အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်ပြည်တွင်းငြိမ်းချမ်းရေးအပေါ် ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ်ပါတီအတွင်းရေးမှူး ဦးထွန်းဟန်၏အမြင်

67095474-14082016

ဦးထွန်းဟန်ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး

• ဒီအစည်းအဝေးကို တက်လာတာက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ပြည် တွင်းငြိမ်းချမ်းရေးကို အကောင်အထည် ဖော်ဖို့ပါ။ ဒီနေ့ဒီအချိန်မှာ အင်မတန်မှ အရေးကြီးတဲ့ကိစ္စလည်း ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရကလည်း ၂၁ရာစုပင်လုံ ညီလာခံဆိုပြီးတော့ သွားနေတာဖြစ်ပါ တယ်။ လက်ရှိအစိုးရရဲ့ ၂၁ ရာစု ပင်လုံ ဆိုတာလည်း ဒို့တာဝန်အရေးသုံးပါးကို သွားနေတာလည်းဖြစ်ပါတယ်။ အရေး ကြီးဆုံးကတော့ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်နေတယ်လို့ ပဲမြင်ပါတယ်။ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေးကို တည်ဆောက်နိုင်မှ တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက် နိုင်မှာဖြစ်တဲ့အတွက် ကျွန်တော်တို့ပါတီ က လုပ်တဲ့ ဒီအလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာခြင်းပဲဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကိုတော့ တစ်နိုင်ငံလုံး က ပြည်သူတွေ လိုချင်နေမယ်ဆိုတာ အားလုံးအမြင်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ ဆွေးနွေးတဲ့အခါမှာ စိန်ခေါ်မှုအချို့ရှိနေ တာကိုလည်း တွေ့ရမှာပါ။ ပင်လုံစာချုပ် နဲ့ပတ်သက်လာရင်လည်း သဘောထား ကွဲလွဲမှုတွေ တွေ့ရမှာပါ။ တစ်လှေတည်း စီး တစ်ခရီးတည်းသွားနေတဲ့ ကျွန်တော် တို့ တိုင်းရင်းသားတွေဟာ We Are Myanmar ဆိုတဲ့စိတ်ဓာတ်တွေ ထားရှိဖို့ လည်းလိုပါတယ်။ နိုင်ငံကြီးသားပီသတဲ့ စိတ်ဓာတ်တွေ တစ်ဦးကိုတစ်ဦး ချစ်ချစ် ခင်ခင်ဖြစ်တဲ့ စိတ်ဓာတ်တွေ ထားရှိဖို့ လည်းလိုအပ်ပါတယ်။ ရိုးသားဖြူစင်တဲ့ ကျွန်တော်တို့တွေကို တန်းတူညီမျှတဲ့ နိုင်ငံရေးပေါ်လစီတွေ ချမှတ်မယ်ဆိုရင် မအေးချမ်းစရာ ဘာမှမရှိပါဘူး။
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ မားမား မတ်မတ် ရပ်တည်လာတာကတော့ ဒို့တာဝန်အရေးသုံးပါး ဖြစ်ပါတယ်။ ဘယ်အစိုးရပဲ တက်လာတက်လာ ဒို့ တာဝန်အရေးသုံးပါးကို ဆောင်ရွက်ဖို့ လိုပါတယ်။ မိုင်ဂျာယန်မှာ ဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း ခွဲထွက်ဖို့မရှိဘူးဆိုတာ သိရပါတယ်။ တချို့တိုင်းရင်းသားတွေက ပင်လုံဆိုရင် ခွဲထွက်ဖို့ဆိုတာ မြင်ထားတာတွေရှိပါ တယ်။ အမှန်တော့ ပင်လုံဟာ ခွဲထွက်ဖို့ အချက်အလက်တစ်ခုမှမပါပါဘူး။ ပင်လုံ စာချုပ်ကိုးချက်ကို ပြန်ကြည့်ရင် သိသာ မှာဖြစ်ပါတယ်။

