ရုရှားအကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေသစ်ကို လူရာနှင့်ချီ၍ ဆန္ဒပြ

Russian activists demonstrate during a rally against legislation created by Russian State Duma deputy Irina Yarovaya, also known as the "Yarovaya Law," on August 9, 2016 in Moscow. Known as the "Yarovaya Law," the new law created by Russian State Duma deputy Irina Yarovaya makes it a crime not to report information about terrorist attacks, requires telecom companies to assist the government in breaking encrypted informaton, and also increases the penalty for “extremism” from four to eight years of imprisonment. / AFP PHOTO / VASILY MAXIMOV

(AFP)

 ရုရှားနိုင်ငံ မော်စကိုမြို့၌ ရာနှင့်ချီသော လူများသည် သမ္မတဗလာဒီမာပူတင် အတည ပြုလိုက်သော အကြမ်းဖက်မှု နှိမ်နင်းရေး ဥပဒေသစ်ကို သြဂုတ် ၉ ရက်တွင် ဆန့်ကျင်ဆန္ဒပြခဲ့သည်။

ယင်းဥပဒေသည် အခြေခံ လွတ်လပ်ခွင့်များကို ထိန်းချုပ်မည်ဖြစ်ပြီး အာဏာပိုင်များအနေဖြင့် ၎င်းတို့နှင့် သဘောထား ကွဲလွဲမှုကို ထိန်းချုပ်ရန် ပိုမိုလွယ်ကူမည် ဖြစ်သည်။ မော်စကိုမြို့ရှိ Sokolniki ဥယျာဉ်၌ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူများသည် ဥပဒေသစ်ကို ဝေဖန်သော မိန့်ခွန်းများ ပြောကြားခဲ့သည်။

၂၀၁၁-၂၀၁၂ တွင် သမ္မတပူတင်အပေါ် ဆန့်ကျင်ဆန္ဒပြခဲ့သည့်အတိုင်း ယခုအချိန်တွင်လည်း ဆန္ဒပြရန် အတိုက်အခံ ခေါင်းဆောင် အလက်စီနာဗယ်နီ က ပြောကြားခဲ့သည်။ အစိုးရက ခွင့်ပြုသော အဆို ပါ ဆန္ဒပြပွဲ၌ ရဲတပ်ဖွဲ့လုံခြုံရေး ပေးခဲ့သည်။ ရုရှားအစိုးရကို လိုလားသည့် United Russia မှ ပါတီလွှတ်တော်အမတ် အာရီနာယာရိုဗာယာ ရေးဆွဲ တင်ပြသော အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေသစ်ကို ဇူလိုင်လတွင် သမ္မတပူတင်က လက်မှတ်ရေးထိုးခဲ့သည်။

 အဆိုပါ ဥပဒေသစ်သည် အကြမ်းဖက်မှုအတွက် ပြစ်ဒဏ်များကို တင်းကျပ်ထားပြီး ကြီးလေးသော ရာဇ၀တ်မှုကို အကြောင်းကြားရန် ပျက်ကွက်မှုအတွက် ထောင်ဒဏ်များ ချမှတ်သွားမည်ဖြစ်သည်။ ထို့အပြင် ယင်းဥပဒေအရ အကြမ်းဖက်မှုနှင့် ဆက်နွှယ်သော အသက် (၁၄)နှစ်အရွယ်များကို ပင် တရားစွဲဆိုနိုင်မည် ဖြစ်သည်။

ဆက်သွယ်ရေးလုပ်ငန်းများ အနေဖြင့် ၎င်းတို့ကွန်ရက် အသုံး ပြုသူများ၏ ဖုန်းခေါ်ဆိုမှုများ၊ ဓာတ်ပုံများနှင့် စာများကို နှစ်ဝက်ခန့် သိမ်းဆည်းထားရမည်ဖြစ်သည်။ တက်ကြွလှုပ်ရှားသူများက ယင်းပြောင်းလဲမှုများကို ဖိနှိပ်မှုဟု ခေါ်ဆိုပြီး စက်တင်ဘာတွင် ကျင်းပမည့် ပါလီမန် ရွေးကောက် ပွဲမတိုင်မီ အစိုးရက ပြိုင်ဘက်များကို ဖိနှိပ်ရာ၌ အသုံးပြုနိုင်သည် ဟု ပြောသည်။

ရုရှားအကြမ်းဖက်မှုနှိမ်နင်းရေး ဥပဒေသစ်သည် အလွန်ပြင်းထန်သည်ဟု နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ပြောသည်။

—Ref: Reuters


Leave a Reply