ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံ (၂၀၁၆) အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယအကြိမ် ပါတီညီလာခံ (၂၀၁၆) အကြိုညှိနှိုင်းအစည်းအဝေးကို ယနေ့ (သြဂုတ် ၂၁ ရက်) နံနက် (၈) နာရီ (၃၀) မိနစ်နာရီအချိန်တွင် ပါတီဌာနချုပ် အစည်းအဝေးခန်းမကြီးတွင် ကျင်းပသည်။

???????????????????????????????????? _DSC1825

အစည်းအဝေးသို့ ပါတီဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဌေးဦး၊ သူရဦးအေးမြင့်၊ ဗဟိုအကြံပေးများ၊ ဗဟိုအတိုင်ပင်ခံများ၊ အထွေထွေအတွင်းရေးမှူး၊ တွဲဖက် အထွေထွေအတွင်းရေးမှူးနှင့် ဗဟိုအလုပ်အမှုဆောင်များ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။

????????????????????????????????????

 

အခမ်းအနားတွင် သဘာပတီအဖြစ် ဗဟိုအလုပ်အမှုဆောင် သူရဦးမြင့်မောင်၊ သဘာပတိအဖွဲ့ဝင်များအဖြစ် ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးအောင်ထွန်း နှင့် ဦးလှသိန်းဆွေတို့က ဆောင်ရွက်ပြီး အခမ်းအနားမှူးအဖြစ် ဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေးနှင့် တိုင်းပါတီကော်မတီဝင် ဦးဆန်းညွန့်ဆောင်တို့က ဆောင်ရွက်ခဲ့ သည်။

????????????????????????????????????

 

အစီအစဉ်အရ သဘာပတိများနေရာယူခြင်း၊ ဒုတိယဥက္ကဌ ဦးဌေးဦးမှ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်းနှင့် ပါတီညီလာခံကျင်းပမည့် အစီအစဉ်များ၊ ဗဟိုကော်မတီဝင်များ၊ အရန်ဗဟိုကော်မတီဝင်များ၊ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ၊ ပါတီအကြီးအကဲများ ရွေးချယ်တင်မြှောက်ခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းမှ ပါတီညီလာခံကျင်းပရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ညီလာခံ ကိုယ်စားလှယ် များအား အစုအဖွဲ့များ စုဖွဲ့ထားမှု၊ အစုအဖွဲ့အလိုက် ဆွေးနွေးရမည့်ခေါင်းစဉ်များ၊ ဆွေးနွေးပွဲ ကျင်းပ မည့်နေရာများ စီစဉ်ထားရှိမှု၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် ဗဟိုကော်မတီဝင်၊ အရန်ဗဟိုကော်မတီဝင်များအား ဆန္ဒပြုရွေးချယ်မည့်အခန်းများ စီစဉ်ထားရှိမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခြင်းများ ဆောင်ရွက်ခဲ့သည်။


Leave a Reply