ဆင်းမ်ကတ် မှတ်ပုံတင်ထားခြင်းရှိမရှိ စစ်ဆေးနိုင်

ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ Ooredoo ဟာ ၎င်းရဲ့ ဆင်းမ်ကတ်အသုံးပြုသူတွေကို ဆင်းမ်ကတ် မှတ်ပုံတင်ထားခြင်းရှိ၊ မရှိ အလွယ်တကူစစ်ဆေးဖို့ တိုက်တွန်းလိုက်ပါတယ်။

13912673_1385360494812808_7798117904076272394_n

*666# ခေါ်ဆိုပြီး ဆင်းမ်ကတ်မှတ်ပုံတင်ထားခြင်း ရှိ၊ မရှိကို စစ်ဆေးကြည့်ကြဖို့ Ooredoo က တိုက်တွန်း လိုက်တာပါ။ မှတ်ပုံတင်ထားခြင်းမရှိဘဲ အသုံးပြုနေတဲ့ ဆင်းမ်ကတ်တွေကို သက်ဆိုင်ရာ အော်ပရေတာတွေဆီမှာ သွားရောက်ပြီးတော့ မှတ်ပုံတင်ထားကြဖို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက ဩဂုတ်လ ၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။

ဆင်းမ်ကတ်ကို မှတ်ပုံတင်တော့မယ်ဆိုရင်တော့ အမည်၊ အဘအမည်၊ မွေးသက္ကရာဇ် (ရက်၊ လ၊ ခုနှစ်)၊ လူမျိုး / နိုင်ငံသား၊ ကျား/မ နဲ့ နေရပ်လိပ်စာတွေ လိုအပ်ပါတယ်။ မိတ္တူအနေနဲ့ကတော့ နိုင်ငံသားစိစစ်ရေးကတ်၊ ယာဉ်မောင်းလိုင်စင်၊ ကျောင်းသားကတ် အစရှိသည်တို့ကို အထောက်အထား တစ်ခုမဟုတ်တစ်ခု ပေးအပ်ရမှာပါ။

မှတ်ပုံတင်ထားခြင်းရှိ၊ မရှိ စစ်ဆေးတဲ့အခါမှာ အများစုက မှတ်ပုံတင်ပြီးသားဖြစ်တယ်လို့ ပြန်လည် အကြောင်း ကြားခြင်းခံခဲ့ရပေမယ့်လည်း အချက်အလက်တွေကတော့ အရောင်းဆိုင်တွေက ဖြည့်ပေးခဲ့ကြတာများတယ်လို့ သိရပါတယ်

Internet Journal

 


Leave a Reply