လစဉ်ပါတီပုံမှန်အစည်းအဝေးနှင့် လုပ်ငန်းစဉ်များဆွေးနွေး

ပဲခူးတိုင်းဒေသကြီး သာယာ ဝတီခရိုင် ဇီးကုန်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး ခန်းမဆောင်၌ သြဂုတ်လ (၁၁) ရက် နံနက် ၉ နာရီတွင် မျက်နှာစုံညီလစဉ်ပုံမှန် အစည်းအဝေး ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် တိုင်းပါတီ ကော်မတီဦးသန်းဇော်ထွန်းက မိမိတို့ပါတီအကြောင်း သိကောင်းစရာများကို ဆွေးနွေး၍ သာယာဝတီခရိုင်ကော်မတီ ဘဏ္ဍာရေးမှူး ဦးအောင်မိုးဦးက မိမိတို့ပါတီ၏ ဖွဲ့စည်းပုံနှင့် လုပ်ဆောင်ချက်များကို လည်းကောင်း၊ မြို့နယ်ပါတီဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထူးခိုင်ကပါတီ၏ ရှေ့လုပ်ငန်းစဉ်များ၊ သင်ခန်းစာယူ ရမည့် အသေးစိတ်အချက်အလက်များ၊ ယုံကြည်ချက်များကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါလစဉ်ပုံမှန်အစည်းအ ဝေးကို ပဲခူးတိုင်းဒေသကြီးတိုင်း ကော်မတီဝင် ဦးသန်းဇော်ထွန်း၊ ခရိုင်ကော်မတီ ဘဏ္ဍာရေးမှူး ဦးအောင်မိုးဦး၊မြို့နယ်ပါတီ ဥက္ကဋ္ဌ တိုင်းဒေသကြီး လွှတ်တော်ကိုယ် စားလှယ် ဦးထူးခိုင်၊ အတွင်း ရေးမှူး ဦးကျော်မင်းထွန်းနှင့် မြို့ နယ်ကော်မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာမှစည်းရုံးရေးမှူးများ၊အရန် ကော်မတီ အဖွဲ့ဝင်များ တက်ရောက် ကြကြောင်း သိရသည်။

စိုးသစ္စာ(ဇီးကုန်း)


Leave a Reply