ကျောင်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ ရေဘေးရှောင်ပြည်သူများသို့ ဆန်များလှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး ပုသိမ် ခရိုင် ကျောင်းကုန်းမြို့နယ် ပြည် ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးသိန်းထွန်းနှင့် ကျောင်း ကုန်းမြို့နယ်မဲဆန္ဒနယ် အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် ဒေါက်တာထိန်ဝင်းတို့ ဦးဆောင်၍ ကျောင်းကုန်းမြို့နယ် အတွင်းရှိ ရေကြီးနစ်မြုပ်သော ကျေးရွာများသို့ ကျေးရွာအုပ်စု တစ်အုပ်စုလျှင် ဆန်အိတ်ကိုးအိတ် နှုန်းဖြင့် ဗလီဒေါင့်၊တက်ဆိပ်၊ ဒိုး တန်း၊ လှေကွဲလဟာ၊ ပန်းတောရိုး၊ ကွမ်းခြံကုန်း၊ ဝက်ခြံဂရက်၊ ရေဂ လုပ်၊ဖုန်းဆိုးနှင့်ချောင်ကြီး ကျေးရွာ အုပ်စု စုစုပေါင်း ၁ဝအုပ်စုကို ဆန်အိတ်၉ဝလှူဒါန်းခဲ့ကြသည်။
ယမန်နေ့က ကျားကိုက် ချောင်းရွာ အုပ်စုအတွက်ရရှိသော ဆန်အိတ် ကိုးအိတ်ကို ကျားကိုက် ချောင်းရွာ၊ ဥယျာဉ်တန်းရွာ၊ကျုံတာ ရွာခွဲများရှိ ရေဘေးရှောင်ပြည်သူ အိမ်ထောင်စု ၈၂ စုကို အချိုးကျ ခွဲဝေ လှူဒါန်း ပေးခဲ့ကြသည်။

ဆက်လက်၍ ကျောင်းကုန်း မြို့နယ် ပြည်ခိုင်ဖြိုးအတွင်းရေးမှူး ဦးကျော်ဝင်းစိန်နှင့် အဖွဲ့ဝင်များက ရေဘေးရှောင်ပြည်သူများရှိရာသို့ သွားရောက်လှူဒါန်းပေးခဲ့ကြပြီး သဘာဝဘေးကွပ်ကဲမှုကော်မတီ သို့ဆန်အိတ် ၅ဝ လှူဒါန်းခဲ့သည်။

ရန်နိုင်(ကျောင်းကုန်း)


Leave a Reply