ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသိန်းစိန်အား တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံတကာဆက်ဆံရေး ဌာန ဝန်ကြီးနှင့်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်အား တရုတ် ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာဆက်ဆံရေး ဌာနဝန်ကြီး H.E.Mr.Song Tao ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သြဂုတ်လ (၁၁) ရက် ညနေ ၅နာရီတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံသည်။

_DSC1376

တွေ့ဆုံပွဲတွင်နှစ်နိုင်ငံဆက်ဆံ မှု ပိုမိုတိုးမြှင့်သွားရေး၊ နှစ်နိုင်ငံ ပါတီအချင်းချင်း ဆက်ဆံရေးနှင့် ချစ်ကြည်ရေး ကိစ္စများ တိုးမြှင့် ဆောင်ရွက်ရေး၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများ အတူလက်တွဲ ဆောင်ရွက် သွားရေး ကဏ္ဍစုံနယ်ပယ်အသီးသီးတွင် အတူပူးပေါင်းဆောင်ရွက်သွားရေး ကိစ္စများကို ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့်အတူ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း၊ တွဲဖက် အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်းနှင့် ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင်များတက်ရောက်ကြပြီး တရုတ်ကွန်မြူနစ် ပါတီမှ နိုင်ငံတကာ ဆက်ဆံရေးဌာန ဝန်ကြီး H.E.Mr. Song Tao ၊ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး H.E.Mr. Hang Liang ၊ နိုင်ငံတကာ ဆက်ဆံရေး ဒုတိယညွှန်ကြားရေးမှူးချုပ် Mme.Roa Huihua နှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အေးကိုကို


Leave a Reply