ဒုတိယအကြိမ်ပါတီညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်အောင် ပြည်ခိုင်ဖြိုး သစ်ပင်စိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ဒုတိယအကြိမ် ဗဟိုပါတီညီလာခံကို ဂုဏ်ပြုသည့်အနေဖြင့် သြဂုတ်လ (၂၁) ရက်နေ့ နံနက် (၇)နာရီက မြန်အောင်မြို့နယ် အင်ပင်မြို့ရှိ အင်ပင်-တံတားကွင်း လမ်းဘေးဝဲယာတွင် ပျိုးပင်များ ကို ပြည်ခိုင်ဖြိုးပါတီဝင်များက စိုက်ပျိုးခဲ့ကြသည်။

အင်ပင်-တံတားကွင်းလမ်းသည်အရှည်တစ်မိုင်ရှိပြီး လမ်းဘေး ဝဲယာတွင် ကျွန်းပင်၂ဝဝနှင့် ယူကလစ်ပင် ၃ဝဝတို့ကို မြန်အောင် မြို့နယ် ပြည်ခိုင်ဖြိုးပါတီဝင်အင်အား ၁ဝဝ ကျော်ဖြင့် စုပေါင်းစိုက် ပျိုးခဲ့ကြသည်။

ဒုတိယအကြိမ်ပါတီညီလာခံကို ဂုဏ်ပြုသည့်အနေ ဖြင့် အာသောကပင်သုံးပင်ကိုလည်း အမက တံတားကွင်းတွင် တာဝန် ရှိသူများက စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။

နေဝင်းဇော်(မြန်အောင်)


Leave a Reply