ရေဘေးရှောင်ပြည်သူများအား ပြည်ခိုင်ဖြိုးပါတီမှ ဆန်အိတ်များလှူဒါန်း

အုတ်ဖိုမြို့နယ် မှက္ကဒန်ကျေးရွာတွင် ယခုလ ၈ ရက် မွန်းလွဲ ၂ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ရေဘေးရှောင် ပြည်သူများအား ဆန်အိတ်များ လှူဒါန်းခဲ့သည်။

အဆိုပါလှူဒါန်းမှုတွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌဦးတင်ထွေးနှင့်အဖွဲ့က မှက္ကဒန်-တက်ဆွဲပန်းတာပေါ်၌ ရွှေ့ပြောင်းနေထိုင်ကြသည့် ရေဘေးရှောင်အိမ်ထောင်စု ၄၅ စုမှ လူဦးရေ ၁၇၇ ဦးအတွက် ဆန် ၁ဝ အိတ် တန်ဖိုးငွေကျပ် ၂၃ဝဝဝဝ အား လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်သူ(အုတ်ဖို)


Leave a Reply