မဟာအောင်မြေမြို့နယ်ပြည်ခိုင်ဖြိုးပါတီ ၁၈ ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မဟာအောင်မြေမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ (၁၈)ကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၁ဝ နာရီခွဲက မြို့နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
လှူဒါန်းပွဲတွင် ဆရာတော်ကြီးများထံမှ အလှူရေစက်ချတရား နာယူကြည်ညိုကာ ဝါဆိုသင်္ကန်းများဆက်ကပ်လှူဒါန်း၍ နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

လှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီး သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော် ဦးဝိစိတ္တာဘိဝံသ အမှူးပြုသော ပင့်သံဃာ ငါးပါး၊ မန္တလေးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးဘိုသင်း၊ ခရိုင်အတွင်းရေးမှူး ဦးကျော်စန်းနှင့် ခရိုင်ပါတီကော်မတီဝင်များ၊ မဟာအောင်မြေမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးမြင့်သန်း၊ မြို့နယ်အတွင်းရေးမှူး ဦးဇင်မင်းဦး နှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ရပ်/ကျေးစည်းမှူးများ တက်ရောက် ခဲ့ကြသည်။

သုတ


Leave a Reply