ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးအား ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ပြင်ပ ဆက်သွယ်ရေးကော်မရှင်၏ ဒုတိယဥက္ကဌ H.E Nguyen Huy Tang လာရောက်တွေ့ဆုံ

          ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးအား ဗီယက်နမ်ကွန်မြူနစ်ပါတီ၊ ပြင်ပဆက်သွယ်ရေးကော်မရှင်၏ ဒုတိယဥက္ကဌဖြစ်သူ H.E Nguyen Huy Tang နှင့်အဖွဲ့သည် ၂ဝ၁၆ ခုနှစ်၊ သြဂုတ်လ ၁၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်တွင် ရန်ကုန်မြို့ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်ရုံး ဧည့်ခန်းမသို့ လာရောက် တွေ့ဆုံသည်။

IMG_0433(1)

          တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဌ ဦးဌေးဦးနှင့်အတူ ပါတီဗဟိုအလုပ်မှုဆောင် ဦးနန္ဒကျော်စွာ၊ ရန်ကုန်တိုင်း ဒေသကြီး ဗဟိုကော်မတီဝင်များဖြစ်ကြသော ဦးစိန်တင်ဝင်း၊ ဦးသာဝင်း၊ တိုင်း ပါတီနာယက ဦးနေဝင်းဆွေ၊ တိုင်းပါတီကော်မတီဝင်များဖြစ်ကြသော ဒေါ်သင်းသင်းမိုးနှင့် ဦးတင်လှိုင်တို့ တက်ရောက်ပြီး ဗီယက်နမ်ကွန်မြူနစ် ပါတီမှ အရှေ့တောင် အာရှနှင့် တောင်ပစိဖိတ်ရေးရာဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Ms. Man Huyen Sam ၊ အထွေထွေ လေ့လာရေးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး Ms. Ho Thi Thanh True ၊ အရှေ့တောင်အာရှနှင့် တောင်ပစိဖိတ်ရေးရာဌာနမှ အရာရှိဖြစ်သူ Mr. Nguyen Tuan Minh နှင့် ပြင်ပဆက်သွယ်ရေးကော်မရှင် ရုံးမှ အရာရှိ Mr. Nguyen Van Phuc တို့တက်ရောက်ကြသည်။

          ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံ နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်စေရေးနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက်စေရေးအတွက် ဗီယက်နမ်ကွန်မြူနစ်ပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့အကြား ရှိပြီးသားဆက်ဆံရေးကို ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်နိုင်ရေး ဆွေးနွေးကြ ကြောင်း သတင်းရရှိပါသည်။


Leave a Reply