အီရတ်တပ်ဖွဲ့ဝင်များအား သတ်ဖြတ်ခဲ့သည့် စစ်သွေးကြွ ၃၆ ဦးကို ကြိုးပေးကွပ်မျက်

14114937_1745364142370753_1329520137793221102_o

ဘဂ္ဂဒက် သြဂုတ် ၂၂

အီရတ်နိုင်ငံသည် လွန်ခဲ့သောနှစ်နှစ် အကြာက ဘဂ္ဂဒက်မြောက်ပိုင်းရှိ စခန်းတွင် ရှီးယိုက်စစ်သားရာပေါင်းများစွာကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် စစ်သွေးကြွ ၃၆ ဦးကို ကြိုးပေး ကွပ်မျက်လိုက်ပြီဖြစ်ကြောင်း တနင်္ဂနွေ နေ့က ပြောကြားခဲ့သည်။

အဆိုပါ ကြိုးပေးကွပ်မျက်မှုသည် ၂ဝ၁၄ ခုနှစ်က အိုင်အက်စ်တိုက်ခိုက်ရေး သမားများက အီရတ်နိုင်ငံမြောက်ပိုင်းနှင့် အနောက်ပိုင်းဒေသအချို့ကို ထိန်းချုပ် ခဲ့ပြီးနောက်ပိုင်း အီရတ်အစိုးရက စစ်သွေးကြွများစွာကို တစ်ရက်တည်းနှင့် သေဒဏ်စီရင်သည့် အများဆုံးပမာဏ ဖြစ်သည်။

ကြိုးပေးကွပ်မျက်မှုကို အီရတ်နိုင်ငံ တောင်ပိုင်းရှိ နာဆီရီယာမြို့ရှိ အကျဉ်း ထောင်၌ ပြုလုပ်ခဲ့ကြောင်း တရားစီရင် ရေးဝန်ကြီးဌာန၏ပြောဆိုမှုကို ကိုးကား လျက် ဒေသတွင်း ရုပ်မြင်သံကြားက ထုတ်လွှင့်ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်နှစ်နှစ်အကြာက ဆက်ဒမ် ဟူစိန်၏ ဇာတိမြေဖြစ်သည့် တီကရစ် မြောက်ပိုင်းရှိ စပိုက်ချာအမေရိကန် စစ်အခြေစိုက် စခန်းမှ ထွက်ပြေးလာခဲ့သည့် စစ်သား ၁၇ဝဝ တို့သည် စစ်သွေးကြွများ၏ သတ်ဖြတ်ခြင်းကို ခံလိုက်ရသည်။

(ရိုက်တာ)


Leave a Reply