ရေဘေးသင့်ပြည်သူများကိုမြို့နယ်ပါတီမှ ဆန်အိတ်နှင့်ဆီလှူဒါန်း

မိုးသည်းထန်စွာရွာသွန်းခဲ့သောကြောင့် ရေလျှံမှုများ ဖြစ်ပွား ခဲ့သည့် ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်မှ ပြည်သူများ အား ချမ်းအေးသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ တစ်တင်းခွဲ ဆန်အိတ်လေးအိတ်နှင့် ဆီငါးပိဿာကို ယမန်နေ့နံနက် ၁၁နာရီ ခွဲက ယင်းရပ်ကွက်ရှိ ဝါခင်းကုန်းဘုရားရင်ပြင်တော်ပေါ်၌ ပေး အပ်လှူဒါန်းခဲ့သည်။
မိုးရေဝင်ရပ်ကွက်နေပြည်သူများအား ဆန်အိတ်များ ထောက်ပံ့ ပေးအပ်ရာသို့ ချမ်းအေးသာစံမြို့နယ် နယ်မြေတာဝန်ခံ ခရိုင် ကော်မတီဝင် ဒေါက်တာမြင့်မြင့်ဌေး၊ ချမ်းအေးသာစံမြို့နယ် ပါတီအတွင်းရေးမှူး ဦးသန်းထွန်းနှင့် မြို့နယ်ပါတီကော်မတီဝင် များ၊ရပ်/ကျေးစည်းမှူးများနှင့် ပါတီဝင်များလိုက်ပါခဲ့ကာ ဒေသခံ များကို အားပေးစကားပြောကြားခဲ့ပြီး ဆန်အိတ်များထောက်ပံ့ ပေးအပ်ခဲ့သည်။
ချမ်းအေးသာစံမြို့နယ် ကန်ကောက်ရပ်ကွက်တွင် မိုးရေ ဝင်ရောက်မှုကြောင့် ရေဘေးဒဏ်ခံစားခဲ့ရသောအိမ်ထောင်စု ၃၁ စု လူဦးရေ ၁၅၂ဦးတို့သည် အဆိုပါရပ်ကွက်အတွင်းရှိ ဝါခင်းကုန်း ဘုရားရင်ပြင်တော်ပေါ်၌ ခေတ္တနေထိုင်လျက်ရှိကြောင်းသိရသည်။

သုတ


Leave a Reply