အမေရိကန်က ဂျပန်တွင် F-35 ကိုယ်ပျောက်တိုက်လေယာဉ်အုပ် ထားရှိမည်

F-35-fighter-jets-Flickr-Airman-Magazine

ဂျပန်နိုင်ငံရှိ အမေရိကန် စစ်အခြေစိုက်စခန်းရှိရာ ရာမဂုချိ စီရင်စုဒေသက အိုင်ဝါကူနီမြို့မှာ အမေရိကန် ပြည်ထောင်စုက F-35 ကိုယ်ပျောက်တိုက်လေယာဉ် ၁၆ စီးကို လာမယ့် ဇန်န၀ါရီကနေ သြဂုတ်လအတွင်း ဖြန့်ကျက်မှာကို ဂျပန်အစိုးရက မြို့တာဝန်ရှိသူတွေကို စီမံကိန်းနဲ့ပတ်သက်လို့ အသိပေး အကြောင်းကြားပါတယ်။

ဒီအစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုက ကိုယ်ပျောက်တိုက်လေယာဉ်ကို ပြည်ပမှာ ပထမဆုံးအကြိမ် ဖြန့်ကျက် ချထားမယ့် အစီအစဉ် ဖြစ်ပါတယ်။

ဂျပန်ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနတွေက အဆင့်မြင့်တာဝန်ရှိသူတွေဟာ ဂျပန်နိုင်ငံအနောက်ပိုင်း အိုင်ဝါကူနိကို သွားရောက်ခဲ့ကြပြီး မြို့တော်ဝန် ယာရှီဟီကို ဖူကူဒနဲ့ ယာမဂုချိစီရင်စုဒေသ အကြီးအကဲ ဆူဂုမာဆ မူရာအိုကာတို့ကို အကြောင်းကြားခဲ့ကြတာလို့ ဂျပန်ကျိုဒိုသတင်းက ရေးသားပါတယ်။

ဒီစံမံကိန်းအရ ပထမအသုတ်အဖြစ် လာမယ့်ဇန်န၀ါရီလမှာ ၁၀ စီး ဖြန့်ကျက်ပြီး သြဂုတ်လမှာ နောက်ထပ် ၆ စီး ဖြန့်ကျက်မယ်လို့ သတင်းက ဆိုပါတယ်။

ဂျပန်အစိုးရကလည်း ၂၀၁၁ ခုနှစ်တုန်းက ထုတ်ပြန်ချက်တရပ်မှာ အမေရိကန်ဒေါ်လာ ၈ ဘီလျံတန်ဖိုးရှိတဲ့ F-35 တိုက်လေယာဉ် ၄၂ စီးကို ဝယ်ယူသွားမယ့် အစီအစဉ်တရပ် ပါရှိပါတယ်။

ဂျပန်နိုင်ငံ စစ်ဘက်က ၂၀၁၇ ဘဏ္ဍာရေးနှစ်အကုန်မှာ ပဉ္စမမျိုးဆက် F-35 ကိုယ်ပျောက်လေယာဉ်တွေကို ဖြန့်ကျက်တော့မှာ ဖြစ်ပါတယ်။

ဒါပေမယ့် ပထမဆုံးအနေနဲ့ နိုင်ငံမြောက်ပိုင်း အော်မိုရီ စီရင်စုဒေသက မီဆာဝါအခြေစိုက်စခန်းမှာ F-35s တိုက်လေယာဉ်တွေကို ဖြန့်ကျက်မှာ ဖြစ်ပါတယ်။

ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနဟာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေး ဘတ်ဂျက်ဟာ အမေရိကန် ဒေါ်လာ ၄၂ ဒသမ ၄ ဘီလီယံ သုံးစွဲခွင့်ရရှိခဲ့ပြီး စံချိန်ချိုးခဲ့ပါတယ်။

(DVB)


Leave a Reply