန္ဒရှိတဲ့ သူတွေလုပ်တဲ့လုပ်ငန်းမျိုးဖြစ်တဲ့အတွက် ကျွန်တော်တို့ပြောရရင် ပရဟိတစိတ်ရှိ တဲ့သူတွေ၊ လူမှုရေးစိတ်ဓာတ်ရှိတဲ့သူတွေ ဒီလိုပုဂ္ဂိုလ်မျိုးတွေမှ လုပ်နိုင်တဲ့ လုပ်ငန်းတစ်ခုဖြစ်တယ်။ နောက်တစ်ခုကလည်း လုပ်မယ့်လုပ်ငန်းတွေအားလုံးဟာ တိုင်းပြည်အတွက်၊ လူမျိုးအတွက် မှီတင်းနေထိုင်ကြတဲ့ လုပ်သားအားလုံး အတွက် အကောင်းတကာ့အကောင်းဆုံး ကို ရည်မှန်းပြီး လုပ်သွားကြရမှာဖြစ် တယ်။ ဒီနေ့ဖြစ်နေတဲ့ ကျွန်တော်တို့ ကျင့်သုံးနေတဲ့ လွှတ်တော်ဒီမိုကရေစီ၊ သဘောက တစ်ဦးတစ်ဖွဲ့တည်း အာဏာ ပြုံပြီးရခြင်းသည် ကောင်းသလား၊ မကောင်းသလား ဝေဖန်ဆန်းစစ်စရာ တွေအများကြီး ဖြစ်လာပါတယ်။ နိုင်ငံရေး ပါတီများရဲ့ အန္တိမရည်မှန်းချက်က နိုင်ငံတော်အာဏာကို ရဖို့ပဲ ဒီလိုပဲပြောရမှာပဲ။ ဒီလိုရမှလည်းပဲ စောစောကပြောတဲ့ နိုင်ငံ အတွက်၊ လူမျိုးအတွက်လုပ်ငန်းတွေကို အင်တိုက်အားတိုက်လုပ်နိုင်မှာ။ သူတို့ သည် နိုင်ငံတော်အာဏာရဖို့ ရည်မှန်း သလို သဘောကရွေးကောက်ပွဲနိုင်ဖို့ပဲ။ ကျွန်တော့်ရဲ့ရှေ့လုပ်ငန်းစဉ်ဟာ ရွေး ကောက်ပွဲနိုင်ဖို့ ကျွန်တော်ကြိုးစားရ မယ်။ နောက်တစ်ခါ အရှုံးတို့၊ အနိုင်တို့ ဆိုတာ ဒီအချိန်ရှုံးမယ်၊ နောက်တစ်ချိန် နိုင်မယ်ဆိုတာ မွေးကတည်းက လူတွေ ကြုံခဲ့ရတဲ့ကိစ္စဖြစ်တယ်။ ကျွန်တော်ပါတီ လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမှာ ထိုက် သင့်တဲ့ရည်မှန်းချက်တစ်ခု အနိုင်ရအောင် ကျွန်တော်ကြိုးစားရမယ်။ နောက်တစ် ချက်က လက်ရှိအချိန်မှာလည်းပဲ ရှိတဲ့ အင်အားနဲ့ တိုင်းပြည်အတွက် အရေးကြီး တဲ့ကိစ္စတွေမှာ ကျွန်တော်တို့ပါတီရဲ့အသံ ထွက်ပေးရမယ်။ ဒါ ရှေ့ဆက်လုပ်တော့ မယ့်ကိစ္စပဲ။ ရေရှည်ရည်မှန်းချက်က ရွေး ကောက်ပွဲမှာ ကျွန်တော်တို့ထိုက်သင့်တဲ့ အောင်မြင်မှုရအောင်လုပ်မယ်။လောလော ဆယ် ကျွန်တော်တို့မှာ ရှိတဲ့အင်အားနဲ့ ကျွန်တော်တို့ကို ထောက်ခံတဲ့ပြည်သူနဲ့ အမှန်တရားကို လိုလားသော၊ လက် တွေ့ပကတိ ဖြစ်နေသောအခြေအနေများ ကိုသိသောပုဂ္ဂိုလ်များရဲ့ရှေ့မှာ ကျွန်တော် တို့ရပ်တည်ပေးမယ်။ ဒါကျွန်တော်တို့ လုပ်ငန်းစဉ်။ ဒါစောစောက ကျွန်တော် ဥက္ကဋ္ဌသစ်ရဲ့ နှုတ်ခွန်းဆက်စကားမှာ လည်း ကျွန်တော်ပြောခဲ့ပါတယ်။ ဘယ် လိုလဲဆိုရင် ကျွန်တော်တို့ကို လူငယ်သွေး သစ်တွေဆိုပြီးတော့ ထားခဲ့ပြီ။ လူငယ် သွေးသစ်တွေဆိုပေမဲ့ ကျွန်တော် အသက် ၆ဝ ကျော်ပါပြီ။ အဲ့တော့ ဒီနေ့ ကျွန်တော် တို့ကို ပခုံးပြောင်းပေးခဲ့တဲ့ လူကြီးများရဲ့ အသက်ကို မှန်းကြည့်ကြပေါ့။ တချို့ လည်း ၈ဝ ကျော်ပြီ။ ဒီလောက်တွေ ဖြစ်နေပြီ။ ဒီလိုဖြစ်တဲ့အခါမှာ ကျွန်တော် တို့ကို မင်းတို့တွေ အင်တိုက်အားတိုက် သွေးသစ်လောင်းပြီး ဆက်လုပ်ကြကွာ။ သူတို့ကျောခိုင်းပြီးတော့ ထွက်သွားတာ မဟုတ်ဘူး။ ဒီလိုလည်း မလုပ်အပ်ဘူး။ ဒါပေမဲ့ဒီနေရာမှာ လူတွေ Confuse ဖြစ် နေတဲ့ကိစ္စမျိုးရှိမယ်။ ဒါဘာလဲဆိုရင် မနေ့ကထုတ်ပြန်လိုက်တဲ့ အခင်းအကျင်း ကိုကြည့်ပြီး အပေါ်မှာလည်းပဲ ဒီအဖွဲ့က ရှိနေသေးတယ်။ လူတွေကိုလည်း ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ပေးထားတယ်။ ဒီလိုပဲ၊ နောက်ကနေ ဟိုဒင်းဖြစ်မှာလား။ လွတ် လွတ်လပ်လပ်ရော လုပ်ခွင့်ရှိမှာလား။ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့နှုတ်ခွန်းဆက် စကားထဲမှာ ကျွန်တော်ပြောထားတာ ပါတီတစ်ခုကို မိသားစုတစ်ခုလိုပဲ မြင် ကြည့်စမ်းပါ။ မိသားစုထဲမှာ အဘိုး၊ အဘွားတွေရှိမယ်။ အဖေ၊ အမေရှိမယ်။ သားသမီးတွေရှိမယ်။ လုပ်ရည်ကိုင်ရည် ရှိတဲ့ပုဂ္ဂိုလ်သည် အိမ်ထောင်ဦးစီးအဖြစ် နဲ့ အိမ်ရဲ့စီးပွားရေးကိုရှာမယ်။ အိမ် ထောင်စုတစ်ခုရဲ့ လုပ်သင့်ကိုင်သင့်တဲ့ မူဝါဒတွေ သူချမှတ်သွားမယ်။ အဲ့ဒါဟာ ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၊ အိမ်ထောင်ဦးစီးသည် ဗဟိုအလုပ်အမှု ဆောင်အဖွဲ့။ ဒါပေမဲ့ မြန်မာလူမျိုးတွေ မြန်မာတန်ဖိုး၊ ခြုံပြီးပြောရရင် လူရဲ့ တန်ဖိုး။ ကိုယ်အိမ်ထောင်ဦးစီးဖြစ်လာ တော့ ကိုယ့်အဖေကိုတော့ မပစ်ပယ်သင့် ပါဘူး။ ကိုယ့်အဘိုး၊ အဘွားတော့ ခင်ဗျားနဲ့မဆိုင်တော့ပါဘူးဆိုပြီး မလုပ် သင့်ပါဘူး။ အိမ်မှာ ခင်ဗျားတို့အဘိုး၊ အဘွားတွေက မတိမ်းမစောင်းအောင် ထိန်းပေးဦးမှာပဲ။ ဒီလိုစဉ်းစားကွ၊ ဒီလို လေးတော့ ဖြစ်သင့်တယ်ကွ။ ဒီလိုရှိပါ တယ်။ အဲဒါကြောင့် ကျွန်တော်တို့ ပါတီရှေ့လုပ်ငန်းစဉ်ထဲမှာ ချထားတာကို က အမျိုးဂုဏ်၊ ဇာတိဂုဏ် ထိန်းသိမ်း ရမယ်။ ယဉ်ကျေးမှုမပျောက်ပျက်ရဘူး။ အဲ့ဒီဟာက တော်ရုံတန်ရုံ စာရွက်ထဲမှာ ရေးသားရုံလောက် မဟုတ်ဘူး။ ကျွန် တော်တို့ ရည်ရွယ်တာက ယနေ့တော့ ဒီတိုင်းပြည်မှာ ကျွန်တော်တို့ရဲ့ အမျိုး ဂုဏ်၊ ဇာတိဂုဏ်တွေ ဘာဖြစ်နေပြီလဲ။ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအခြေအနေ တွေ ဘာဖြစ်နေပြီလဲ။ အမျိုးဂုဏ်၊ ဇာတိ ဂုဏ်လို့ပြောရင် တောင်ရှည်ပုဆိုးကြီးနဲ့ လက်ရှည်ကြီးသွားမမြင်နဲ့။ အခု မိသား စုထဲမှာနေတဲ့ ယဉ်ကျေးမှုကိုပါ စဉ်းစား သင့်တယ်။ အဲ့ဒါ မြန်မာတန်ဖိုး။ လူ စစ်စစ် လူတွေရဲ့တန်ဖိုး။ ဒါကြောင့် လူ သစ်နဲ့လူဟောင်း၊ စွန့်ခွာသွားတဲ့သူနဲ့ အသစ်ဝင်လာတဲ့သူ။ ဒီကြားထဲမှာ ကွန် ထရာတစ်ဖြစ်မယ့်အရာမျိုး ဘယ်တော့မှ လက်မခံဘူး။ အဲ့ဒါ မြန်မာယဉ်ကျေးမှု စစ်စစ်ပဲ။ ဒါကို လက်တွေ့ကျင့်သုံးရင်းနဲ့ ကျွန်တော်တို့ မူဝါဒကို လက်တွေ့ အကောင်အထည်ဖော်သွားမယ်။ ခြုံပြီး ပြောရရင် ဗဟိုအလုပ်အမှုဆောင်ကော်မ တီ ကျွန်တော်ဥက္ကဋ္ဌ၊ ကော်မတီဝင်များ ပါပါတယ်။ ကျွန်တော်တို့ လွတ်လပ်စွာ ဆောင်ရွက်သွားပါမယ်။ သို့သော်လည်း စောစောကပြောတဲ့ ကျွန်တော်တို့ရဲ့ ယဉ် ကျေးမှု၊ ကျွန်တော်တို့ရဲ့ လူသားဆန်တဲ့ စဉ်းစားနည်းအရ၊ ကျွန်တော်တို့ အဘိုး၊ အဘွားတွေတော့ ဦးချမှာပဲဗျ။ သူတို့ ပြောတဲ့ ကျွန်တော်တို့အတွက် အန္တရာယ် ရှိနိုင်တယ်ဆိုရင်လည်း ကျွန်တော်တို့ နာခံမှာပဲဗျ။ ဒီလိုပဲတင်ပြချင်ပါတယ်။

