မြန်မာ့တပ်မတော်နှင့် ထိတွေ့ဆက်ဆံရေးကို အမေရိကန် ဦးစားပေးသင့်သည်

ပူးတွဲလေ့ကျင့်ရေးအစီအစဉ်များပေါ် တွင် အကန့်အသတ်များပြုလုပ်ခြင်း
၂ဝ၁၂ ခုနှစ်မှ ၂ဝ၁၅ ခုနှစ်အတွင်း အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန၏ အဆင့်မြင့်အရာရှိတာဝန်၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ်တာဝန်များကိုထမ်း ဆောင်ခဲ့ရာတွင် လေ့ကျင့်ရေးအစီအစဉ် များ၌ ပါဝင်စေရန် မြန်မာ့တပ်မတော် ကို အထောက်အကူများပေးခြင်းမှာ နှစ် ဖက်လုံးအတွက် အကျိုးများစေသည်ဟု တွေ့ရှိခဲ့ရသည်။ အဆိုပါကာလများ အတွင်း၌အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာန၏အစီအစဉ်ဖြင့်ပြုလုပ်သည့်အလုပ်ရုံ ဆွေးနွေးပွဲသုံးခုသို့ မြန်မာ့တပ်မတော်မှ အရာရှိ ၅ဝ တက်ရောက်ရန်အတွက် စနစ်တကျလေ့လာပြီးနောက် ဆောင်ရွက် ပေးခဲ့ရသည်။ အကန့်အသတ်များဖြင့် ပြုလုပ်ခဲ့သည့်အစီအစဉ်ဖြစ်ပြီး ဥပဒေ စိုးမိုးမှုနှင့်ဆိုင်သောအကြောင်းအရာများ၊ စစ်မြေပြင်တွင်လိုက်နာရမည့်ဥပဒေများနှင့် ဆိုင်သောအကြောင်းအရာများအပါအဝင် အခြားအကြောင်းအရာများကို ဆွေးနွေး သင်ကြားပေးခဲ့သည့်အစီအစဉ်ဖြစ်သည်။

76338570-16082016


သို့သော် မြန်မာ့တပ်မတော်နှင့် ထိတွေ့ဆက်ဆံခြင်းအပေါ် အမေရိကန်ဘက်မှ တားမြစ်ချက်များ ပြုလုပ်ထား ခြင်းကြောင့် အလုပ်ရုံဆွေးနွေးပွဲတွင် အကန့် အသတ်များစွာ ကြုံတွေ့ခဲ့ရသည်။ အကန့်အသတ်များကြောင့် အမှန်တကယ် ဖြစ်ပေါ်သင့်သည့် အကျိုးသက်ရောက်မှုများအပေါ် ထိခိုက်မှုများ ဖြစ်စေခဲ့သည် ဟုလည်း သတ်မှတ်ရမည်ဖြစ်သည်။ သို့ သော် ထွက်ပေါ်ခဲ့သည့်ရလဒ်များမှာ စိတ် အားတက်ကြွဖွယ်အနေအထားမျိုးနှင့်အ ကျိုးသက်ရောက်မှုရှိခဲ့ခြင်းမှာ ထင်ရှား ခဲ့သည်။ မြန်မာ့တပ်မတော်ခေါင်းဆောင် များသည် အဆိုပါအစီအစဉ်တွင်ပါဝင်ရန် အတွက် ရွေးချယ်ရာတွင်အလယ်အလတ် အဆင့်ရှိသော ခေါင်းဆောင်များဖြစ်စေ ရန်သတိပြုရွေးချယ်ခဲ့သည့်အပြင်အလေး ပေးဆောင်ရွက်ခဲ့သည်ဆိုသောအချက်မှာ လည်း ခိုင်မာခဲ့သည်။ ရွေးချယ်ခဲ့သူများ ထဲတွင်လည်း ဥပဒေရေးရာကျွမ်းကျင်သူ များ၊ သင်တန်းကျောင်းများမှနည်းပြများ၊ လေ့ကျင့်ရေးဆိုင်ရာတာဝန်ခံများပါဝင်ခဲ့ ခြင်းကြောင့် မြန်မာ့တပ်မတော်ဘက်မှ အလေးထားခဲ့သည်ဆိုသောအချက်မှာ ရှင်းရှင်းလင်းလင်းရှိခဲ့သည်ဟု သတ်မှတ် ရမည်ဖြစ်သည်။
မြန်မာ့တပ်မတော်ခေါင်းဆောင်များ အနေဖြင့် အလုပ်ရုံဆွေးနွေးပွဲတွင်ပါဝင် ခဲ့သည့်အရာရှိများအနေဖြင့် ၄င်းတို့လေ့ လာသိရှိသင်ယူခဲ့ရသည်များကို အခြား အရာရှိများအား ပြန်လည်မျှဝေသင်ကြား ပေးနိုင်ရန် စဉ်းစားခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။အမေရိကန်အစိုးရ၏တိုတောင်းလှသော အစီအစဉ်နှင့်လေ့ကျင့်သင်ကြားမှုများကို မြန်မာ့တပ်မတော်အရာရှိများက ကောင်း စွာသင်ယူနိုင်ခဲ့သည့်အပြင်ဆွေးနွေးပွဲတွင် ပါဝင်ခဲ့သူများက အလားတူအကြောင်း အရာများကိုပထမဆုံးအကြိမ်လေ့လာခွင့် ရရှိခြင်းဖြစ်သည်ဟုပြောကြားခဲ့သည်။

အမေရိကန်၏ဝေခွဲရခက်နေမှုများ
အမေရိကန်ဘက်မှ ရှုမြင်ထားမှုများ အရ နှစ်နိုင်ငံတပ်မတော်များကြားတွင် ကြီးမားသည့် ထိတွေ့ဆက်ဆံမှုများပြုလုပ်နိုင်ရေးမှာ လွန်ခဲ့သည့် ၂၅ နှစ်တာကာ လက ဖြစ်ပေါ်ခဲ့သည့်အခြေအနေများကို နားလည်နိုင်အောင် ကြိုးပမ်းနိုင်မှသာ အမှန်တကယ် အသက်ဝင်လာဖွယ်ရှိသည် ဟု ဆိုရမည်ဖြစ်သည်။ အမေရိကန်သည် တပ်မတော်နှင့်ဆက်နွှယ်နေသောလှုပ်ရှားမှု တိုင်းကို ထိတွေ့ဆက်ဆံမှု ရပ်တန့်ခြင်းဖြင့်သာ တုံ့ပြန်ဆဲဖြစ်သည်။ သို့သော် အာဏာရှင်ဆန်သည့် တပ်မတော်အုပ်ချုပ် ရေးစနစ် ပျောက်ကွယ်သွားပြီဆိုခြင်းနှင့် ယခင်က တာဝန်ယူခဲ့သူအများစု ပြောင်း လဲနေပြီဆိုခြင်းများကို အလေးထားခြင်း မရှိသေးပေ။ လက်ရှိမြန်မာ့တပ်မတော် သည်သမ္မတဦးသိန်းစိန်ခေါင်းဆောင်သည့် အသွင်ပြောင်းအစိုးရ တာဝန်ယူခွင့်ရရှိစေ ရန်အတွက် ၂ဝ၁၁ခုနှစ်ရွေးကောက်ပွဲကို ကျင်းပပေးခဲ့သည့် တပ်မတော် ဖြစ်သည်။
၂ဝ၁၅ ခုနှစ် နိုဝင်ဘာလကကျင်းပ ခဲ့သော ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရရှိခဲ့ပြီးနောက တွင်လည်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် အသွင်ကူးပြောင်းမှုများကို တပ်မတော်အနေဖြင့် ထောက်ခံအားပေးမှုနှင့် ကူညီမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဖွဲ့စည်းမည့် အစိုးရသစ်ကို အာဏာလွှဲပြောင်းရာတွင် တပ်မတော်အနေဖြင့် အဟန့်အတားပြုလုပ်ခြင်းနှင့် စွက်ဖက်ခြင်းများပြုလုပ်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ် သည်ပြောကြားခဲ့သည့်စကားများအတိုင်း လက်တွေ့ဆောင်ရွက်ခဲ့သည်ဟုလည်း တွေ့ရှိ ခဲ့ရသည်။

