ရေဘေးသင့်ကျေးရွာများ သောက်သုံးရေရရှိရေး ကြံခင်းပြည်ခိုင်ဖြိုးလှူဒါန်း

ကြံခင်းမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအနေ ဖြင့် မြို့နယ်အတွင်း ရေဘေးသင့် ပြည်သူများအတွက် အလှူငွေနှင့် စားသောက်ဖွယ်ရာများကို ပြည်သူများထံ လက်ရောက်လှူဒါန်း လျက်ရှိသည်။

29540236-13082016


ယမန်နေ့နံနက်ပိုင်းက ရေလယ် ကျွန်းကျေးရွာအုပ်စုတွင် ရေကြီးနစ်မြုပ်မှုကြောင့် ပိတ်ဆို့သွားသော ရေတွင်းရေကန်များ ပြန်လည်ဖော် ထုတ်ခြင်းနှင့် သောက်သုံးရေ ရရှိရေးအတွက် အလှူငွေကျပ်တစ်သိန်းခွဲ ကို ကျေးရွာတာဝန်ရှိသူများထံ မြို့နယ်ပါတီကော်မတီက လှူဒါန်း ခဲ့သည်။
အလားတူ ဆုံလဲကျေးရွာ အုပ်စုရှိ ရေဘေးသင့်ပြည်သူများ အတွက် ဆန်အိတ်များဝယ်ယူရန် ကျပ်တစ်သိန်းကိုပါ မြို့နယ်ပါတီ ရုံးခန်းတွင် တစ်ပါတည်းလှူဒါန်း ရာ တာဝန်ရှိသူများက လက်ခံရယူ လျက် ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။


Leave a Reply