ဧရာဝတီ။ ။ ဒီပါတီကအသင်းကြီး ကနေ လက်ရှိပါတီအတွင်းက သတင်းတွေကို ကျွန်တော်တို့ အွန် လိုင်းတွေ၊ ဖေ့စ်ဘုတ်တွေကြားမှာ ပြည်သူတွေက သိချင်တာလေး တွေရှိပါတယ်။ ဒီပါတီကြီးက အသင်းကြီးကနေ ပါတီအဖြစ် ကူးပြောင်းသွားတဲ့အခါကျတော့ ပိုင်ဆိုင်မှုတွေကို ဘယ်လိုအမွေ ဆက်ခံခဲ့သလဲ။ ပါတီအဖြစ် ကူးပြောင်းသွားတဲ့အချိန်မှာ နိုင်ငံပိုင် အဆောက် အအုံတွေကိုအတွက် လွှဲပြောင်းခဲ့တာတွေရှိခဲ့တယ်ဆိုတော့ အဲ့ဒါကို ပထမမေးခွန်း အဖြစ်နဲ့ သိချင်ပါတယ်။

ပါတီပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီး တော့ ၂ဝ၁ဝ မှာ အားလုံးရှင်းရှင်း လင်းလင်းနဲ့ အားလုံး ပါတီပိုင်ဖြစ်ထားပြီးသားဖြစ်ပါတယ်။ အသေးစိတ်ကတော့ ရှင်းပြဖို့ခက်မယ်။ အရှုပ်အရှင်း မရှိဘူး။ အားလုံးသည် ပါတီပိုင်စာရင်းပေါက်ပြီးဖြစ်တယ်။ ဒီလိုပဲဖြေကြားချင်ပါတယ်။

ကမာရွတ်။ ။ အခုမကြာခင်မှာ ဆိုလို့ရှိရင် ကျွန်တော်တို့ ၂၁ ရာစု ပင်လုံဆီကို သွားတော့မယ်ပေါ့နော်။ ဒီအထဲမှာလည်း နိုင်ငံရေးပါတီ အဖွဲ့အစည်းရော၊ လက်နက် ကိုင် အဖွဲ့အစည်းတွေရော၊ အစိုးရဘက်ကရော အကုန်လုံးပါမယ် ပေါ့။ အဲ့ဒီအခါကျတော့ ဒါ USDP ပါတီအနေနဲ့ရော ဒီအပေါ်မှာ ဘယ်လိုသဘောထားရှိလဲ၊ ပြီးတဲ့ အခါကျတော့ ဒီအစိုးရသစ်နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်ဖို့ရှိလဲ၊ ပြည်တွင်းငြိမ်းချမ်းရေးအပေါ်မှာရော USDP အနေနဲ့ ဘယ်လို သဘောထားရှိလဲဆိုတာကို သိချင်ပါတယ်။

အဲ့ဒီတော့ပါတီကိုခေါင်းဆောင်မှု ပခုံးပြောင်းသွားတယ်ဆိုသော်လည်းပဲ ပါတီကချမှတ်ထားတဲ့ တိုင်းပြည်အပေါ်မှာထားတဲ့ ရည်မှန်းချက်တွေ၊ တိုင်းပြည်နဲ့လူမျိုးအပေါ်မှာထားတဲ့ စေတနာ တွေကတော့ လုံးဝပြောင်းလဲတာမဟုတ်ဘူး။ ကျွန်တော်တို့ရဲ့ပါတီ ပြန်လည်ဖွဲ့စည်းမှုတွေမှာ တောင်မှပဲ မူဝါဒတွေ ဘာမှမပြောင်းဘူး။ မူဝါဒအကောင်းဆုံးတွေချထားတယ်။ တိုင်းပြည်နဲ့ လူမျိုးအတွက် ဖြစ်သင့်ဖြစ်ထိုက်တယ်ဆိုတာတွေကို အချိန်တွေအများကြီးယူပြီးမှ ချထားတာ။ ဒီအပေါ်မှာ အကောင်အထည်ဖော်မှု အားနည်းချက်ရှိ ကောင်းရှိမယ်။ နောက်တစ်ခါ ဒါကို ခံယူနားလည်သူတွေရဲ့နားလည်မှု၊ ဒါက