ထို့ကြောင့်အမေရိကန်အနေဖြင့်အတိတ် ကိုထားခဲ့ကာ မြန်မာ့တပ်မတော်၏အသွင် ကူးပြာင်းမှုဖြစ်စဉ်များတွင် အားပေးကူညီ ခြင်းဖြင့် ထိတွေ့ဆက်ဆံသင့်သည့် အချိန် သို့ရောက်ရှိလာပြီဟု ဆိုရမည်ဖြစ်သည်။ အမေရိကန်၏မဟာမိတ်နိုင်ငံအချို့သည် အလားတူဆောင်ရွက်ချက်မျိုးကို ဆောင်ရွက်နေပြီဖြစ်ကာ ၎င်းတို့၏ အခြေအနေများနှင့် ဖွဲ့စည်းပုံအရအမေရိကန်ကပေးအပ်နိုင် သော အကျိုးဖြစ်ထွန်းမှုမျိုးမပေးနိုင်သည့်ကြားမှ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ် နေခြင်းဖြစ်သည်။ ၂ဝ၁၂ ခုနှစ်မှစတင် ကာ အမေရိကန်သည်အရပ်သားများကို လေ့ကျင့်ပေးသည့်အစီအစဉ်များစတင်ပြု လုပ်ပေးခဲ့သည်။ ပြီးခဲ့သည့် လေးနှစ်တာ ကာလအတွင်း မြန်မာနိုင်ငံသို့လာရောက် လည်ပတ်သူများ၊ မြန်မာနိုင်ငံတွင်နေထိုင် သူများအနေဖြင့် အမေရိကန်၏အဆိုပါ အစီအစဉ်များကြောင့် ထွက်ပေါ်ခဲ့သည့် ရလဒ်များကို မြင်တွေ့ခဲ့မည်ဖြစ်သည်။
ထို့ကြောင့် မြန်မာနိုင်ငံအတွက်အရေး ကြီးသည့်အစိတ်အပိုင်းဖြစ်နေသောမြန်မာ့ တပ်မတော်ကို အဘယ်ကြောင့် ချန်ထားရစ်ခဲ့မည်နည်း၊ အမေရိကန်၏လေ့ကျင့် ရေး အစီအစဉ်များကြောင့် မြန်မာ့တပ်မ တော်ကို တာဝန်ခံမှုပြည့်ဝသောအဖွဲ့အ စည်းတစ်ရပ်ဖြစ်လာစေရန်၊ ပြည်သူများ အမြင်ဖြင့် ပုံရိပ်နှင့်ဂုဏ်သိက္ခာတက်လာ စေရန် အဘယ်ကြောင့်မဆောင်ရွက်သေး သနည်းဆိုသည်များကို စဉ်းစားရန်လို အပ်လာပြီဖြစ်သည်။
ဆယ်စုနှစ်နှစ်ခုကြာ တင်းကျပ်သည့် အုပ်ချုပ်ရေးစနစ်ဖြင့်အုပ်ချုပ်ခဲ့ခြင်း၊ အ ထီးကျန်နိုင်ငံအဖြစ်ရပ်တည်ခဲ့ရခြင်းများ ကြောင့် မြန်မာ့တပ်မတော်အနေဖြင့် စစ် ဘက်မှ အရပ်ဘက်သို့ အုပ်ချုပ်ရေးစနစ် ပြောင်းလဲလာခြင်းတွင် ပါဝင်ပတ်သက် ရန်ဆန္ဒရှိပုံမရတော့ပါ။ နှစ် ၇ဝ ကြာမြင့် ခဲ့ပြီဖြစ်သော တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းစေကာ ငြိမ်းချမ်းရေးရရှိရေးကိုသာ ဦးစားပေးနေသည်ဟု အခိုင်အမာမြင်တွေ့နေရပြီဖြစ်သည်။ အမေရိကန်အနေဖြင့် မြန်မာ့တပ်မတော်၏ ပြောင်းလဲမှုများကို ထိတွေ့ဆက်ဆံမှု၊ အကူအညီပေးအပ်မှုများ ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံ ဖော်ဆောင်လျက်ရှိသောအသွင် ကူးပြောင်းမှုဖြစ်စဉ်များ အောင်မြင်စေရန် ဆောင်ရွက်ရမည့်အချိန်ရောက်ရှိပြီဟု အခိုင်အမာဆိုရမည်ဖြစ်သည်။

(အမေရိကန်ကာကွယ်ရေးဝန်ကြီး ဌာနတွင် အဆင့်မြင့်အရာရှိတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး မြန်မာနိုင်ငံနှင့် ဆိုင်သောကဏ္ဍများကို တာဝန်ယူခဲ့သည့် William C.Dickey ရေးသားသော The US Should Reach Out To Myanmar’s Military ကို ပြန်ဆို ရေးသားခြင်း ဖြစ်ပါသည်။)

ပြည့်ဖြိုးနိုင်


Leave a Reply