နယူးယောက်ရှိ JKF လေဆိပ်တွင် ပစ်ခတ်မှု ဖြစ်ပွားကြောင်း သတင်းကြောင့် ရုတ်ရုတ်သဲသဲဖြစ်

Untitled-1_2

အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ John F Kennedy (JFK) နိုင်ငံတကာ လေဆိပ်တွင် ပစ်ခတ်မှု တစ်ခု ဖြစ်ပွားကြောင်း သတင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ကြောင်း သိရသည်။ သို့သော် နယူးယောက် ရဲတပ်ဖွဲ့က လေဆိပ်တွင်း ပစ်ခတ်မှု ဖြစ်ပွားသည်ဆိုသည့် အထောက်အထား မတွေ့ရှိခဲ့ဟု ပြောကြားထားသည်။

JFKတွင် တစ်စုံတစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်ဆိုသော တိုင်ကြားမှု တစ်ခုကို လက်ခံရရှိခဲ့သည့်နောက် နယူးယောက် ရဲတပ်ဖွဲ့က ချက်ချင်း တုံ့ပြန်ခဲ့ပြီး လေဆိပ်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ နယူးယောက် ဆိပ်ကမ်း ရဲတပ်ဖွဲ့က လေဆိပ်၏ အဓိက ဝင်ပေါက် အမှတ် ၈ တွင် သေနတ်သံများ ကြားခဲ့ရကြောင်း သတင်းကို လက်ခံ ရရှိခဲ့သည်ဟု အတည်ပြုခဲ့သည်။ လက်ရှိတွင် အဆိုပါ တိုင်ကြားမှုနှင့် ပတ်သက်၍ စုံစမ်းနေဆဲဟု ဆိုသည်။

နယူးယောက် ရဲတပ်ဖွဲ့၏ အထူးစစ်ဆင်ရေး ယူနစ် အကြီးအကဲကလည်း JFKတွင် မည်သည့် ပစ်ခတ်မှုမျှ မဖြစ်ပွားခဲ့ဟု Twitterပေါ်တွင် ရေးသားထားသည်။ လေဆိပ်တွင် လုံခြုံရေး အဆင့်ကို ရုတ်တရက် မြှင့်တင် လိုက်ခြင်းကြောင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ ခရီးသည်များအတွက် အရှုပ်အထွေးများ၊ အဆင်မပြေမှုများ ကြုံလာသည်။ အမေရိကန် လေကြောင်းထိန်းသိမ်းရေးဌာန တာဝန်ရှိသူများက JFKတွင် လေယာဉ် ခရီးစဉ် အားလုံးကို နာရီပိုင်းမျှ ဆိုင်းငံ့စေခဲ့ကြောင်း အတည်ပြုခဲ့ပြီး လေဆိပ်သို့ ဦးတည်လာသည့် လေယာဉ်များကို နီးစပ်ရာ လေဆိပ်များထံ ပြောင်းလဲ ဆင်းသက်စေခဲ့ရသည်။ လေဆိပ်ကို ဦးတည်သည့် အဝေးပြေးလမ်းမ တစ်ခုကိုလည်း ပိတ်ထားလိုက်ရသည်။

ခရီးသည် အများအပြားသည် ပစ်ခတ်မှု ဖြစ်ပွားသည်ဟု ကောလာဟလ ထွက်ခဲ့သည့် ဧရိယာတွင် လုံခြုံမှု မရှိဟု ရဲများက လိုက်လံ နှိုးဆော် ပြောကြားသည့်နောက် အခြားနေရာသို့ ရွှေ့ပြောင်းခဲ့ရသည်။ နောက်ထပ် တစ်နာရီမျှ အကြာတွင် လေဆိပ်၏ အဓိကဝင်ပေါက် အမှတ် ၁ တွင်လည်း ပစ်ခတ်မှု ဖြစ်ပွားကြောင်း သတင်းမှားများ ထပ်မံ ပျံ့နှံ့လာသဖြင့် ယင်းနေရာမှ ခရီးသည်များကိုလည်း ရွှေ့ပြောင်းပေးခဲ့ရပြန်သည်။ ယခုဖြစ်ရပ်တွင် မည်သူတစ်ဦးမျှ ထိခိုက်မှု မရှိကြောင်းလည် နယူးယောက် ရဲတပ်ဖွဲ့က အတည်ပြု ကြေညာခဲ့သည်။

Ref: New York Times


Leave a Reply