ဝမ်းတွင်းပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပြည်သူ့ဆေးရုံတွင် အာဟာရတိုက်ကျွေး၊ ကျေးရွာ အမကကျောင်းများသို့ ဗလာစာအုပ်များလှူဒါန်း

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဒေါ်ခင်လှိုင်မြင့်၊ အတွင်းရေးမှူးဦးမျိုး မြင့်သိန်း၊မြို့နယ်ကော်မတီဝင်များ ဖြစ်ကြသည့်ဦးကျော်စွာမောင်(နယ် မြေမှူး)၊ ဦးဌေးရီ (နယ်မြေမှူး)၊ ဦးမောင်မောင်ချို၊ ဦးရန်မျိုးကျော်၊ ဦးကျော်ဟိန်း၊ ဦးစိုးဦးနှင့် ဒေါ်လှလှဝင်း၊ ရုံးအုပ်ကြီး ဦးမြင့်ဟံထွန်းတို့ လိုက်ပါလျက် ယခုလ ၈ရက် နံနက် ၆ နာရီက ဝမ်းတွင်းမြို့နယ် ပြည်သူ့ ဆေးရုံသို့ သွားရောက်ပြီးဆေးရုံတက်ရောက်နေသော လူနာ ၅ဝ၊ လူနာစောင့်များနှင့်ဆေးရုံရှိဝန်ထမ်းများအား ကြက်သားဆန်ပြုတ်ဖြင့် အာဟာရတိုက်ကျွေးမှုများ ပြုလုပ်ခဲ့သည်။

ထို့နောက် ဝမ်းတွင်းရဲစခန်းသို့ သွားရောက်ပြီးအချုပ်ခန်းရှိတရားခံ ၁၇ ဦးနှင့် တာဝန်ကျလုံခြုံရေးအဖွဲ့ ခုနစ်ဦး စုစုပေါင်း ၂၄ ဦးတို့အား ကြက်သား ဆန်ပြုတ်များ တိုက်ကျွေးသည်။

ဆက်လက်၍ နံနက် ၈ နာရီ တွင် ဖလန်ကန်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်း သား ၈၃ ဦးတို့အား တစ်ဦးလျှင် ဗလာစာအုပ် သုံးအုပ်နှုန်းဖြင့် ၂၄၉ အုပ်၊ မွန်းလွဲ ၁၂ နာရီခွဲတွင် ကုက္ကိုစုကျေးရွာအုပ်စုရှိ ကုက္ကိုစု အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား ၃၃ဦးတို့ကိုလည်း တစ်ဦးလျှင် သုံးအုပ်နှုန်းဖြင့် ဗလာ စာအုပ် ၉၉ အုပ်၊ မွန်းလွဲ ၂နာရီ မိနစ် ၂ဝ တွင် ကုန်းရွာကျေးရွာ အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား ၃ဝအား တစ်ဦးလျှင် သုံးအုပ်နှုန်းဖြင့် ဗလာစာအုပ် ၉ဝ တို့ကို ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။

The Union Daily


Leave a Reply