ဘိုလာဆီကို တန်ကြေး ပေါင်သန်း(၃၀)ဖြင့် အဲဗာတန်အသင်း ခေါ်ယူ
အဲဗာတန်အသင်းသည် ခရစ္စတယ်ပဲလေ့စ်အသင်း၏ DRကွန်ဂို တောင်ပံ ကစားသမား ဘိုလာဆီအား တန်ကြေး ပေါင်သန်း(၃၀)ဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။
အသက်(၂၇)နှစ်အရွယ်ရှိ ဘိုလာဆီအတွက် အဲဗာတန်အသင်းက ကနဦး ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်းဝန်းကျင် ပေးချေခဲ့ရပြီး စွမ်းဆောင်ရည်အပေါ် မူတည်၍ ပေါင်သန်း(၃၀)အထိ မြင့်တက် သွားနိုင်ကြောင်း သိရသည်။
အဲဗာတန်အသင်းသည် ဘိုလာဆီအား (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့သည်။
Photo: DailyMail