ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီညီလာခံ တက်ရောက်မည့်ကိုယ်စားလှယ်များနှင့်တွေ့ဆုံခြင်း

ဦးအောင်စိုး ပဲခူးခရိုင်ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ

• အခုလက်ရှိ ခရိုင်ဥက္ကဋ္ဌတာဝန်ဆို တော့ အရင်ပါတီမှာ ဘယ်အပိုင်းကဏ္ဍ ကနေတာဝန်ယူဆောင်ရွက်ခဲ့တယ်ဆိုတာ သိချင်ပါတယ်။
၁၉၉၃ ခုနှစ် ပြည်ခိုင်ဖြိုးအသင်း စဖြစ်ကတည်းက ပါဝင်ခဲ့ပါတယ်။ အဲဒီ အချိန်ကတည်းကနေစပြီး ခရိုင်အတွင်း ရေးမှူးတာဝန်ကိုယူခဲ့ရတာပါ။၂ဝ၁ဝရွေး ကောက်ပွဲအတွက်ပါတီကိုဖွဲ့စည်းတဲ့အချိန် မှာအတွင်းရေးမှူးတာဝန်ပါ။နောက်ထပ် ၂ဝ၁၅မှာအသစ်ပြန်လည်ဖွဲ့စည်းတဲ့ အချိန် မှာကိုယ့်ရဲ့ကော်မတီဝင်များကတင်မြှောက် လိုက်တဲ့အတွက်ကြောင့်ခရိုင်ဥက္ကဋ္ဌတာဝန် ကိုလျာထားခြင်းခံရတဲ့သူဖြစ်ပါတယ်။

• ပါတီညီလာခံကို မြို့နယ်၊ခရိုင်၊ တိုင်းဒေသကြီး အရွေးချယ်ခံကိုယ်စား ပြုကိုယ်စားလှယ်တွေ တက်ရောက်ရ တော့မယ်ဆိုတော့ အစ်ကိုတို့မျက်နှာစုံညီ ရွေးချယ်ပုံလေးတွေ ရှင်းပြပေးပါ။
ခရိုင်ကို ရွေးချယ်ဖို့အတွက် တစ်မြို့ နယ်ကို နှစ်ဦးနှုန်းပေးပါ။ မြို့နယ်က ကိုးမြို့နယ်ဆိုတော့ စုစုပေါင်း ၁၈ဦးပါ။ကျွန်တော်တို့ခရိုင်မှာက ကိုးဦးရှိပါတယ်။ မြို့နယ်တွေက ၁၈ဦးကလည်း မျက်နှာစုံ ညီဆိုရင် ဆန္ဒရှိတဲ့သူ ဝင်ရောက်အရွေး ချယ်ခံပါ။ အကယ်၍ ရွေးချယ်ပြီးရင် လက်လွှဲတာဝန်ထမ်းဆောင်ဖို့ပါ။ အခုရွေး ချယ်ခဲ့တဲ့မျက်နှာစုံညီပွဲဆိုရင်အဟောင်းက ခုနစ်ဦးပါ။အသစ်ကနှစ်ဦးပါပါတယ်။ ၂၄ဦးကမှအများဆန္ဒနဲ့ရွေးချယ်ခဲ့ပါတယ်။ ခရိုင်အနေနဲ့မြို့နယ်ကသူတွေလာဖို့ခဲယဉ်း ပါတယ်။မြို့နယ်ကဘာတွေအစွဲရှိလဲဆို တော့ကိုယ်နေတဲ့မြို့နယ်မှာပဲ တာဝန်ထမ်း ချင်ပါတယ်။ ကျွန်တော်တို့ ခရိုင်က အပို နေရာတစ်ခုလို့ထင်ပါတယ်။ အကြောင်း အရာတစ်ခုခုဖြစ်ပြီဆိုရင် ကျွန်တော်တို့က ရပ်ကျေးစည်းရုံးရေးမှူးတွေအထိဆင်းပြီး ရှင်းရပါတယ်။

• မျက်နှာစုံညီရွေးချယ်ပွဲတွေကနေ ရွေးချယ်လာတာဆိုတော့ လူငယ်ကဏ္ဍ၊ အမျိုးသမီးပါဝင်မှုကဏ္ဍတွေကို ဘယ်လို ဆောင်ရွက်ခဲ့ပါသလဲ။
ပါတီမှာရွေးချယ်ခြင်းဆိုင်ရာလုပ် ထုံးလုပ်နည်းညွှန်ကြားချက်တွေရှိပါတယ်။ ရှိတဲ့အခါမှာ လူငယ်တာဝန်ထမ်းဆောင် တဲ့နေရာမှာ အသက် ၄ဝ အောက် လူငယ် တွေပါဖို့ မြို့နယ်တွေနဲ့ညှိနှိုင်းရပါတယ်။ သူတို့ကလည်း ကြိုက်တဲ့သူကို ရွေးချယ် ပေးရပါတယ်။အမျိုးသမီးကဏ္ဍဆောင် ရွက်ဖို့ကျတော့သီးသန့်တင်ပြပြီး တောင်း ပေးရပါတယ်။ အရင်တုန်းက ခရိုင်မှာ အမျိုးသမီးနှစ်ဦးပါဝင်ပါတယ်။ အခု တော့ တစ်ဦးပဲပါဝင်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့အရည်အချင်းရှိပါတယ်။ သင် တန်းပို့ချတာတွေရှိပါတယ်။လူငယ်တွေနဲ့ ပတ်သက်ပြီး လူငယ်တွေကို နေရာပေးဖို့ စဉ်းစားပါတယ်။ခက်တာကလူငယ်တွေ ကရှေ့ကိုသိပ်မတက်ချင်ဘူးဖြစ်နေတယ်။

