အိုလံပစ်ဆုတံဆိပ်အများဆုံး ဆွတ်ခူးရရှိသည့် ဗြိတိန်အားကစားသမားအဖြစ် ၀စ်ဂင်စ် စံချိန်တင်

13920412_1751260128460204_7012239988439381391_o

နာမည်ကြီးစက်ဘီးသမား ဘရက်ဒလေ၀စ်ဂင်စ်သည် ရီယိုအိုလံပစ်ပြိုင်ပွဲ Team Pursuit ပွဲစဉ်တွင် ရွှေတံဆိပ် ဆွတ်ခူးပြီးနောက် အိုလံပစ်ပြိုင်ပွဲတွင် ဆုတံဆိပ် အများဆုံးရ ရှိသည့် ဗြိတိန်အားကစားသမားအဖြစ် မှတ်တမ်းသစ် စိုက်ထူခဲ့သည်။

ဝစ်ဂင်စ်သည် အိုလံပစ်ပြိုင်ပွဲ ယှဉ်ပြိုင်သည့် (၅)ကြိမ်တွင် ရွှေ (၅)ခု၊ ငွေ(၁)ခု၊ ကြေး(၂)ခု ရရှိထားပြီး နာမည်ကြီး စက်ဘီးသမားဟောင်း ခရစ္စဟွိုင်း၏ ရွှေ(၆)ခု၊ ငွေ(၁) ခု စံချိန် ကို ကျော်လွန်သွားခဲ့ခြင်းဖြစ်သည်။

သို့သော် (၃၆)နှစ်အရွယ်ရှိ ၀စ်ဂင်စ် မှာ ခရစ္စဟွိုင်း၏ ဗြိတိန်အားကစားသမားများထဲမှ ရွှေတံဆိပ်အများဆုံးရ စံချိန်ကိုမူ လိုက်မီရန် ခဲယဉ်းသွားခဲ့ပြီဖြစ်သည်။

REF&Photo:AFP


Leave a Reply