လေးနိုင်ငံ ဖိတ်ခေါ်ပွဲတွင် အတွေ့အကြုံရရှိရေး ဦးစားပေးမည်ဟု မြန်မာယူ ၁၉ နည်းပြ ပြော

KBZ Bank U19 Cup လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် မြန်မာ ယူ ၁၉ အသင်းအနေနဲ့ အတွေ့အကြုံရရှိရေး ဦးစားပေးသွားမှာဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့ပဲ ရလဒ်ကောင်းတွေ ရရှိအောင် ယှဉ်ပြိုင်သွားမယ်လို့ မြန်မာ ယူ ၁၉ အသင်း နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောပါတယ်။

New Picture

မြန်မာအသင်းဟာ ပါဝင်ယှဉ်ပြိုင်မယ့် အသင်း ၄ သင်းမှာဆိုရင် အောက်ဆုံးနေရာမှာသာ ရှိနေပေမယ့် ကစားသမားတွေဟာ စိတ်ဓာတ်အပြည့်နဲ့ ကစားသွားမှာဖြစ်ပြီး လာမယ့်ပြိုင်ပွဲတွေအတွက်လည်း အတွေ့အကြုံတွေ ယူ သွားမယ်လို့ ဦးမျိုးလှိုင်ဝင်းက ဆိုပါတယ်။

ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်တဲ့ ဗီယက်နမ်အသင်းရဲ့ နည်းပြချုပ်ကလည်း အသင်းတွေအကုန်လုံးဟာ ခြေစွမ်း ကောင်းတဲ့ အသင်းတွေဖြစ်လို့ အာရုံစူးစိုက် ယှဉ်ပြိုင်သွားမယ်လို့ ပြောပါတယ်။

ဂျပန်ကွန်ဆာဒိုးလ် ယူ ၁၈ အသင်း နည်းပြချုပ်ကတော့ လေးစားမှုအပြည့်နဲ့ အောင်မြင်မှုရအောင် ယှဉ်ပြိုင်သွားမယ် လို့ ဆိုထားပါတယ်။

ဒီကနေ့ညနေ ၃ နာရီမှာတော့ ဗီယက်နမ် ယူ ၁၉ အသင်းနှင့် ထိုင်းယူ ၁၉ အသင်း၊ ညနေ ၆ နာရီမှာတော့ မြန်မာ ယူ ၁၉ အသင်းနဲ့ ဂျပန် ကွန်ဆာဒိုးလ် ယူ ၁၈ အသင်းတို့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။

KBZ Bank U19 Cup လေးနိုင်ငံ ဖိတ်ခေါ်ဖလားပြိုင်ပွဲကို သြဂုတ် ၂၂ ရက်နေ့မှ ၂၈ ရက်နေ့ထိ မန္တလေးမြို့ မန္တလာသီရိကွင်းကြီးမှာ တနေ့ ၂ ပွဲနှုန်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

DVB


Leave a Reply