• လူငယ်တွေက ရှေ့ကို သိပ်မတက် ချင်ဘူးဆိုတာ ဘယ်လိုအကြောင်းအရာ ကို ပြောတာလဲခင်ဗျ။
ဘာလဲဆိုရင်ပါတီ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊တိုင်းအဆင့်ပဲဖြစ်ဖြစ် သူက တကယ့်နေရာရလာပြီဆိုရင် အများကြီး စွန့်လွှတ်ရပါတယ်။ကိုယ့်ရဲ့စီးပွားရေး၊လူမှု ရေးထဲထဲဝင်ဝင်သွားရင်ပျက်ကွက်မှုလေး တွေရှိတတ်ပါတယ်။လူငယ်တွေအနေနဲ့ က သူတို့မှာအကြောင်းတစ်ခုရှိပါတယ်။ ပညာတွေသင်ထားပြီးတော့ စားဝတ်နေ ရေးကိုပြန်ကြည့်နေရတဲ့အတွက်ကျွန်တော် တို့လို အသက်အရွယ်ကြီးပြီး အတည် တကျရှိမယ်ဆိုတဲ့သူတွေက ပြန်ပြီးတော့ ပေးတာ။လိုအပ်လို့ခေါ်ရင်တော့ အဲဒီလူ ငယ်တွေကဝိုင်းလုပ်တဲ့သဘောရှိတာပေါ့။

• ၂ဝ၁၅ခုနှစ်ရွေးကောက်ပွဲမှာ အများ ကြီးမကွာဘူးဆိုပေမဲ့ ရှုံးနိမ့်ခဲ့တယ်။ ပါတီညီလာခံပြီးရင် လာမယ့် ၂ဝ၂ဝ ရွေး ကောက်ပွဲကိုယှဉ်ပြိုင်ဖို့ ဘယ်လိုပြင်ဆင် သွားမလဲ။ ပါတီဝင်တွေရော ဘယ်လိုခွန် အားတွေပေးသွားမလဲဆိုတဲ့ မျှော်မှန်း ချက်လေးသိချင်ပါတယ်။
၂ဝ၁၅မှာ ရှုံးရတဲ့အကြောင်းက ကျွန် တော့်ဒေသလေးနဲ့ကွက်ပြီး တင်ပြချင် တာက ကျွန်တော့်ခရိုင်ထဲမှာ တကယ် စေတနာထားပြီး ထဲထဲဝင်ဝင်လုပ်တဲ့သူ တွေရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ပါတီဝင်တွေဟာ မိမိပါတီအမှန်တကယ် လုပ်ဆောင်ပေးနိုင်တာတွေ၊ ရည်မှန်း ထားတဲ့ရည်မှန်းချက်တွေကို ကိုယ့်ရဲ့ ပါတီဝင်ထဲမှာ ပြောဆိုမှုအားနည်းပါလိမ့် မယ်။ ပြည်သူလူထုထဲကိုလည်း ထဲထဲ ဝင်ဝင်မပြောနိုင်တဲ့အချက်တွေရှိပါတယ်။ အဲဒီအချက်တွေကြောင့် အဓိကကတော့ မီဒီယာပေါ့။ ကျွန်တော်တို့ဆီမှာ ကြည့် လိုက်ရင်ရှေ့ဆောင်ဂျာနယ်နဲ့ ပြည်ထောင် စုနေ့စဉ်နှစ်ခုပဲရှိပါတယ်။ ကျန်တဲ့ဘက် ကတော့များပါတယ်။ အဓိကကတော့ အောက်ခြေမှာ ဆောင်ရွက်နေတဲ့ ပါတီဝင် တွေဟာ ကိုယ်လုပ်တာကို သိဖို့လိုသလို ကိုယ်လုပ်တာကိုလည်း ပြောတတ်ဖို့လို ပါတယ်။ကျွန်တော်တို့ကြိုးစားခဲ့ပါတယ်။၂ဝ၁၅ရွေးကောက်ပွဲမှာ ကြေညာချက်စာ တမ်းဆိုတာရှိပါတယ်။ ကြေညာချက်ပါ အချက်များဟာလည်းနိုင်ငံနဲ့လူမျိုးအတွက် ကို များစွာအထောက်အကူဖြစ်စေမယ်။ ကိုယ့်ရဲ့ ပါတီဝင်အားလုံးဟာလည်း အဲဒီ ကြေညာစာတမ်းနဲ့ပြည်ထောင်စုကြံ့ခိုင်ရေး နဲ့ဖွံ့ဖြိုးရေးပါတီဖွဲ့စည်းပုံစည်းမျဉ်းများ ကဏ္ဍများကို ထဲထဲဝင်ဝင် ထိထိရာက် ရောက် စေတနာပါပါလေးနဲ့အကောင် အထည်ဖော်မယ်ဆိုရင် ပြည်သူများက ယုံ ကြည်လာလိမ့်မယ်လို့ ကျွန်တော်ထင်ပါ တယ်။

နေထက်ဝေ


Leave a Reply