မှော်ဘီတွင် ကျောင်းဆောင်သစ်ခြောက်ခု လှူဒါန်းပွဲ အခမ်းအနားကျင်းပ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ အလင်းရောင်ဖောင်ဒေးရှင်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းတို့ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် အရကျောင်းဆောင်သစ် ခြောက်ဆောင် ဆောက်လုပ်ရန်အတွက် လှူဒါန်းပွဲအခမ်းအနား ကို မှော်ဘီမြို့နယ် ရေသိုးဗမာကျေးရွာ အမကကျောင်းတွင် သြဂုတ် (၁၄) ရက် နံနက် (၉) နာရီက ကျင်းပခဲ့သည်။

34120520-14082016

အဆိုပါအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ နာယက ဦးစိန်တင်ဝင်း၊ တိုင်းဒေသကြီးပါတီ အတွင်းရေးမှူး ဦးသာဝင်းနှင့် ပြည်ခိုင်ဖြိုးပါတီ အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့ငြိမ်းချမ်းရေးနှင့် ဖံွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ အထွေထွေအတွင်းရေးမှူး Mr. Xu.Zhensui အဖွဲ့၊ အလင်းရောင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးနေလင်း၊ မှော်ဘီမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်း ဆရာဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အင်အား ၂ဝဝ ကျော် တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ဦးစိန်တင်ဝင်းက အဖွင့်အမှာစကားပြောကြား၍ Mr. Xu.Zhensui က လှူဒါန်းရခြင်းအကြောင်း ပြောကြားကာ မှော်ဘီမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ဥက္ကဋ္ဌ ဦးလှဦးကကျေးဇူးတင်စကား ပြောကြားခဲ့သည်။

ထို့နောက် ရေသိုးဗမာကျေးရွာအမကကျောင်းသား ကျောင်းသူလေးများအား ကျောပိုးအိတ်များ ဝေငှလှူဒါန်းခဲ့ ပြီး အလင်းရောင်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဦးနေလင်းက Mr. Xu.Zhensui နှင့်အဖွဲ့အားအမှတ်တရ လက်ဆောင်များပေးအပ်ကာအခမ်း အနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါလှူဒါန်းသည့်ကျောင်း ဆောင်သစ်ခြောက်ခုကို မှော်ဘီမြို့နယ်တွင် ရေသိုးဗမာကျေးရွာအမက၊ စွယ်တော်ကုန်းကျေးရွာအမက၊ ကျောက်ပုန်းကျေးရွာ အမကနှင့် ထန်းတပင်မြို့နယ်ညောင်ရိုးအထက၊ အရှေ့ကြို့ကုန်းအမကနှင့်ကြာအမ်း အမကကျောင်း အသီးသီးတွင် ကျောင်းဆောင်သစ်တစ်ခုစီ ဆောက်လုပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။

Union daily


Leave a Reply