အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းအား တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီး H.E Mr. Song Tan နှင့်အဖွဲ့ လာရောက်တွေ့ဆုံ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်း ဦးဆောင်သော ဗဟိုအလုပ် အမှုဆောင်အဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၊ ဗဟိုကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးဌာန ဝန်ကြီး    H.E Mr. Song tan ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ဝင်များနှင့် ယနေ့ (၁၂- ၈ -၂၀၁၆) နံနက်ပိုင်း (၁၁၀၀) ချိန်မှ (၁၂၁၅) ချိန်ထိ နေပြည်တော် မြတ်တော်ဝင်ဟိုတယ်တွင် တွေ့ဆုံခဲ့ပါသည်။

13987408_416514465190353_6270765382280401091_o

တွေဆုံပွဲတွင် ပါတီအထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းမှ ပြောကြားရာတွင် တရုတ်ကွန်မြူနစ်ပါတီနှင့် ပြည်ခိုင်ဖြိုး ပါတီတို့သည် ရှေးယခင်ကတည်းက ဆွေမျိုးပေါက်ဖေါ် ဆက်ဆံရေးသည် ယနေ့အချိန်ထိ အဓွန့်ရှည် တည်တံ့လျက်ရှိပါကြောင်း၊ ဆက်လက်ပြီလည်း ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပါတီချင်းလည်း ဆက်ဆံရေး တိုးမြှင့်သွား မည့်အပြင် လူငယ်ကဏ္ဍ၊ အမျိုးသမီးကဏ္ဍနှင့် အပြန်အလှန် သင်တန်းများစေလွှတ်ခြင်း၊ ပို့ချပေးခြင်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။

တရုတ်ပြည့်သူ့သမ္မတနိုင်ငံ ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာ ဆက်ဆံရေးဌာနဝန်ကြီး H.E Mr. Song Tan မှ ပြောကြား ရာတွင် ပြည်ခိုင်ဖြိုးပါတီသည် မြန်မာနိုင်ငံရေးဖြစ်စဉ်တွင် အရေးကြီးသောနိုင်ငံရေးပါတီတစ်ခု ဖြစ်ပါကြောင်း၊ တရုတ် ကွန်မြူနစ်ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီသည် ရှေးယခင်ကတည်းက ရင်းနှီးစွာဆက်ဆံမှု များစွာရှိပါကြောင်း၊ နောင်တွင် လည်း ပြည်ခိုင်ဖြိုးပါတီနှင့် တရုတ်ကွန်မြူနစ်ပါတီတို့ ယခုထက်ပိုမို ပူးပေါင်းလုပ်ဆောင်သွားမည်ဖြစ်ပါကြောင်း စသည်ဖြင့် နှစ်ဖက်ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါတွေ့ဆုံပွဲသို့ ပြည်ခိုင်ဖြိုးပါတီအထွေထွေအတွင်းရေးနှင့်အတူ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးခင်ရီ၊ ဦးစိုးနိုင်၊ ဦးအောင်ထွန်း၊ ဦးမောင်မောင်ဆွေ၊ ဗဟို အတွင်းရေးမှူး ဦးပိုက်ထွေး၊ ဒေါ်ဝင်းမော်ထွန်းနှင့် တာဝန်ရှိသူများ၊ တရုတ်ကွန်မြူ နစ်ပါတီမှ H.E Mr. SangTao, တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး H.E Mr. Phang Liung , အဖွဲ့ဝင်များ အဖြစ် Mrs Ruo Pluihua,Mr Pieng Xinhun,Mrs Du Dingding ,Mrs Waing Suqi အပါအ၀င် (၉)ဦး တတ်ရောက်ခဲ့ပါသည်။

၎င်းနောက် ပါတီအထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းမှ တရုတ်ကိုယ်စားလှယ်အဖွဲ့အား နေလည်စာဖြင့် တည်ခင်း ဧည့်ခံခဲ့ကြောင်း သတင်းရရှိပါသည်။


Leave a Reply