ကော်ဖီမသောက်ဘဲ လက်ဖက်ရည်ကြမ်း သောက်ခြင်းဖြင့်ရရှိမည့် ကောင်းကျိုးများ

လုပ်ငန်းခွင်တွင်နိုးကြားနေစေရန်နှင့် ပင်ပန်းမှုများပြေပျောက်စေရန်ဟူသော အကြောင်းပြချက်များဖြင့် နေ့စဉ် ကော်ဖီ သောက်သုံးနေသူ၊ ကော်ဖီစွဲနေသူများလည်း မနည်းလှပေ။ သို့ရာတွင် ကော်ဖီသောက်ခြင်း၏ ဆိုးကျိုးများအနေဖြင့် အိပ်စက်မှုပုံစံမမှန်ခြင်း၊ သွားအရောင်ပြောင်းခြင်းတို့ဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ကော်ဖီကို မနက်ပိုင်းတစ်ခွက် သောက်ပြီးသည်နှင့် ကျန်အချိန်များတွင် ထပ်မံမသောက်သုံးဘဲ ကော်ဖီသောက်မည့်အစား လက်ဖက်ရည်ကြမ်း သောက်ခြင်းဖြင့် အောက်ပါ အကျိုးကျေးဇူး (10) ချက်ကို ရရှိစေနိုင်သည်ဟု သိရသည်-

New Picture (2)

၁။    လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် ခန္ဓာကိုယ်တွင်း အရည်ဓာတ်ကို ဖြည့်တင်းပေးနိုင်ပြီး ရာသီဥတု ပူပြင်းချိန်တွင် ချွေးထွက်လွန်ခြင်းကြောင့် အရည်ဓာတ်ဆုံးရှုံးသွားမှုကို ပြန်လည်ဖြည့်ဆည်းပေးနိုင်ပါသည်။

၂။    သုတေသနပြုချက်အရ လက်ဖက်ရည်ကြမ်းသည် အချို့သော ကင်ဆာကျိတ်များဖြစ်ပေါ်မှုကို ကာကွယ်နိုင် ကြောင်းတွေ့ရှိရပြီး လက်ဖက်ရည်ကြမ်းတွင် ကင်ဆာဆဲလ်ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်သော ဓာတ်ပစ္စည်း များနှင့် ဓာတ်တိုး ဆန့်ကျင်ပစ္စည်းများ (antioxidants) ပိုမိုပါဝင်သည်။

၃။    ကော်ဖီသောက်သုံးခြင်းသည် စိတ်ဓာတ်ကျဆင်းခြင်းကို ဖြစ်ပေါ်တတ်သော်လည်း လက်ဖက်ရည်ကြမ်းမှာမူ ခန္ဓာကိုယ်နှင့် ဦးနှောက်ကို လန်းဆန်းတည်ငြိမ်စေပါသည်။

၎။    လက်ဖက်ခြောက်ထုပ်နှင့် ရေနွေးဆူဆူရှိရုံဖြင့် လက်ဖက်ရည်တစ်ခွက်ကို ကရိကထမများဘဲ လွယ်ကူ သက်သာရိုးရှင်းစွာဖြင့် ပြုလုပ်နိုင်ပါသည်။

၅။    လက်ဖက်ရည်ကြမ်းတွင် ကော်ဖီထက် ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ (antioxidants) ပိုမိုပါဝင်သည့် အတွက် လူကို တစ်နေကုန်လန်းဆန်းနေစေမည်ဖြစ်သည်။

၆။    လက်ဖက်ရည်ကြမ်းသောက်သုံးခြင်းဖြင့် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်များကို လှုံ့ဆော်ပေးသည့်အတွက် ကိုယ် အလေးချိန်ကိုလည်း လျော့ကျစေသည်။

၇။    လက်ဖက်ရည်ကြမ်းမှာ ကော်ဖီကဲ့သို့ သွားဝါခြင်းကိုမဖြစ်ပေါ်စေဘဲ သွားကြွေလွှာများကိုလည်း မပျက်စီး စေပါ။

၈။    သြစတြီးယားတွင် သုတေသနပြုလေ့လာချက်အရလည်း လက်ဖက်ရည်ကြမ်း ပုံမှန်သောက်သုံးခြင်းဖြင့် အရိုးးများ ပိုမိုသန်စွမ်းစေပြီး အရိုးပွရောဂါကိုလည်း ကာကွယ်ပေးကြောင်း တွေ့ရှိရသည်။

၉။    လက်ဖက်ရည်ကြမ်းသည် စိတ်ဓာတ်ကျဆင်းခြင်းကို ကာကွယ်ပေးကြောင်း သိပ္ပံနည်းကျသက်သေ ပြပြီးဖြစ် သည်။

၁၀။   လက်ဖက်ရည်ကြမ်းသောက်ခြင်းဖြင့် ရောဂါကာကွယ်နိုင်စွမ်းအားကိုလည်း မြှင့်တင်ပေးနိုင်ပါသည်။


Leave a Reply