သူတို့အပေါ်မှာ မူတည်တယ်။ အဲ့ဒီအတွက် အခု အချိန်မှာ ကျွန်တော်တို့ လုပ်တဲ့အပြောင်းအလဲသည် အရွယ်ရှိသေးသော ပုဂ္ဂိုလ်များ၊ လုပ်နိုင် သေးသော ပုဂ္ဂိုလ်များနဲ့ ပခုံးပြောင်းတာဝန်ယူတာပဲဖြစ်တယ်။ ဒါ့ကြောင့် ယခင်အစိုးရ လက်ထက်က ချခဲ့တဲ့မူတွေကို မည်သူနဲ့မဆို ပူးပေါင်းဆောင်ရွက်မယ်။ အဲ့ဒီအတိုင်းပဲ လုပ်ခဲ့တယ်။ ဒီကနေ့ ဒီအချိန်အထိပြီးရင် ငြိမ်းချမ်းရေးပေါ်မှာ ဘယ်လိုသဘောထားလဲ။ အဲ့ဒီ ငြိမ်းချမ်းရေးဟာဆိုလို့ရှိရင် ကျွန်တော်တို့အစိုးရ တာဝန်ယူတုန်းက ဥက္ကဋ္ဌကြီး သမ္မတ တာဝန်ယူတုန်းက စလုပ်ခဲ့ တဲ့ဟာပဲ။ ဒါကြီးကို အောင်မြင်စေချင်တာပေါ့။ ကျွန်တော်ကိုယ် တိုင် ဒီအထဲမှာလည်း ထဲထဲဝင်ဝင် လုပ်ခဲ့ဖူးတယ်။ ကျွန်တော်တို့ ဒီတုန်းက ယခင်မတိုင်ခင် ကျွန်တော့်ရဲ့တစ်ခါက တစ်ဘဝတုန်းကလည်း ကျွန်တော်တို့တော်တော် သားတစ်ကွဲ မယားတစ်ကွဲနေခဲ့ရတဲ့အခြေအနေ ကျွန်တော်တို့ တကယ်မြတ်နိုးတာပေါ့။ ငြိမ်းချမ်းရေးကို လိုချင်တာ ကျွန်တော်တို့ကိုယ်တိုင်ပဲ၊ ဒီအတွက် တိုင်းပြည်ကို ငြိမ်းချမ်းရေး ရစေချင်တယ်။ ဖြစ်နိုင်တဲ့နေရာက ကျွန်တော်တို့ဝိုင်းပြီးကူမယ်။ လာမယ့် ၃၁ ရက်နေ့မှ လုပ်မယ့် ငြိမ်းချမ်း ရေးညီလာခံမှာ ကျွန်တော်တို့လည်း တက်မှာပါ။ နိုင်ငံရေးပါတီတွေလည်း ဖိတ်ပါလိမ့်မယ်။ ကျွန်တော်တို့ တက်မယ်။ ကျွန်တော်တို့ပါတီရဲ့ သဘောထားတွေ ရေရှည်လုပ်ခဲ့တဲ့အတွေ့ အကြုံအရ ကျွန်တော်တို့အနေနဲ့ တင်ပြစရာလေးတွေ ရှိပါတယ်။ အဲ့ဒါလေးတွေ ကျွန်တော်တို့ တက်ရောက်တင်ပြသွားပါမယ်။ ပြောရလို့ရှိရင် ငြိမ်းချမ်းရေးအောင်မြင်အောင် တတ်နိုင် သလောက် ဝိုင်းဝန်းဆောင်ရွက်ပေးမယ်။ ငြိမ်းချမ်းရေးဆိုတဲ့ ထိပ်ပိုင်းတစ်ခုပဲကျန်တယ်။ ကျန်တာ တိုင်းပြည်စီးပွားရေး၊ လူမှုရေး၊ ဒီမိုကရေစီအရေး အများကြီးရှိမယ်။ အဲ့ဒီဟာတွေမှာ အစိုးရရဲ့ လုပ်ရပ်တွေ မှန်မယ်ဆိုရင် ကျွန်တော်တို့လုပ်မယ်။ မမှန်ဘူးဆိုရင် ကျွန်တော်တို့ထောက်ပြ မယ်။ ဒါပါပဲ။

နေထက်ဝေ


Leave a Reply