ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆)ကို ကြွေးကြော်သံများဖြင့် အောင်မြင်စွာရုပ်သိမ်း မှတ်တမ်းတင်ခြင်း အတည်ပြုခြင်း ဆုံးဖြတ်ခြင်းရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်း အတည်ပြုကြောင်းကြေညာ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ(၂ဝ၁၆)တတိယနေ့အခမ်းအနားကို သြဂုတ် (၂၄) ရက် နံနက် ၈ နာရီခွဲခန့်က နေပြည်တော်ရှိ ပါတီဌာနချုပ်ညီလာခံခန်းမ၌ကျင်းပခဲ့ပြီး ညီလာခံ၏မှတ်တမ်း တင်ခြင်း၊ အတည်ပြုခြင်း၊ ဆုံးဖြတ်ခြင်း၊ ရှေ့လုပ်ငန်းစဉ်များချမှတ်ခြင်းတို့နှင့်စပ်လျဉ်း၍ ညီလာခံ၏ သဘောထားကို ရယူကာ အတည်ပြု၍ အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

ဒုတိယအကြိမ်ပါတီညီလာခံ (၂ဝ၁၆) တတိယနေ့အခမ်းအနား နံနက်ပိုင်းတွင် သဘာပတိ အဖြစ်ပါတီ ဗဟိုနာယက သူရဦးအေးမြင့်၊ ဒုတိယဥက္ကဋ္ဌဦးမြတ်ဟိန်း၊ ဦးစဝ်အောင်မြတ်တို့က ဆောင်ရွက်ခဲ့ပြီး အခမ်းအနားမှူးအဖြစ်ပါတီအတွင်း ရေးမှူးဒေါက်တာကျော်ကျော်ဌေး၊ တနင်္သာရီတိုင်းဒေသကြီးမှ ဦးကျော်ကျော်ဦးတို့ကဆောင်ရွက်ခဲ့သည်။

ယင်းနောက် အစုအဖွဲ့ပါတီ ညီလာခံကိုယ်စားလှယ်များက နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး စာ တမ်း၊ ပြည်သူတို့၏လူမှုစီးပွားဖွံ့ ဖြိုးတိုးတက်ရေးစာတမ်း၊ ဒီမိုကရေစီရှင်သန်ရင့်ကျက် ခိုင်မာရေးစာ တမ်း၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးကို ပိုမိုခိုင်မာစေသော ဖက်ဒရယ် စနစ်ကိုအခြေခံသည့်ပြည် ထောင်စုထူထောင်ရေးစာတမ်း၊ နိုင်ငံတော်အချုပ်အခြာအာဏာ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးစာတမ်း စသည့် စာတမ်းငါးစောင်ကို တင်သွင်းဖတ်ကြားခဲ့သည်။

အဆိုပါညီလာခံသို့တင်သွင်းလာသည့်အစုအဖွဲ့များ၏ ဆွေးနွေးချက်စာတမ်းများ၊ တိုင်း ဒေသကြီး/ ပြည်နယ်ပါတီကော်မတီ လုပ်ငန်းအစီရင်ခံစာများနှင့် စပ်လျဉ်း၍ ဗဟိုအလုပ် အမှုဆောင်ကော်မတီ၏ ကိုယ်စား ပါတီအထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းက ပြန် လည်သုံးသပ်ဆွေးနွေးခဲ့သည်။

ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက အဖွင့် မိန့်ခွန်းပြောကြားရာတွင် ဗဟိုကော်မတီနှင့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ကျွန်တော့်ကိုလည်းကောင်း၊ မျက်နှာသစ်၊ လူသစ် ၆၁ ရာခိုင်နှုန်းကျော်ပါသည့် ဗဟို အလုပ် အမှုဆောင်များကိုလည်း တာဝန်ပေးခဲ့သည့်အတွက် ဂုဏ်ယူပါကြောင်း၊ ရွေးကောက်ပွဲရှုံးနိမ့် ခဲ့ပြီး အစိုးရဖွဲ့စည်းခွင့်၊ တစ်နည်းအားဖြင့် အာဏာလက်လွှတ်ဆုံးရှုံးခဲ့သော ပါတီတစ်ရပ်ကို ဦးဆောင်ရမည့်တာဝန်သည် ပန်းခင်းလမ်းပေါ် အလိုက်သင့်လှမ်းရမည့် အခြေအနေ မဟုတ်ဘူးဆိုတာ အားလုံး နားလည်ပါကြောင်း၊ အလွန်ကြီးလေးသောတာဝန်ကို ကျွန်တော့် ပခုံးပေါ် ရောက်ရှိလာခြင်းဖြစ်သည့်အတွက် ရွေးချယ်တင်မြှောက်ခြင်း ဆိုသည်ထက် ရွေးချယ်တာဝန်ပေးခြင်းဆိုသော အဓိပ္ပာယ်ကို ပိုမို သဘောကျကြောင်း၊ ဒီအတိုင်း လည်းခံယူကြောင်း၊

