၂၀၁၇ ခုနှစ်တွင် iPad သုံးမျိုးကို Apple မိတ်ဆက်သွားဖွယ်ရှိဟု KGI သုတေသီခန့်မှန်း

Apple သည် ၂၀၁၇ ခုနှစ်တွင် iPad အမျိုးအစား ၃ ခုကို မိတ်ဆက်သွားဖွယ်ရှိကြောင်း ဘဏ္ဍာရေးဆိုင်ရာ ကုမ္ပဏီ KGI ၏ လေ့လာဆန်းစစ်သူ မင်ချီကူက ပြောကြားသွားခဲ့သည်။ လာမည့်နှစ်တွင် Apple သည် ၁၂.၉ လက်မ iPad Pro 2, ဈေးနှုန်းသက်သာသော ၉.၇ လက်မ iPad နှင့် ၁၀.၅ လက်မရှိ iPad Pro သစ်များကို ထုတ်လုပ် သွားဖွယ်ရှိသည်။

New Picture (1)

အဆိုပါ iPad များ၏ပုံစံမှာ ပြောင်းလဲဖွယ်မရှိသော်လည်း အနားစွန်းမပါဝင်သော မျက်နှာပြင်ကို အသုံးပြုဖွယ် ရှိသည်။ ၎င်းကို edge-to-edge ဟုခေါ်ဆိုသည်။ ထို edge-to-edge iPad display ပုံစံမျိုးသည် iPhone 8 တွေ ပါဝင်လာနိုင်ဖွယ်ရှိကြောင်း ကောလာဟလများ ထွက်ပေါ်နေသည်။ ၂၀၁၈ ခုနှစ်မှစတင်၍ အနာဂတ်တွင် ထွက်ရှိ မည့် iPad များသည် iPhone များကဲ့သို့ပင် OLED နည်းပညာ မျက်နှာပြင်များ ပါဝင်လာမည်ဖြစ်ကြောင်း မင်ချီကူ ခန့်မှန်းဖော်ပြခဲ့သည်။

လာမည့်နှစ်တွင် ထွက်ရှိမည့် ၁၂.၉ လက်မ iPad Pro 2 နှင့် ၁၀.၅ လက်မအရွယ်ရှိ iPad သစ်တွင် Apple A10X အသုံးပြုနိုင်ဖွယ်ရှိကြောင်း မင်ချီကူက ပြောကြားခဲ့သည်။ အဆိုပါ A10 ချစ်ပ်သည် iPhone 7 တွင်လည်း ပါဝင် လာနိုင်သည်။ Apple ၏ X ချစ်ပ်သည် ဖုန်းထက် tablet တွင် အပူချိန်ကို ကန့်သတ်ပေးပြီး ဘက်ထရီ စွမ်းဆောင်ရည်ကို တိုးတက်စေသည်။

ဈေးနှုန်းသက်သာသည့် ၉.၇ လက်မ iPad တွင် လက်ရှိ iPad Pro တွင် အသုံးပြုသော A9X ချစ်ပ်ကိုဆက်လက် အသုံးပြုမည် ဖြစ်ကြောင်း မင်ချီကူက တင်ပြခဲ့သည်။ ဈေးနှုန်း အသက်သာဆုံးဟု ဆိုနိုင်သော ၉.၇ လက်မ iPad မှာ ၃၉၉ ဒေါ်လာ ကျသင့်နိုင်ကြောင်း ၎င်းက ခန့်မှန်းခဲ့သေးသည်။

Apple က ၂၀၁၈ ခုနှစ်တွင် ထုတ်လုပ်မည့် iPad တွင် ပျော့ပျောင်းမှုရှိသော OLED မျက်နှာပြင်ကို အသုံးပြုဖွယ် ရှိကြောင်း လေ့လာဆန်းစစ်သူ၏ ခန့်မှန်းချက်အရ သိရသည်။

# Internet Journal


Leave a Reply