ကျွန်တော်တို့ပါတီက သမ္မတဖြစ်ခဲ့ တုန်းက ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး NCA ဆိုတာ လုပ်ပြီးသားဖြစ်ပါတယ်။ ဆွေးနွေးပွဲ ရက်ပေါင်း ၁၄၅ဝ လောက်နဲ့ ဆွေးနွေးပွဲပေါင်း ရာချီလုပ်ပြီးသားဖြစ်ပါ တယ်။ တိုင်းရင်းသားတွေနဲ့ စိတ်ရှည် လက်ရှည် ဆွေးနွေးခဲ့တာလည်းဖြစ်ပါ တယ်။ အကဲဆတ်တဲ့ နိုင်ငံရေးကိုသွား မယ်ဆိုရင် ဒီ ၂၁ ပင်လုံဆိုတာကြီးကို တချို့ပြည်သူတွေက စိုးရိမ်နေတာတွေ ရှိပါတယ်။ ၁ဝ၄ ချက်ပါတဲ့ NCA စာချုပ်နဲ့ပဲသွားသင့်ပါတယ်။ ငြိမ်းချမ်း ရေးကို အများကြီးအထောက်အကူပြုနိုင် လိမ့်မယ်လို့လည်းထင်ပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီ ၂ဝ၁၅ ရှုံးရတဲ့အကြောင်းတွေက များပါတယ်။ အခြေအနေအချိန်အခါအရ လူထုရဲ့အဆင့်အတန်းက အရေးကြီးပါ တယ်။ အချို့ကတော့ အကောင်းမြင်ပေ မယ့် အချို့ကတော့ သူရဲ့ဘဝအဆင်မပြေ တိုင်း တရားဥပဒေကို ကျူးလွန်တိုင်း အစိုးရတွေကို ပုံချတာပဲတွေ့ရပါတယ်။ လူတော်တွေနဲ့ဖွဲ့စည်းထားတယ်၊ မူဝါဒ တွေလည်းကောင်းမွန်တဲ့ ပြည်ခိုင်ဖြိုး ပါတီဟာ နယ်အရပ်ရပ် မြို့နယ်အသီးသီး မှကြည့်မယ်ဆိုရင် လူတော်လူကောင်း ကိုယ်စားလှယ်တွေကို ဝင်ရောက်အရွေး ချယ်ခံတာဖြစ်ပါတယ်။ တချို့နေရာတွေ မှာ ရှုံးနိမ့်သွားတာ ကိုယ်စားလှယ်ကြောင့် မဟုတ်ပါဘူး။ အရည်အချင်းမရှိတဲ့ ပုဂ္ဂိုလ်တွေ ဝင်ပြိုင်တာတောင် နိုင်တာကို တွေ့ရမှာပါ။ ပါတီတစ်ခုရဲ့ ဟော့နေတဲ့ အနေအထားမျိုးကြောင့်လည်း ဖြစ်ပါ တယ်။ ပြည်ခိုင်ဖြိုးပါတီ နိုင်ခဲ့တုန်းက အောက်ခြေမြို့နယ်အသီးသီးကလူတွေ က အောက်ခြေအုပ်ချုပ်ရေးတွေမှာ ဝင်ရောက်ကိုင်တွယ်ပြီးတော့ ပြည်ခိုင်ဖြိုး ပါတီရဲ့အခန်းကဏ္ဍ ပျောက်ဆုံးနေတာ တွေ့ရမှာဖြစ်ပါတယ်။ ပြည်ခိုင်ဖြိုးပါတီ ဟာ နိုင်ခဲ့ရဲ့သားနဲ့ ဘယ်အခမ်းအနား ဘယ်အဖွဲ့၊ ဘယ်ပွဲမှာမှ ပါဝင်ခွင့်မရှိ ခဲ့ဘူး။ နိုင်ငံရေးလုပ်ချင်လို့ ပါတီထောင် တာဖြစ်ပေမယ့် ပါဝင်နိုင်တဲ့အခန်းကဏ္ဍ မရှိသလောက်ဖြစ်ခြင်းဟာလည်း ရှုံးနိမ့်ရ ခြင်းရဲ့ အကြောင်းတရားတစ်ခုဖြစ်တယ် လို့လည်းမြင်ပါတယ်။

ရကောက်


Leave a Reply