လဲကျရာမှထူ မတ်လာအောင်၊ ရှုံးနိမ့်ထားသော အခြေအနေမှ အောင်မြင်မှုကို ပြန်လည် သိမ်းပိုက်နိုင်အောင် ရည်မှန်းချက်အဆင့်ဆင့်ထားပြီး ကြိုးစား ၏ဆောင်ရွက်မည်ဖြစ်ကြောင်း၊ တစ်ဦး ကောင်းတစ်ယောက်ကောင်းနှင့် မရ၊ စုပေါင်းအားထုတ်မှ အောင်မြင်မှုနှင့် နီးစပ် မည်ဖြစ်ကြောင်းပြော ကြားသည်။

ဆက်လက်၍ပါတီကို စဉ်ဆက်မပြတ် ဦးဆောင်မှုပေးနိုင်ရန်အတွက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့နှင့် အမှုဆောင်အဖွဲ့အဆင့် ဆင့်တို့ကို မျိုးဆက်သစ်အဖြစ် တာဝန်များ လက်ဆင့်ကမ်း လိုက်သော်လည်း ယခင်ဦးဆောင်ခဲ့ကြသည့် လူကြီးများက အသက်အရွယ်၊ ကျန်းမာရေးနှင့် အကြောင်းအမျိုးမျိုးကြောင့် ရှေ့တန်းက တာဝန်မထမ်းဆောင်နိုင်သော်လည်း ပါတီဗဟို ဦးဆောင်ပုဂ္ဂိုလ်ကြီးများ၊ နာယကကြီးများ၊ အတိုင်ပင်ခံ ပုဂ္ဂိုလ်ကြီးများအဖြစ် ပါတီကို ရင်အုပ်မကွာ စောင့်ရှောက်ပေးကြမှာ ဖြစ်သည့်အတွက် အားတက်ရသလို၊ စိတ်ဓာတ်ရေးရာ လုံခြုံမှုလည်းဖြစ်ရကြောင်း၊ ပါတီရှင်သန်ခိုင်မာရေးအတွက် ပေးလာမယ့် လမ်းညွှန်မှုနဲ့ အကြံဥာဏ်များကိုလည်း လေးစားစွာ ခံယူလိုပါကြောင်း၊ နိုင်ငံရေးတာဝန်များ ထမ်းဆောင် ခြင်း သို့မဟုတ် နိုင်ငံရေးလုပ်ခြင်းကို မိမိမြင်သလို၊ ခံစားမိသလို အသီးသီး အဓိပ္ပာယ်ဖွင့်ဆို ကြရာတွင် အချို့က လူလိမ်၊ လူကောက်များ လုပ်သည့်အလုပ်ဆိုပြီး အချို့က တော့ လူတော်များသာလုပ်သည့် အလုပ်ဟုစသဖြင့် ပြောဆိုကြ ကြောင်း၊ကိုယ်တိုင်ခံစားလုပ်ဆောင် လာသည့် အတွေ့အကြုံများအရ နိုင်ငံရေးလုပ်ငန်းစဉ်များအတွင်း လူမှုရေးလုပ်ငန်းနှင့် ပရဟိတလုပ် ငန်းစဉ်သဘောတရားများ၊ ပြည်သူများနှင့်သဟဇာတဖြစ်အောင် ညှိနှိုင်း ဆောင်ရွက်ရတဲ့ တရားကိုယ် သဘောများပါဝင်နေသောကြောင့် ပရဟိတစိတ်ဓာတ်၊ လူမှုရေးစိတ်ဓာတ်၊ ညှိနှိုင်းဆောင်ရွက်တတ်တဲ့ စိတ်ဓာတ်အခြေခံများနှင့် ပြည့်စုံမှသာ လုပ်နိုင်သော လုပ်ငန်းမျိုးဖြစ်ကြောင်း၊

