ဘန်ကောက်တွင် စည်းကမ်းမဲ့ Pokemon Go ဂိမ်းကစားသူများကို စောင့်ကြည့်မည့် ရဲတပ်ဖွဲ့ ဖွဲ့စည်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် Pokemon Go ဂိမ်းကြောင့် မတော်တဆဖြစ်မှုများကို တုံ့ပြန်ကိုင်တွယ်ရန် Pokemon ရဲတပ်ဖွဲ့ကို သီးခြားဖွဲ့စည်းလိုက်ကြောင်း သိရသည်။

c1_1067812_160822054413_620x413

လျင်မြန်စွာဖြင့် ကမ္ဘာကျော်လာသည့် မိုဘိုင်းဂိမ်း Pokemon Go ကြောင့် ယာဉ်မတော်တဆမှုနှင့် အခြားပြဿနာများ မဖြစ်အောင် စောင့်ကြည့်ရန်အတွက် ဘန်ကောက်ရှိ လူစည်ကားရာ အချက်အခြာလမ်းမများတွင် အဆိုပါရဲများကို ဖြန့်ကျက် တာဝန်ပေးသွားမည်ဖြစ်သည်။ Pokemon ရဲတပ်ဖွဲ့တွင် အမှုထမ်း ၅၀ ပါဝင်မည်ဟု ဩဂုတ် ၂၁ ရက်တွင် ဘန်ကောက်ရဲတပ်ဖွဲ့ အကြီးအကဲ ဆာနစ် မဟာသာဝဏ်က ပြောကြားခဲ့သည်။

Bangkok Post သတင်းစာက အဆိုပါရဲတပ်ဖွဲ့သည် ယာဉ်နှင့် လူအသွားအလာ ရှုပ်ထွေးလွန်းသော နေရာများတွင် Pokemon သတ္တဝါလေးများ လိုက်ဖမ်းနေသူများကိုတားဆီးရန် အဓိကလုပ်ဆောင်မည်ဟု ဖော်ပြခဲ့သည်။ ဆူခွမ်ဗစ် နှင့် ဖယာထိုင်းကဲ့သို့ လူစည်ကားသည့်နေရာများတွင် Pokemon Go ဂိမ်းကစားပြီး ပတ်ဝန်းကျင်ကို အနှောင့်အယှက် ဖြစ်စေနိုင်မှုများကိုပါ အဆိုပါရဲများက စောင့်ကြည့်သွားမည်ဟု ဆိုသည်။

Pokemon Goဂိမ်းနှင့် ဆက်နွှယ်ပြီး ဘန်ကောက်ရှိ လမ်းများပေါ်တွင် မတော်တဆမှုများ ပိုမိုများပြားလာသည်ကို ဖော်ထုတ်တွေ့ရှိပြီးနောက် ရဲတပ်ဖွဲ့က ယခုမဟာဗျူဟာဖြင့် တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း Pokemon Go ကစားရင်း ပတ်ဝန်းကျင်အနှောင့်အယှက်ဖြစ်စေသူများနှင့်ပတ်သက်၍ မည်သို့မည်ပုံ ပြစ်ဒဏ်သတ်မှတ်ရန် ဆိုသည် မှာ တိတိကျကျ ပြဋ္ဌာန်းရန် ခက်ခဲနေဆဲ ဖြစ်သည်။

ထိုင်းမီဒီယာများ၏ အဆိုအရ အဆိုပါ Pokemon ရဲတပ်ဖွဲ့သည် ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေသည်အထိ၊ သို့မဟုတ် ယာဉ်ကြောသွားလာမှုများကို အန္တရာယ်ဖြစ်လာစေသည်အထိ လွန်ကဲစွာ ဂိမ်းကစားသည်ဟု ယူဆရသူ များကို ဘတ်ငွေတစ်ထောင်ထိ ဒဏ်ကြေးတပ်ရိုက်သွားမည်ဟု သိရသည်။

# 7 Day Daily


Leave a Reply