မိမိတို့နှင့်လက်တွဲညီညီ ကျရာတာဝန်ကို ပူးပေါင်းဆောင်ရွက်ကြမည့် လုပ်ဖော်ကိုင်ဖက်များ ကို ဂုဏ်ယူဝမ်းမြောက်စွာ ကြိုဆိုကြောင်း၊ ချော့၍တာဝန်ပေးမှ လုပ်မည့်သူတွေ များသည့် အဖွဲ့အစည်းမျိုးဆိုလျှင် ကြွေးကြော်သံ၊ ဆိုင် ဘုတ်များ မည်မျှကောင်းကောင်း အောင်မြင်ခြင်း လမ်းကြောင်းနှင့် အလှမ်းဝေးနေမည်ဆိုသည်ကို သတိချပ်ကြစေချင်ကြောင်း ၎င်းးက ပြောသည်။

ယင်းနောက် ပါတီဥက္ကဋ္ဌက ဆက်လက်ပြောကြားရာတွင် ဖွဲ့စည်းမှုအသစ်၊ လူသစ်၊ သွေးသစ် များနှင့် ဆက်လက်ဆောင်ရွက်သွားကြမည့် ရှေ့လုပ်ငန်းစဉ်များကို စဉ်းစားသည့်အခါတွင် ပါတီညီလာခံ၏ ရည်ရွယ်ချက်များသည် ဆက်လက်အကောင်အထည်ဖော်ရမည့် လုပ်ငန်း စဉ်များဖြစ်သင့်သကဲ့သို့ နိုင်ငံတော်တွင် လတ်တလောကြုံတွေ့နေရသည့် လူမှုရေး၊ စီးပွားရေး၊ တည်ငြိမ်အေးချမ်းရေး၊ သဘာဝဘေး စသည့်အခြေအနေများသည်လည်း ပြည်သူ့ပါတီ တစ်ရပ်အနေနဲ့ လုပ်ငန်းစဉ် ချမှတ်ဆောင်ရွက်သင့်သောကိစ္စရပ်များဖြစ်ကြောင်း တွေ့ရှိရသော ကြောင့်

(၁)ယုံကြည် ချက်ခိုင်မာသော ပါတီတွင်းစည်း လုံးညီညွတ်မှု၊ ပြည်သူအတွင်း စည်းရုံးမှု ပိုမိုထက်မြက်လာစေရန် ပါတီဝင်အားလုံးကကြိုးစားဆောင် ရွက်ရေး၊
(၂) ပါတီတွင်းဒီမိုကရေ စီရှင်သန်ခိုင်မာရေးနှင့် ပါတီတည် တံ့ခိုင်မြဲရေးအတွက် ပါတီဝင်များ ကထိန်းသိမ်းဖော်ဆောင်ရေး
(၃) အမျိုးဂုဏ်၊ ဇာတိဂုဏ်နှင့် ယဉ် ကျေးမှုကိုစောင့်ထိန်းနိုင်သော စွမ်းရည်ရှိသည့် မျိုးဆက် သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ပြုစုပျိုးထောင်ရေး၊
(၄)ပြည်သူများအလုပ်အကိုင်ရရှိရေး၊ လူမှုစီးပွားဘဝ ပိုမိုတိုးတက်မြင့်မားရေးနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့အတွက် ပါတီဝင်များက ကြိုးပမ်း ဆောင်ရွက်ရေး
(၅) ဒီမိုကရေစီ ကျင့်စဉ်နှင့်အညီ နိုင်ငံသားများ၏ ရသင့်ရထိုက်သော အခွင့်အရေးများ ဆုံးရှုံးမှုမရှိစေရန် ပါတီဝင်များက ကြိုးစားဆောင်ရွက်ရေး၊
(၆) ပြည်တွင်းငြိမ်းချမ်းရေး၊ တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေး ချမ်းမှုရရှိစေရေး အတွက် ပါတီဝင်များက ပြည်သူများနှင့် လက်တွဲပူးပေါင်း ဆောင်ရွက်ရေး၊
(၇)တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို အခြေပြုသော ပြည်ထောင်စုနိုင်ငံ အဓွန့် ၏ရှည် တည်တံ့ရေးအတွက် ပါတီဝင်များက တက်ကြွစွာ ပါဝင်ဆောင်ရွက်ရေးတို့ဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ ညီလာခံအဖွင့်တွင် မိန့်ကြားခဲ့သည့် ဥက္ကဋ္ဌကြီး ဦးသိန်းစိန်၏ မိန့်ခွန်းတစ်ရပ်လုံး သည်လည်း လိုက်နာအကောင်အထည်ဖော်ရမည့် လုပ်ငန်းလမ်းညွှန်ချက်များဖြစ်ကြောင်း၊ ယင်းလုပ်ငန်းလမ်းညွှန်ချက်များကို အကောင်အထည်ဖော်ရန် မိမိတို့တွင် မည်သို့သော အားနည်းချက်၊ အားသာချက် ရှိသလဲဆိုသည်ကိုလည်း ပြန်လည် ဆန်းစစ်ခဲ့ပြီးဖြစ်ကြောင်း၊ ပါတီအတွင်းတွင် ပညာတတ်များ မြောက်မြားစွာရှိကြောင်း၊ ပါတီဝင်အင်အား ငါးသန်း ကျော်ရှိသည့်အနက် သက်ငယ်၊ သက်လတ် ပါတီဝင် ပေါင်း သုံးသန်းကျော်ရှိကြောင်း၊ ပြည်သူ့အကျိုးကို ကျရာနေရာမှ သယ်ပိုးလိုသော မွန်မြတ်သည့်စိတ်ထား အခြေခံများ ရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် စေတနာအား၊ ပညာ အားနှင့်နုပျိုတက်ကြွမှုတွေပိုင်ဆိုင် ထားပြီးဖြစ်သောကြောင့် ညီညွတ်မှုအားနှင့်အတူ ပြည်သူနှင့်လက်တွဲကြရန် လိုကြောင်း၊

မိမိတို့သည် ယခင်အကြီးအကဲများနှင့် နှိုင်းယှဉ်လျှင် ထိုက်သင့်သည့် ပျိုရွယ်မှုနှင့် လုပ်အားရှိသေးသည်ဆိုသော်လည်း သင်္ခါရဓမ္မအရတစ်ချိန်တွင် နောင်မျိုးဆက်များကို ပခုံးပြောင်းပေးကြရမည်ဖြစ်ကြောင်း၊ အချိန်အခါ သင့်လျှင် မိမိတို့ထံရောက်ရှိလာ မည့်တာဝန်များအတွက် နောင်မျိုးဆက်သစ်များအနေဖြင့်အမြဲအသင့် ရှိကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် သဘာပတိက ဒုတိယအကြိမ်ပါတီညီလာခံ(၂ဝ၁၆) ၏ မှတ်တမ်းတင်ခြင်း ခြောက် ချက်၊ အတည်ပြုခြင်း သုံးရပ်၊ ဆုံး ဖြတ်ခြင်းသုံးရပ်၊ ရှေ့လုပ်ငန်းစဉ် အချက် ခုနစ်ရပ် ချမှတ်ခြင်းတို့နှင့် စပ်လျဉ်း၍ညီလာခံ၏သဘောထား ကိုရယူအတည်ပြုခဲ့ပြီး သဘာပတိ အဖြစ် ဆောင်ရွက်သူပါတီဗဟို နာယက သူရဦးအေးမြင့်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာသည့် ညီလာခံကိုယ်စားလှယ်များက နိုင်ငံတော်အေးချမ်းသာ ယာရေး(ဒို့အရေး)၊ ပြည်သူတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး (ဒို့အရေး)၊ ဒီမိုကရေစီ ရှင်သန်ရင့် ကျက်ခိုင်မာရေး(ဒို့အရေး)၊ ဖက် ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ထူထောင်ရေး (ဒို့အရေး)၊ နိုင်ငံတော်အချုပ်အခြာအာဏာ အဓွန့်ရှည်တည်တံ့ခိုင်မြဲရေး (ဒို့ အရေး)၊ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်ဖွံ့ဖြိုးရေးပါတီ(အောင်ရမည်၊ အောင်ရမည်) ဟု ကြွေးကြော်ကာ ညီလာခံကို အောင်မြင်စွာ နံနက် ပိုင်းတွင် ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

နေထက်ဝေ၊ ကိုကိုလွင်


Leave a Reply